အိုလံပစ် အားကစားပွဲတော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အိုလံပစ်အထိမ်းအမှတ် တံဆိပ်

အိုလံပစ် အားကစားပွဲတော်သည် အပြည်ဆိုင်ဆိုင်ရာမှ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်း မျိုးစုံပါဝင်သည့် ကစားပွဲကြီးတစ်ခုဖြစ်သည်။ အိုလံပစ်အားကစားပွဲအား ကာလအပိုင်းအခြား နှစ်ခုဖြင့်ရှုမြင်နိုင်သည်။ ၎င်းတို့မှာ ဂရိလူမျိုးတို့၏ မူလပထမရှေးဟောင်း အိုလံပစ်ပွဲနှင့် ဒုတိယတစ်မျိုးမှာ ယခုနိုင်ငံတကာမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ခေတ်ပေါ်အိုလံပစ် အားကစားပွဲတို့ ဖြစ်ကြသည်။ ပထမဆုံးခေတ်သစ် အိုလံပစ်ပွဲအား ၁၈၉၆ တွင်ဂရိနိုင်ငံ အေသင်မြို့တွင် စတင်ကျင်းပခဲ့သည်။ ခေတ်သစ် အိုလံပစ်အားကစားပွဲတွင် နွေရာသီအိုလံပစ်ပွဲတော် နှင့် ဆောင်းရာသီအိုလံပစ် ပွဲတော်တို့ ပါဝင်သည်။ ပါရာလံပစ် (paralympic) နှင့် လူငယ်အိုလံပစ်ပြိုင်ပွဲများသည်လည်း ခေတ်သစ်အိုလံပစ်ပြိုင်ပွဲများ၏ တစိတ်တဒေသ အဖြစ်ကျင်းပကြသည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (I.O.C) အား ၁၈၉၄ တွင်ပြင်သစ်လူမျိုး ဗဲရွန်ဘွဲ့ရ ပီယဲကူဗာတင်(Baron de Coubertin) က စတင်တည်ထောင်ခဲ့သည်။ သူ၏ အမြင်မှာ ကမ္ဘာတစ်ဝှမ်းရှိ အပျော်တမ်း အားကစားသမားများအား ပြိုင်ပွဲအမျိုးမျိုးတွင် ဝင်ရောက် ယှဉ်ပြိုင်ကြစေရန်ဖြစ်သည်။ အပျော်တမ်း အားကစားသမားများအား ယှဉ်ပြိုင်စေခြင်းမှာ စပွန်ဆာများ၏ ဖိအားမှ ကင်းလွတ်၍လည်းကောင်း နိုင်ငံရေးဖိအားများမှ ကင်းလွတ်၍ သန့်ရှင်းသောအားကစားနည်းများ ပိုမိုတိုးတက် လာစေရန်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ အားကစားနည်းများအားလည်း ထည့်သွင်းကျင်းပလာခြင်းဖြင့် အားကစားနည်းများစွာလည်း ပါဝင်လာသည်။ အိုလံပစ်ပွဲတော်ကြီးသည် နိုင်ငံရေးဆန္ဒပြမှုများ၊ တားမြစ်ဆေးသုံးစွဲမှုများ၊ အကြမ်းဖက်ခြင်းများ စသည့်စိန်ခေါ်မှုများစွာအား ရင်ဆိုင်ခဲ့ရသည်။ သို့သော် ကူဗာတင်၏ လက်ထက်မှစ၍ ထိုစိန်ခေါ်မှုများအား အရှုံးမပေးပဲ ဖြေရှင်းလာကာ ယခုအချိန်ထိ အိုလံပစ်ကော်မတီသည် ရှင်သန်ဖွံ့ဖြိုးနေဆဲဖြစ်သည်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစမှ စတင်ကာ အားကစားနည်း ကိုယ်စားပြု သင်္ကေတများနှင့် ဆောင်ပုဒ်၊ စာတန်းများအား ထည့်သွင်းအသုံးပြုလာခဲ့ကြသည်။ ရိုးရာယဉ်ကျေးမှုများအားလည်း ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားများတွင် ပွဲတော်ကျင်းပသည့် အိမ်ရှင်နိုင်ငံများမှ ဖော်ထုတ်တင်ဆက်ကြသည်။ အိုလံပစ်ပွဲတော်၏ အဓိကဆောင်ပုဒ်မှာ

  • citius(ပို၍မြန်သော)
  • Altius (ပို၍မြင့်သော)
  • Fortius(ပို၍သန်သော) ဟူ၍ဖြစ်သည်။[၁]

ခေတ်သစ်အိုလံပစ်ပွဲတော်၏ လက္ခဏာရပ်များ[ပြင်​ဆင်​ရန်​]

နှစ်ပေါင်း ၁၅၀ဝ ကျော် တိမ်မြုပ်နေသော အိုလံပစ်ပွဲတော်အား ပြင်သစ်လူမျိုး ပီယဲကူဗာတင်၏ ကြိုးစားစွမ်းဆောင်မှုဖြင့် ပြန်လည်ဖေါ်ထုတ်နိုင်ခဲ့သည်။ ၁၈၉၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို စတင်တည်ထောင်နိုင်ခဲ့ပြီး ခေတ်သစ်အိုလံပစ် စည်းမျဉ်းများအား ပြဋ္ဌာန်းခဲ့သည်။ ထိုစဉ်ကချမှတ်ခဲ့သော စည်းမျဉ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

အိုလံပစ်စည်းမျဉ်းများ[ပြင်​ဆင်​ရန်​]

  1. အိုလံပစ်ပွဲတော်ကို လေးနှစ်တစ်ကြိမ်ကျ ကျင်းပပြုလုပ်ရမည်။ ပါဝင်ယှဉ်ပြိုင်သော အားကစားသမားများသည် ကြေးတန်းစားများ မဖြစ်စေရ၊ ဝါသနာအလျောက် အပျော်တမ်း ယှဉ်ပြိုင်သူများသာ ဖြစ်ရမည်။ လူမျိုးမရွေးယှဉ်ပြိုင်နိုင်ခွင့် ရှိရမည်။
  2. အိုလံပစ်ပွဲတော်တိုင်းကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ကြီးမှုးကျင်းပရမည်။
  3. အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို မြို့တော်တစ်ခုခုတွင် မြို့တော်တရားသူကြီးချုပ် သို့မဟုတ် မြူနီစီပယ်ဥက္ကဌ၏ တောင်းဆိုချက်အရ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ရွေးချယ်ရမည်။
  4. အားကစားပွဲတော်ကို ရာသီအလိုက်ကျင်းပပြုလုပ်ပေးရမည်။
  5. နိုင်ငံတိုင်းတွင် အမျိုးသားအိုလံပစ်အသင်းမှ ဦစီး၍ ပြိုင်ပွဲများကျင်းပပေးရမည်။ နိုင်ငံ၏အားကစား စိတ်ဓါတ်ကို တိုးမြှင့်ပေးရမည်။
  6. ယှဉ်ပြိုင်သူသည် မိမိဇာတိနိုင်ငံကိုသာ ကိုယ်စားပြုရမည်။

