မာတိကာသို့ ခုန်သွားရန်

ကိန်းမျဉ်း

ဝီကီပီးဒီးယား မှ
ကိန်းမျဉ်းပုံ
ကိန်းမျဉ်းပုံ
ကိန်းမျဉ်း (number line) ပုံ။ (ရှေ့တိုးခြင်းနှင့် နောက်ဆုတ်ခြင်းသာ ပြုလုပ်နိုင်သဘော ရှိ၍) အလျားသဘော တစ်မျိုးတည်းသာ ရှိသဖြင့် ဤသို့ကိန်းမျဉ်းတကြောင်းသည် တိုင်းကြောင်း (ဒိုင်မန်းရှင်း) ၁ ခုတည်း ရှိမှု၊ ရှိသည့်အခြေအနေအဖို့ သာဓက ဖြစ်၏။ အနီနှင့် ပြထားသည်မှာ ကိန်းမျဉ်းပေါ်၌ အမှတ်တခုက ဘယ်ယက်သို့ ပိုကျခြင်းသည် တန်ဖိုးအားပိုနည်းခြင်းးကို ဆိုလိုကြောင်း ပြသထားခြင်း။

ကိန်းမျဉ်း (အင်္ဂလိပ်: number line) ဆိုသည်မှာ ပုံစံမှာ အမှတ်များကို အလျားလိုက်စုစည်းထားမှု ဖြစ်သည့် မျဉ်းတစ်ခုသဖွယ် ဖြစ်ပြီး၊ ဤကိန်းမျဉ်းပေါ်ရှိ အမှတ် (point နေရာ)တိုင်းသည် ကိန်းစစ်တန်ဖိုး တခုစီနှင့် သဘောချင်းတူ ကိုယ်စားပြုနေမည်၊ (အပြန်အလှန်အားဖြင့်) သင်္ချာ၏ ကိန်းစစ်တိုင်းအတွက်လည်း ဤကိန်းမျဉ်းပေါ်၌ အမှတ်တခု ရှိနေမည်။[၁] အရိုးရှင်းဆုံးသော ကာတက်စီးယန်း အမှတ်ချအိမ် အဖြစ် တိုင်းကြောင်း ၁ခုတည်း ရှိနေခြင်းနှင့် သဘောချင်းတူသည်။

ကိန်းမျဉ်းပေါ်ရှိ မည်သည့် အမှတ် ၂ခုအဖို့မဟူ၊ ညာဘက်သို့ ပိုကျသော အမှတ်က ကိုယ်စားပြုတန်ဖိုး ပမာဏ ပိုများလျက် တန်ဖိုးပိုကြီး (greater ဖြစ်)၏။ ကိန်းမျဉ်းပေါ်တွင် ဘယ်ဘက် ပိုကျသော အမှတ်၏ တန်ဖိုးက ပိုငယ် (less ဖြစ်)၏။

အကိုးအကား[ပြင်ဆင်ရန်]

  1. Stewart၊ James B.; Redlin၊ Lothar; Watson၊ Saleem (2008)။ College Algebra (5th ed.)။ Brooks Cole။ pp. 13–19။ ISBN 978-0-495-56521-5