အိုလံပစ်အလံ[ပြင်​ဆင်​ရန်​]

အိုလံပစ်အလံမှာ အဖြူခံဖြစ်သည်။ အဖြူခံပေါ်တွင် ကွင်းချင်းဆက်နေသော စက်ဝိုင်းငါးဝိုင်းရှိရမည်။ စက်ဝိုင်းကွင်းများ၏ အရောင်သည် အပြာ၊ အဝါ၊ အနက်၊ အစိမ်းနှင့် အနီရောင်တို့ဖြစ်ရမည်။ စက်ဝိုင်းငါးဝိုင်းဆက်နေသည့် သဘောမှာ uမ္ဘာ့တိုက်ကြီးများကို ရည်ရွယ်ပြီး တိုက်ကြီးငါးတိုက် စည်းလုံးညီညွတ်ခြင်းကို ပြသခြင်းလည်းဖြစ်သည်။

အိုလံပစ် မီးရှူးတိုင်[ပြင်​ဆင်​ရန်​]

အိုလံပစ်ပွဲတော်မကျင်းပမှီ မူလပွဲတော်ကျင်းပရာ ဂရိနိုင်ငံ အေသင်မြို့ရှိ အိုလံပီယာ တောင်ကုန်းတွင် အဆက်မပြတ် တောက်လောင်နေသော မီးရှူးတိုင်မှ ထွန်းညှိကူးယူရသည်။ အိုလံပစ် မီးရှူးတိုင်အား ကျင်းပရာဒေသသို့ လက်ဆင့်ကမ်း သယ်ဆောင်၍ ပွဲတော်ကျင်းပရာ အဓိကအားကစားကွင်းအတွင်း တွင်ပွဲမပြီးမချင်း ထွန်းညှိထားရမည်ဖြစ်သည်။ မီးငြိမ်း မသွားစေရန် အထူးစောင့်မတ် ထိန်းသိမ်းရမည်ဖြစ်သည်။

အိုလံပစ် သစ္စာအဓိဌာန်[ပြင်​ဆင်​ရန်​]

အိုလံပစ် သစ္စာအဓိဌာန်အား အောက်ပါအတိုင်းရေးသားထားသည်။

ကျွန်ုပ်တို့သည် အိုလံပစ်ပွဲတော်ကြီးတွင် အားကစားစိတ်ဓါတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ပါမည်။ အိုလံပစ်ကော်မတီမှ ချမှတ်ထားသော စည်းမျဉ်းများအား လိုက်နာပါမည်။ အားကစားသမား တစ်ဦးအနေဖြင့် ရှိသင့်ရှိထိုက်သော အားကစား စိတ်ဓါတ်ဖြင့် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် အောင်မြင်မူ့တို့ကို စွမ်းဆောင်မြှင့်တင်ပါ့မည်ဟူ၍ ဖြစ်သည်။

အိုင်စီအိုနှင့် ခေတ်သစ်အိုလံပစ်ပြိုင်ပွဲများ[ပြင်​ဆင်​ရန်​]

ဗဲရွန်ဘွဲ့ရ ပီယဲကူဗာတင်

ပြင်သစ်နိုင်ငံက သမိုင်းပညာရှင် `ပီရာရီကော်ဘာတင်´၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို ၁၈၉၄ တွင် ဖွဲ့စည်းပြီး အိုလံပစ်ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် ပြင်ဆင်ခဲ့ကြပါသည်။ သို့ဖြင့် ၁၈၉၆ တွင်နိုင်ငံပေါင်း ၁၄ နိုင်ငံက ကစားသမားပေါင်း ၂၀ဝ ကျော် ပါဝင်ယှဉ်ပြိုင်သော ပထမဆုံး ခေတ်သစ်အိုလံပစ်ပြိုင်ပွဲကြီးကို အိုလံပစ်ပြိုင်ပွဲများ၏ သန္ဓေတည်ရာ မူလအစဖြစ်သည့် အေသင်မြို့တွင် ကျင်းပနိုင်ခဲ့ပါသည်။ ပါဝင်သောအားကစား အမျိုးအစားမှာ ၉ မျိုးသာရှိခဲ့ပါသည်။ ထိုမှအစပြုကာ အိုလံပစ်ပြိုင်ပွဲများကို တစ်စတစ်စ တိုးချဲ့ကျင်းပလာရာ ယခုဆိုလျှင် အားကစားနည်းပေါင်း ၂၈ မျိုး၊ အားကစားအမျိုးအစားပေါင်း ၃၀၂ ခု တိတိ ရှိသည်အထိ ကျယ်ပြန့်လာခဲ့ပြီဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ်ဖြစ်ခါနီး အာဏာရှင်ဟစ်တလာ၏ နာဇီအလံအောက်တွင် ကျင်းပခဲ့ရသော မြူးနစ်အိုလံပစ်၊ နောက် ၁၉၇၂ မြူးနစ်အိုလံပစ်တွင် ဖြစ်ပွားခဲ့သော ပါလက်စတိုင်း အကြမ်းဖက်သမားများက အစ္စရေး ကစားသမား ၁၁ ယောက်အား သတ်ဖြတ်ခဲ့သည့်အဖြစ်၊ ၁၉၇၀ နောက်ပိုင်းကာလများတွင် နိုင်ငံအချို့က ဆန့်ကျင်ခဲ့သည့် အဖြစ်မျိုးများ အပါအဝင် ဖြေရှင်းမပြီးနိုင် ဖြစ်နေရသော တားမြစ်ဆေး ပြဿနာများမှလွဲလျှင် အောင်မြင်သည့် အတိုင်းအတာမှာ ရှိနေမြဲပင်။ နောက် အိုလံပစ်ပြိုင်ပွဲများကို နွေရာသီအိုလံပစ်ပြိုင်ပွဲနှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဟူ၍နှစ်မျိုးခွဲ ကျင်းပကြပါသည်။ ပို၍အဓိကကျသည့် ပြိုင်ပွဲကတော့ အားလုံးသိကြသော နွေရာသီ အိုလံပစ်ပြိုင်ပွဲ ဖြစ်ပါသည်။ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင်မူ အားကစားနည်း ၇ မျိုးသာ ပါဝင်ပါသည်။

သင်္ကတနဲ့အဓိပ္ပါယ်[ပြင်​ဆင်​ရန်​]

အိုလံပစ်၏ သင်္ကတ အမှတ်လက္ခဏာမှာ အရောင်တစ်မျိုးစီရှိပြီး ချိတ်ဆက်ထားသည့် ကွင်း ၅ ကွင်း ဖြစ်ပါသည်။ ကွင်း ၅ ကွင်း၏ အဓိပ္ပါယ်မှာ ကမ္ဘာ့တိုက်ကြီး ၅ တိုက်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး၊ အနီ၊ အဝါ၊ အပြာ၊ အစိမ်းနှင့် အနက် ဟူသည့် အရောင် ၅ မျိုးမှာ နိုင်ငံတိုင်း၏ အလံတွင် တစ်ရောင်မဟုတ်တစ်ရောင် ပါဝင်သောကြောင့် ရွေးချယ်ထားဖြင်းဖြစ်ပါသည်။ ဤသင်္ကတကို စတင်ဖော်ထုတ်ခဲ့သူမှာ `ကော်ဘာတင်´ ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်မှာ `အိုလံပစ်ပြိုင်ပွဲမှာ အရေးကြီးဆုံးအရာမှာ အနိုင်ယူရန်မဟုတ်။ အနိုင်ယူခြင်းမှာ ပြိုင်ပွဲ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ အရေးကြီးဆုံးမှာ အောင်ပွဲရရန်မဟုတ်ဘဲ ရင်ဆိုင်ရုန်းကန်နိုင်ရန်သာဖြစ်ပြီး အောင်နိုင်ရန်ထက် ကောင်းစွာယှဉ်ပြိုင်ခြင်းသည်သာ အဓိကဖြစ်သည်။´ ဟုဆိုခဲ့ပါသည်။

ဒဏ္ဍာရီများ[ပြင်​ဆင်​ရန်​]

အိုလံပစ်ဟူသော အမည်သည် ရှေးနှစ်ပေါင်း ၂၇၀ဝ ကျော်လောက်က ဂရိနိုင်ငံ အိုလံပီယာမြို့တွင် ဂရိလူမျိုးတို့ လေးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်ရာမှ အစပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ ဇုနတ်ဘုရားကြီးအား ပူဇော်ပသရန်အတွက်လည်းကောင်း၊ နတ်များအား ပူဇော်ပသပွဲများတွင်လည်းကောင်၊ စားသောက်ပွဲကြီးများတွင်လည်းကောင်း ကစားခုန်စားပွဲများ ကျင်းပခဲ့ကြပြီး ထိုပွဲများသည် အိုလံပစ်ပွဲတော်၏ သမိုင်းအစလည်းဖြစ်ကြသည်။ ရှေးဟောင်းအိုလံပစ်ပွဲတော်များသည် နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သောကြောင့် မည်သည့်အချိန်တွင် မည်သည့်အကြောင်းကြောင့် ကျင်းပခဲ့ကြမှန်း အတိအကျ မသိရချေ။ သို့သော် အိုလံပစ်ပွဲတော်နှင့် ပတ်သတ်၍ ဂရိလူမျိုးတို့တွင် ရှေးဟောင်းဒဏ္ဍာရီ ကလေးများရှိကြသည်။

အိုလံပစ်အားကစားပြိုင်ပွဲများသည် ဂရိနိုင်ငံက အစပြုခဲ့သည့် ပြိုင်ပွဲဖြစ်သောကြောင့်လည်း ဂရိတို့၏ နတ်ဘုရားပုံပြင်ဆန်ဆန် သမိုင်းကြောင်းများနှင့် ဆက်နွယ်နေပါသည်။ ပုံပြင်တွေအများကြီးထဲတွင်မှ အများစုမှ လက်ခံသဘောတူသော သမိုင်းကြောင်းမှာ `ဇု´နတ်မင်းကြီး၏ သားတော် `ဟီရာကလိစ်´အမည်ရှိ သူရဲကောင်းသည် ဖခင်၏ အောင်မြင်မှုများကို ဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ကွင်းကြီး တစ်ခုကို ကိုယ်တိုင်တည်ဆောက်ပြီး အားကစားပြိုင်ပွဲများကို ကျင်းပစေခဲ့ပါသည်။ `ဟီရာကလိစ်´သည် သူကိုယ်တိုင် လမ်းလျှောက်ပြီး အားကစားကွင်း၏ အလျားကို ခြေလှမ်း ၄၀ဝ သတ်မှတ်ခဲ့ပြီး ထိုအကွာအဝေး သတ်မှတ်ချက်မှာ နောင်တစ်ချိန် သင်္ချာပညာတွင် အကွာအဝေးယူနစ်တစ်ခုလည်း ဖြစ်လာသည်ဟု ဆိုပါသည်။ အချိန်ကာလအားဖြင့် ဘီစီ ၅ ရာစုနှင့် ၆ ရာစုအတွင်း ကျင်းပခဲ့ကြပြီး အနိုင်ရသူများသည် ကဗျာစပ်ဆိုပြီး ဂုဏ်ပြုခံရခြင်း၊ ကျောက်သားတွင် ထွင်းထုမှတ်တမ်းတင် ဂုဏ်ပြုခံရခြင်း အစရှိသည်ဖြင့် ဂုဏ်ပြုခံခဲ့ရပါသည်။ သို့သော် သမိုင်းမှတ်တမ်းများအရ အိုလံပစ်ပြိုင်ပွဲများကို ဂရိနိုင်ငံများတွင် စတင်ကျင်းပခဲ့သည့် အချိန်မှာ ဘီစီ ၇၇၆ ခုနှစ်ဖြစ်ပါသည်။ သံလွင်ခက် သရဖူသည် အိုလံပစ်ပြိုင်ပွဲ၏ ထင်ရှားသော အမှတ်အသားဖြစ်ပြီး အနိုင်ရသူများကို ငြိမ်းချမ်းခြင်း အထိမ်းအမှတ်အဖြစ် ထိုသံလွင်ခက်သရဖူဖြင့် ဂုဏ်ပြုသည့် အလေ့အထလည်းရှိပါသည်။

ဒဏ္ဍာရီတစ်ခု၏ အဆိုအရ အဲလစ်ပြည့်ရှင် အိုနိုးမော့က သူ၏လှပချောမောသော သမီးတော် ဟစ်ပိုဒေးမီးယားအား လာရောက် တောင်းရမ်းသူများအား မိမိနှင့်မြင်းလှည်းပြိုင်ပွဲများ ဆင်နွှဲစေသည်။ ဟစ်ပိုဒေးမီးယား၏ မြင်းများမှာ ဂရိတစ်ပြည်လုံးတွင် အသန်ဆုံး၊ အမြန်ဆုံး ဖြစ်သောကြောင့် ပြိုင်ပွဲဝင်များမှာ ဘုရင်ကြီးကို မနိုင်ပဲ ဇီဝိန်ကြွေရသည်သာ များလေသည်။ ထိုအခါ သမီးတော်ကို ကြိုက်သောကြောင့် ပီးလော့ဆိုသော လူငယ်သည် ဘုရင်ကြီးနှင့် ယှဉ်ပြိုင်ရန်အတွက် တောင်းဆိုလေသည်။ ဘုရင်အိုနိုးမော့က မိမိအားနိုင်လျင် သမီးတော်နှင့်ပေးစားမည်ဟု ဆိုသောအခါ ပီးလော့သည် ဘုရင့်ကိုနိုင်ရန်အတွက် ဉာဏ်ဆင်တော့လေသည်။

ဘုရင်၏ ရထားထိန်း မားတီးလပ်အား ချည်းကပ်ကာ ဘုရင်ကြီး၏ လှည်းဘီးရှိ ဆို့များကို ဖယောင်းနှင့် လုပ်ထားသော ဆို့များဖြင့် လဲလည်တပ်ဆင်ရန် ဖြားယောင်းသွေးဆောင်လေသည်။ မာတီးလပ်အား မိမိဘုရင်ဖြစ်လျင် တိုင်းပြည်တစ်ဝက်ကို ပေးမည်ဟုဆိုသဖြင့် မာတီးလပ်လည်း ပီးလော့အလိုကျ လိုက်လုပ်လေသည်။ ပြိုင်ပွဲသို့ရောက်သော် ဖယောင်းဆို့များ အရည်ပျော်ကုန်ပြီး လှည်းမှောက်သဖြင့် ဘုရင် အိုနိုးမော့ နတ်ရွာစံခဲ့သည်။ သမီးတော်ကိုရပြီး ဘုရင်ဖြစ်လာသော ပီးလော့သည် မာတီးလပ်အား တိုင်းပြည်တဝက်မပေးပဲ ရထားလုံးပေါ်မှ ချောက်ထဲတွန်းချခဲ့သည်။ ထို့နောက် အောင်မြင်မှု သရဖူကို ဆောင်းနိုင်သော အထိမ်းအမှတ်အဖြစ် ပီးလော့သည် ပထမဆုံးအိုလံပစ်ပွဲတော်ကို စတင်ကျင်းပခဲ့သည်ဟု ဆိုကြသည်။ ထိုပွဲတော်ကျင်းပသည့်နှစ်သည် ဘီစီ ၈၈၄ ခုနှစ်ဖြစ်သည်ဟု အဆိုပါ ဒဏ္ဍာရီတွင် ပါရှိသည်။

အခြား ဒဏ္ဍာရီ တစ်ခုအနေဖြင့် အိုလံပစ်ပွဲတော်သည် နတ်မင်းကြီးဇု၏ သားတော် ဟာကြူလီနှင့် ဆက်စပ်နေသည်ဟု ပြောကြသည်။ ဟာကြူလီသည် အဲလစ်ဘုရင်များနှင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် စစ်ပွဲကြီးတစ်ပွဲပြီးဆုံးခဲ့သောအခါ သူ၏ စစ်တပ်အတွက် အောင်ပွဲကြီး ကျင်းပခဲ့လေသည်။ အိုလံပီယာ တောင်ကြားသည် အားကစားပွဲအတွက် အကောင်းဆုံးဟု ဟာကြူလီကိုယ်တိုင် ရွေးချယ်သတ်မှတ်ခဲ့သည်ဟု ဆိုသည်။ ဟာကြူလီသည် ပြိုင်ပွဲအားလုံးတွင် အနိုင်ရရှိခဲ့ပြီး နောက်ဆုံးကစားနည်းဖြစ်သော နပန်းသတ်ပွဲသာ ကျန်တော့သည်။ ဟာကြူလီက သူရဲကောင်းများနှင့် စစ်သားများအား စိန်ခေါ်သော်လည်း ဟာကြူလီနှင့် နပန်းသတ်ရန် မည်သူမျှ မထွက်လာခဲ့ပေ။

ပြိုင်ပွဲကို ရုပ်သိမ်းရန် ဆုံးဖြတ်ခါနီးမှ လူတစ်ယောက်ထွက်လာပြီး ဟာကြူလီနှင့် နပန်းသတ်မည်ဟုပြောသည်။ နှစ်ယောက်သား အချိန်ကြာသည်အထိ ကစားခဲ့ကြသောလည်း မည်သူမှအနိုင်မရရှိသဖြင့် ဒိုင်လူကြီးများက သရေပွဲအဖြစ် သတ်မှတ်လိုက်ကြသည်။ ထိုအခါမှ ထိုလူသည် မိမိသည်တစ်ခြားသူမဟုတ် ဇုနတ်မင်းကြီးကိုယ်တိုင်ဖြစ်သည်ဟု ဆိုသည်။ လူအများလည်း ဇုနတ်မင်းကြီးကိုယ်တိုင် အိုလံပစ်အားကစားပွဲကို ဆင်နွှဲသဖြင့် အလွန်ရွှင်လန်း ဝမ်းမြောက်ကြလေသည်။ ထိုအချိန်မှ စကာ သူတို့၏ ဇုနတ်မင်းကြီးကိုယ်တိုင် ဆင်နွှဲခဲ့သော အိုလံပစ် အားကစားပွဲအား နတ်မင်းကြီးအား ဂုဏ်ပြုသည့် အနေဖြင့် လေးနှစ်တစ်ကြိမ် အိုလံပီယာတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုကြသည်။

နောက်ဒဏ္ဍာရီ အရ ဟာရေကလိဆိုသူသည် အဲလစ်ပြည့်ရှင် အောဂျီးအတ်အား အစတုံးသတ်ဖြတ်ပစ်လိုက်ပြီးနောက် ဘုရင် ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများအား သိမ်းယူလိုက်သည်ဟု ဆိုသည်။ ဟာရေကလိသည် မမျှော်လင့်ပဲ ရလိုက်သော အောင်မြင်မှု အတွက်လည်းကောင်း၊ ရရှိခဲ့သော ဓနဥစ္စာများအတွက် လည်းကောင်း၊ ပြုလုပ်ခဲ့သော ဒုစရိုက်အတွက် ညစ်ညမ်းသော စိတ်ပြေပျောက်စေရန်လည်းကောင်း ပထမအကြိမ် အိုလံပစ်ပွဲတော်ကြီးကို ဘီစီ ၁၂၅၃ တွင် ကျင်းပခဲ့သည်ဟု ဆိုကြသည်။ မည်သို့ပင်ဆိုကြစေ ဘီစီ ၇၇၆ ခုနှစ်တွင် မှတ်တမ်းများ စနစ်တကျ တင်ထားသော ပထမဆုံးအိုလံပစ်ပွဲတော် ကျင်းပခဲ့သည်ဟု သုတေသီများက တညီတညွတ်တည်း သဘောတူလက်ခံထားကြသည်။[၂]

ကမ္ဘာ့အားကစားပွဲတော်ကြီး[ပြင်​ဆင်​ရန်​]

ရှေးခေတ်ဂရိတို့သည် အိုလင်းပီယာချိုင့်ဝှမ်းရှိကွင်းပြင်တွင် ဇုနတ်မင်းကြီးအားပူဇော်ပသပွဲကို လေးနှစ်တစ်ကြိမ်ကျင်းပခဲ့ရာ ထိုနတ်ပွဲနှင့်အတူ အားကစားပြိုင်ပွဲများကိုလည်း ကျင်းပခဲ့၍ အိုလံပစ်ကစားပွဲဟု တွင်ခဲ့သည်။ သို့သော် ကြေးစား ဆန်လာသောကြောင့် ၃၉၄ ခုနှစ်တွင် ပိတ်ပင်ခြင်းခံခဲ့ရသည်။ ၁၈၉၆ ခုနှစ်သို့ရောက်သော် ပြင်သစ်အမျိုးသား ဗဲရွန်ပီယဲဒါ ကူဗာတင်၏ ကျေးဇူးကြောင့် အိုလံပစ်ကစားပွဲများကို ပြန် လည်ကျင်းပနိုင်ခဲ့လေသည်။

အိုလံပစ်ကစားပွဲ[ပြင်​ဆင်​ရန်​]

အိုလံပစ်ကစားပွဲသည် လေးနှစ်လျှင်တစ်ကြိမ်ကျ ကျင်းပသော အပြည်ပြည်ဆိုင်ရာ အားကစားပွဲတော်ကြီးဖြစ်သည်။ ယခုခေတ် အိုလံပစ်ကစားပွဲ ကို ၁၈၉၆ ခုနှစ်ကမှစ၍ရေတွက်ခဲ့ကြသော်လည်း စင်စစ်အား ဖြင့် ဤကစားပွဲသည် ရှေးခေတ်ဂရိလူမျိုးတို့၏အိုလံပစ်ကစားပွဲကို ပြန်လည်ဖော်ထုတ်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ရှေးခေတ်က ဂရိလူမျိုးတို့သည် အိုလင်းပီယာချိုင့်ဝှမ်း ရှိကွင်းပြင်တွင် ဇုနတ်မင်းကြီးအား ပူဇော်ပသသော နတ်ပွဲကို လေးနှစ်တစ်ကြိမ်ကျ ဇူလိုင်လ၌ ကျင်းပလေ့ရှိခဲ့ကြသည်။ ထိုနတ်ပွဲတွင် မြေပြန့်အပြေးပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပ လေ့ရှိကြသည်။ ဦးစွာ၌ ကိုက် ၂ဝဝ ခန့်ရှိသော တာပြေးပွဲ တစ်ခုတည်းသာ ရှိလေသည်။ နောင်အခါ၌ ပြေးပွဲ၊ ခုန်ပွဲ၊ နပန်းသတ်ပွဲ၊ သံပြားဝိုင်းပစ်ပွဲ၊ လှံတံပစ်ပွဲဟူ၍ ပြိုင်ပွဲငါးမျိုး ပါဝင်သောကစားပွဲကို ထည့်သွင်းခဲ့ကြသည်။ တစ်ဖန် လက်ဝှေ့ ပွဲနှင့် ရထားပြိုင်ပွဲများကိုလည်း ထပ်ဖြည့်ခဲ့ကြပြန်သည်။

ဂရိတို့သည် အလွန်ရှေးကျသော ခေတ်အခါကတည်း က ဇုနတ်မင်းကြီးပွဲတော်နှင့်အတူ အပြေးပြိုင်ပွဲများကို ကျင်းပ ခဲ့ကြသော်လည်း ဘီစီ ၇၇၆ ခုနှစ်မှ အစပြု၍သာလျှင် ပြိုင်ပွဲများ၌ ထူးချွန်အနိုင်ရသူများ၏ စာရင်းကို မှတ်တမ်းတင် ခဲ့ကြလေသည်။ ထို့ကြောင့် ထိုခုနှစ်ကိုအခြေပြု၍ ပွဲတော် တစ်ခုနှင့်တစ်ခုအကြားရှိ အိုလင်းပီယက် ခေါ် လေးနှစ်ခြား ကာလကို ဧကမူထားလျက် အချိန်ကိုရေတွက်ခဲ့ကြသည်။ ပြိုင်ပွဲ များကျင်းပနေစဉ် ဂရိပြည်နယ်တို့သည် အချင်းချင်းတိုက်ခိုက်မှု ကို သဘောတူရပ်စဲထားကြသည်။ ပြိုင်ပွဲဝင်များသည် ပြစ်မှု တစ်စုံတစ်ခုကြောင့် နာမည်ပျက်ရှိသူ မဖြစ်စေရချေ။

ဂရိတို့၏ အိုလင်းပစ်ပွဲတော်သည် နတ်ပွဲနှင့်အားကစား ပြိုင်ပွဲကိုတွဲ၍ ငါးရက်တိုင်ကျင်းပသော ပွဲတော်ဖြစ်ရာ ပထမ ဆုံးနေ့တွင် ဇုနတ်မင်းကြီးအား ပူဇော်ပသသည့်အခမ်းအနားကို ဆင်ယင်ပြုလုပ်ကြသည်။ အိုလင်းပီယာချိုင့်ဝှမ်းတွင် အနုပညာ လက်ရာမြောက်သော နတ်ရုပ်ထုများနှင့် နတ်ကွန်းများတည်ရှိ လေသည်။ အထူးသဖြင့် ဂရိနတ်တို့၏ ဖခင်ဖြစ်သော ဇုနတ် ရုပ်တုကြီးနှင့် နတ်ကွန်းတို့မှာ ကြီးကျယ်ခမ်းနားလှပေသည်။ ထိုနတ်ရုပ်တုကြီးကို နာမည်ကျော်ရုပ်လုံးထုဆရာဖီးဒီးယက်က ဆင်စွယ်နှင့်ရွှေတို့ဖြင့် ထုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဟီးရ အစရှိသော အခြားဂရိနတ်တို့အတွက် နတ်ကွန်းများလည်း ထို အရပ်၌တည်ရှိသည်။


နတ်ပွဲအခမ်းအနား ပြီးသည့်နောက် ပြေးပွဲပြိုင်ပွဲများကို လည်း ဆက်လက်၍ကျင်းပသည်။ ဒိုင်လူကြီးများက တရားသ ဖြင့် အဆုံးအဖြတ်ပေးပါမည် ဟူ၍လည်းကောင်း၊ ပြိုင်ပွဲဝင်တို့ က ယှဉ်ပြိုင်ရခြင်းကိုသာအဓိကထားပါမည် ဟူ၍လည်းကောင်း သစ္စာပြုကျိန်ဆိုကြရသည်။ အပြေးပြိုင်ပွဲများကို ဦးစွာကျင်းပ လေ့ရှိကြသည်။ ထိုအိုလင်းပီယာ အပြေးပြိုင်ပွဲတွင် အနိုင်ရသူ တို့ကိုထူးခြားစွာ ချီးကျူးမြေ|ာက်စားလေ့ရှိကြသည်။ အနိုင်ရသူ လူစွမ်းကောင်းတို့အား ဂရိအမျိုးသားများက အထွတ်အမြတ် ထားသော သံလွင်ပင်မှ အရွက်အခက်များဖြင့်ပြုလုပ် ထားသည့် သရဖူကို ဦးခေါင်းတွင်ဆင်ယင်ပေးကြသည်။ သရဖူဆောင်း လူစွမ်းကောင်းတို့သည် နတ်ကွန်းများတည်ရှိရာ အရပ်ကိုစီတန်း လှည့်ပတ်သည့်အခါ ပရိသတ်က သောင်းသောင်းဖျဖျ ချီးကျူး ဩဘာပေးကြသည်။ သံတော်ဆင့်များကလည်း အောင်ပွဲရ ပုဂ္ဂိုလ်တို့၏ အမည်နာမများကို နိုင်ငံတွင်းရှိအပြည်ပြည်အနယ် နယ်သို့ လှည့်လည်၍ကြေညာရလေသည်။ ထိုသူတို့၏ ပုံတူ ရုပ်လုံးတူများကို ထုလုပ်၍လည်းကောင်း၊ ယင်းတို့အကြောင်းကို ကဗျာလင်္ကာများ ဖွဲ့စပ်သီဆို၍လည်းကောင်း ချီးကျူးလေ့ရှိကြ သည်။ ယင်းတို့နေထိုင်သည့် ပြည်နယ်များကလည်းကြီးကျယ် ခမ်းနားစွာကြိုဆို၍ ထူးခြားသောဆုလက်ဆောင်များ ပေးအပ်ချီး မြှင့်လေ့ရှိကြသည်။

ဦးစွာ၌ ဂရိအမျိုးသားစစ်စစ်တို့သာလျှင် အိုလင်းပစ် ကစားပွဲ၌ ပါဝင်ယှဉ်ပြိုင်နိုင်ကြသော်လည်း ရောမဘုရင် ဧကရာဇ်များ ကြီးစိုးသောခေတ်သို့ ရောက်သောအခါ ရောမ အားကစားသမားများကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ရောမဧကရာဇ်တို့က ဂရိတို့၏ အယူဝါဒရေး၊ မျိုးချစ်စိတ်ထက် သန်ရေး၊ အားကစားနှင့် ကာယဗလဖွံ့ဖြိုးရေးဆိုင်ရာ ပွဲတော် ကြီးကို ပျော်ပွဲရွှင်ပွဲသက်သက်အဖြစ်သို့ ပြောင်းပစ်ခဲ့ကြသည်။ ထို့နောက် နှစ်များစွာကြာသောအခါ အိုလင်းပစ်ကစားပွဲတွင် မူလရည်ရွယ်ချက် ပျောက်ကွယ်၍ ကြေးစားအားကစားသမား များပါဝင်သော ပြိုင်ပွဲဆန်ဆန် ဖြစ်လာလေသည်။ ထို့ကြောင့် အေဒီ ၃၉၄ ခုနှစ်တွင် ရောမဧကရာဇ် သီအိုဒိုးရှပ်က အိုလင်းပစ်ကစားပွဲကို ပိတ်ခဲ့သည်။ ယင်းသို့အားဖြင့် နှစ်ပေါင်း ၁၅ဝဝ ကျော်မျှ အိုလင်းပစ်ကစားပွဲများ တိမ်မြုပ်ခဲ့ရလေသည်။ ၁၈၇၈ ခုနှစ်သို့ရောက်သော် ရှေးဟောင်းပစ္စည်းတူးဖော် သူ ဂျာမန်အမျိုးသား ဟိုင်းနရစ်ရှလီမန်းသည် ရှေးဂရိတို့၏ အိုလင်းပစ်ကစားကွင်းကို တူးဖော်ခဲ့သည်။ ထို့နောက် ပြင်သစ် အမျိုးသား ဗဲရွန်ဘွဲ့ရ ပီယဲ ဒါ ကူဗာတင် ဆိုသူက ခေတ် ပညာသင်ကြားရေးတွင် ရှေးဂရိတို့၏ အားကစားစိတ်ဓာတ်ကို တွဲ၍ ဖော်ထုတ်ပေးခြင်းအားဖြင့် နိုင်ငံချင်းချင်းဆက်ဆံမှု ပို၍ တိုးတက်လာဖွယ်ရာရှိကြောင်းကို နိုင်ငံအသီးသီးရှိ အားကစား လေ့လာလိုက်စားသူများထံ တင်ပြခဲ့သည်။ ယင်းပုဂ္ဂိုလ်၏ ကြိုး ပမ်းမှုကြောင့် ၁၈၉၄ ခုနှစ်တွင် ကမ္ဘာ့အိုလင်းပစ်အသင်းကို တည်ထောင်ခဲ့ကြပြီးလျှင် ၁၈၉၆ ခုနှစ်၌ ဂရိနိုင်ငံ အက်သင်း မြို့တွင် ယခုခေတ် အိုလင်းပစ်ကစားပွဲကို ဦးဆုံးအကြိမ် ကျင်း ပနိုင်ခဲ့သည်။ ထိုကစားပွဲတွင် နိုင်ငံကိုးနိုင်ငံမှ အားကစားသမား များ ပါဝင်ယှဉ်ပြိုင်ကြ၍ ၂၆ မိုင်ကျော်ရှိသော မာရသွန်တာ အဝေးပြေးပွဲကို ပထမဦးဆုံး ထည့်သွင်းခဲ့ကြသည်။

ထိုနှစ်မှအစပြု၍ ကမ္ဘာ့အိုလင်းပစ်အသင်းက အိုလင်း ပစ်ကစားပွဲကို လေးနှစ်တစ်ကြိမ်ကျ နိုင်ငံအသီးသီးတွင် စီစဉ် ကျင်းပခဲ့သည်။ အိုလင်းပစ်ကစားပွဲကို လေးနှစ်ခြား၍ ကျင်းပ လာခဲ့ရာ ပထမ ကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းက ထို ကစားပွဲများကို ရပ်ဆိုင်းထားခဲ့ရသည်။ ပထမကမ္ဘာစစ်ကြောင့် ၁၉၁၆ ခုနှစ်တွင် ရပ်ဆိုင်းထားခဲ့ရသော ကစားပွဲကို ၁၉၂ဝ ပြည့်နှစ်၌လည်းကောင်း၊ ဒုတိယကမ္ဘာစစ်ကြောင့် ၁၉၄ဝ ပြည့် နှစ်တွင် ရပ်ဆိုင်းခဲ့ရသောကစားပွဲကို ၁၉၄၈ ခုနှစ်တွင်လည်း ကောင်း ပြန်၍ကျင်းပခဲ့ကြသည်။ ၁၉၇၂ ခုနှစ် တွင် အကြိမ် ၂ဝ မြောက် အိုလင်းပစ်ကစားပွဲကို ပြည်ထောင်စုသမ္မတ ဂျာမနီ နိုင်ငံ မြူးနစ်မြို့၌ ကျင်းပခဲ့သည်။ ၁၉၇၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ကနေဒါနိုင်ငံ မွန်ထရီးအော မြို့၌ ၂၁ ကြိမ် မြောက် အိုလင်းပစ်ကစားပွဲ ကျင်းပမည်ဖြစ်လေသည်။ အိုလင်းပစ်ကစားပွဲများ ကျင်းပခဲ့ရာမြို့များနှင့် တရား ဝင်မဟုတ်သော်လည်း ဗိုလ်စွဲခဲ့သောနိုင်ငံများမှာ အောက်ပါအ တိုင်းဖြစ်သည်-

ကျင်းပခဲ့သည့်နှစ် ကျင်းပခဲ့ရာမြို့ ဗိုလ်စွဲသည့်နိုင်ငံ[ပြင်​ဆင်​ရန်​]

  • ၁၈၉၆ အေသင်မြို့ (ဂရိနိုင်ငံ) အမေရိကန်ပြည်ထောင်စု
  • ၁၉ဝဝ ပါရစ်မြို့ (ပြင်သစ်နိုင်ငံ) -၎င်း-
  • ၁၉ဝ၄ စိန်လူဝီမြို့ (အမေရိကန်ပြည်ထောင်စု) -၎င်း-
  • ၁၉ဝ၆ အက်သင်းမြို့ (ဂရိ) (တရားဝင်မဟုတ်) -၎င်း-
  • ၁၉ဝ၈ လန်ဒန်မြို့ (ဂရိတ်ဗြိတိန်) -၎င်း-
  • ၁၉၁၂ စတော့ဟုမ်းမြို့ (ဆွီဒင်) -၎င်း-
  • ၁၉၂ဝ အန့်တွပ်မြို့ (ဘယ်လဂျီယမ်) -၎င်း-
  • ၁၉၂၄ ပါရစ်မြို့ (ပြင်သစ်) -၎င်း-
  • ၁၉၂၈ အမ္မစတာဒမ်မြို့ (နယ်သာလန်) -၎င်း-
  • ၁၉၃၂ လော့စိန်းဂျလီးမြို့ (အမေရိကန်ပြည်ထောင်စု) -၎င်း-
  • ၁၉၃၆ ဘာလင်မြို့ (ဂျာမနီ) ဂျာမနီ
  • ၁၉၄၈ လန်ဒန်မြို့ (ဂရိတ်ဗြိတိန်) အမေရိကန်ပြည်ထောင်စု
  • ၁၉၅၂ ဟဲလဆင်ကီမြို့ (ဖင်းလန်) -၎င်း-
  • ၁၉၅၆ မဲလဘုန်းမြို့(ဩစတြေးလီးယား) ဆိုဗီယက်ယူနီယံ
  • ၁၉၆ဝ ရောမမြို့ (အီတလီ) -၎င်း-
  • ၁၉၆၄ တိုကျိုမြို့ (ဂျပန်) အမေရိကန်ပြည်ထောင်စု
  • ၁၉၆၈ မက္ကဆီကိုမြို့ (မက္ကဆီကို) -၎င်း-
  • ၁၉၇၂ မြူးနစ်(ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ) ဆိုဗီယက်ယူနီယံ

ယခုအခါ အိုလင်းပစ်ကစားပွဲတွင် ပြေးခုန်ပစ်ပြိုင်ပွဲ များသာမက ရေကူးပြိုင်ပွဲ၊ ဘောလုံးကစား ပြိုင်ပွဲ၊ သေနတ်ပစ် ပြိုင်ပွဲ အစရှိသော ခေတ်မီပြိုင်ပွဲအမျိုးမျိုးတို့လည်း ပါဝင်သည်။ ထို့ပြင် ၁၉၂၄ ခုနှစ် ကစားပွဲမှအစပြု၍ စက်ဘီးစီးပြိုင်ပွဲ၊ စကိတ်စီးပြိုင်ပွဲ၊ ရေခဲဟော်ကီကစားပြိုင်ပွဲ စသော ရေခဲပြင် ပေါ်၌ ယှဉ်ပြိုင်ရသည့် ဆောင်းရာသီကစားပွဲများကိုလည်း ထည့်သွင်းခဲ့ကြသည်။ တစ်ဖန် ၁၉၂၈ ခုနှစ်မှစ၍ အမျိုးသမီး အတွက် အားကစားပြိုင်ပွဲများလည်း ပါဝင်လာခဲ့လေသည်။ အိုလင်းပစ်ကစားပွဲသည် အပြည်ပြည်ဆိုင်ရာ ပွဲတော် ကြီးဖြစ်သဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းများစွာတို့မှ လက်ရွေး စင်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသည်။ တိုင်းနိုင်ငံ အများတွင် အိုလင်းပစ်ကစားပွဲတစ်ခု ပြီးဆုံးသည့်အချိန်မှအစ ပြု၍ နောက်တစ်ကြိမ် ကစားပွဲအတွက် အားကစားသမားများ ကို ကျွမ်းကျင်သော နည်းပြဆရာများထံ၌ စနစ်တကျ လေ့ ကျင့်စေကြသည်။ ဤသို့အားဖြင့် မိမိတို့နှင့်သက်ဆိုင်ရာ ကစား ခုန်စားပွဲများတွင် အခြားသူများထက် ထူးချွန်လာနိုင်ကြမည်ဖြစ် သည်။ အိုလင်းပစ်ကစားပွဲကို လက်ခံကျင်းပရသော နိုင်ငံ ကလည်း ခေတ်မီကစားကွင်းနှင့်တကွ ပါဝင်ယှဉ်ပြိုင်သူတို့ တည်းခိုနေထိုင်ရန်အတွက် နေရာထိုင်ခင်းများကို ခမ်းနားတင့် တယ်အောင် ပြင်ဆင်ထားလေ့ရှိကြသည်။ နိုင်ငံအသီးသီးမှ အားကစားသမားအားလုံးတို့ နေထိုင်ရန်အတွက် အိုလင်းပစ် ရွာ ကို တည်ဆောက်လေ့ရှိသည်။ ထိုရွာတွင် သက်ဆိုင်ရာ နိုင်ငံသားအချင်းချင်း တစ်စုတဝေးတည်း နေထိုင်နိုင်ကြသည်။ အားကစားသမားများသည် ရေပြောင်းမြေပြောင်း၌ နေသားကျ ရန်အတွက် ကစားပွဲကျင်းပရာနိုင်ငံသို့ အချိန်စောစွာ ကြိုတင် လာရောက်လေ့ရှိကြသည်။

ဆောင်းရာသီကစားပွဲများကို အခြားကစားပွဲများမကျင်း ပမီ ကျရောက်သော ဆောင်းရာသီတွင်း၌ ကျင်းပလေ့ရှိသည်။ ကမ္ဘာ့အိုလင်းပစ်အသင်းက ဆောင်းရာသီကစားပွဲများ ကျင်းပ ရန်အတွက် သင့်တော်သော နိုင်ငံတစ်ခုခုကို သတ်မှတ်ပေး သည်။

အိုလင်းပစ် ဆောင်းရာသီကစားပွဲ ကျင်းပခဲ့သော ဒေသများနှင့် တရားဝင်မဟုတ်သော်လည်း ဗိုလ်စွဲခဲ့သောနိုင်ငံ များမှာ အောက်ပါအတိုင်းဖြစ်သည်-


ကျင်းပခဲ့သည့်နှစ် ကျင်းပခဲ့ရာဒေသ ဗိုလ်စွဲသည့်နိုင်ငံ[ပြင်​ဆင်​ရန်​]

  • ၁၉၂၄ ရှာမိုနစ် (ပြင်သစ်) နော်ဝေးနိုင်ငံ
  • ၁၉၂၈ စိန်မောရဇ် (ဆွစ်ဇာလန်) -၎င်း-
  • ၁၉၃၂ ပလာဆစ်အိုင် (အမေရိကန်ပြည်ထောင်စု) အမေရိကန်ပြည်ထောင်စု
  • ၁၉၃၆ ဂါမစ်ရှ-ပါတင်ကာချင် (နော်ဝေး) နော်ဝေးနိုင်ငံ
  • ၁၉၄၈ စိန်မောရဇ် (ဆွစ်ဇာလန်) ဆွီဒင်နိုင်ငံ
  • ၁၉၅၂ အော့စလို (နော်ဝေး) နော်ဝေးနိုင်ငံ
  • ၁၉၅၆ ကော့တီနာဒမ်ပက်ဇို (အီတလီ) ဆိုဗီယက်ယူနီယံ
  • ၁၉၆ဝ စကောချိုင့်ဝှမ်း (အမေရိကန်ပြည်ထောင်စု) -၎င်း-
  • ၁၉၆၄ အင်းစဗရွတ် (ဩစတြီးယား) ဆိုဗီယက်ယူနီယံ
  • ၁၉၆၈ ဂရင်းနိုဗဲ (ပြင်သစ်) နော်ဝေးနိုင်ငံ
  • ၁၉၇၂ ဆက်ပိုရို (ဂျပန်) ဆိုဗီယက်ယူနီယံ
  • ၁၉၇၆ ခုနှစ် ဆောင်းရာသီကစားပွဲကို ဩစတြီးယား နိုင်ငံ

အင်းစဗရွတ်မြို့၌ ထိုနှစ် ဖေဖေါ်ဝါရီလအတွင်း ကျင်းပ မည်ဖြစ်၏။

အိုလင်းပစ်ကစားပွဲကို စတင်ကျင်းပသောနေ့တွင် ဂရိ နိုင်ငံအိုလင်းပီယာအရပ်၌ နေ၏အပူရှိန်ဖြင့် ထွန်းည|ိခဲ့၍ ကုန်း တစ်တန်၊ ရေတစ်တန်၊ လေတစ်တန်ဖြင့် ယူဆောင်ခဲ့သော မီး ရှူးတိုင်ကို ကစားကွင်းထဲသို့အရောက် အားကစားသမားများက လက်ဆင့်ကမ်းသယ်ယူခဲ့ပြီးနောက် အိုလင်းပစ်မီးတိုင်ကို တစ် ဆင့်ထွန်းည|ိကြသည်။ ကစားကွင်းရှိထိုမီးတိုင်သည် ပြိုင်ပွဲကျင်း ပနေချိန်အတွင်း အရှိန်မပျက်တောက်လောင်လျက် ရှိစေရသည်။ အိုလင်းပစ်ကစားပွဲကို ကျင်းပရခြင်းသည် နိုင်ငံအချင်းချင်း ပိုမိုရင်းနှီးလာစေ ရန်အတွက်လည်းကောင်း၊ ကိုယ်ကျန်းက စိတ်ရွှင်ဟု ဆိုရိုးရှိသည့်အတိုင်း နိုင်ငံအသီးသီးတွင် ကိုယ် လက်ကြံ့ခိုင်သူ အားကစားသမားအများအပြားပေါ်ထွက်ရန် အတွက်သော်လည်းကောင်း ရည်ရွယ်ပေသည်။ ထို့ကြောင့် အိုလင်းပစ်ကစားပွဲ၏ ဆောင်ပုဒ်မှာ အနိုင်ရခြင်းသည်ပဓာန မဟုတ်၊ ပါဝင်ယှဉ်ပြိုင်ရခြင်းသည် အဓိက ဟူ၍ဖြစ်လေ သည်။ ကမ္ဘာ့အိုလင်းပစ်အသင်းကို စတင်တည်ထောင်သော ဇွန်လ ၂၃ ရက်နေ့ကိုလည်း ကမ္ဘာ့အိုလံပစ်နေ့ဟူ၍ သတ် မှတ်လျက် ထိုနေ့တွင် နိုင်ငံအသီးသီးတို့၌ အားကစားနှင့် ဆိုင် သောအထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလေ့ရှိကြသည်။ [၃]

မှတ်သားရန်များ[ပြင်​ဆင်​ရန်​]

ဒုတိယကမဘာစစ်မတိုင်မီ နောက်ဆုံးကျင်းပခဲ့သော အိုလံပစ်ပွဲတော်မှာ ၁၉၃၆ခုနှစ်၊ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့၊ ဟစ်တလာလက်ထက်တွင် အဆုံးသတ်ခဲ့သည်။ ၁၉၄ဝ နှင့် ၁၉၄၄ ခုနှစ်များတွင် အိုလံပစ်ပွဲတော် မကျင်းပဖြစ်ခဲ့ပေ။

မှတ်သားရန်များ၊ မြန်မာပါဝင်ပတ်သတ်မှု[ပြင်​ဆင်​ရန်​]

၁၉၃၆ တွင်ကမဘာ့အိုလံပစ်ကို မြန်မာနိုင်ငံက ဦးဇော်ဝိတ်သည် အလေးမကစားနည်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သောလည်း သူ့ကျွန်ဘဝကျရောက်နေခဲ့သောကြောင့် မြန်မာနိုင်ငံသားအဖြစ် ပါဝင်ခွင့်မရှိပဲ အိနဒိယနိုင်ငံသားအဖြစ်သာ ယှဉ်ပြိုင်ခဲ့ရသည်။ ၁၉၄၈ခုနှစ်၊ ဒုတိယကမဘာစစ်အပြီး ၁၄ ကြိမ်မြောက် ကမဘာ့အိုလံပစ်ကို အင်္ဪလန်တွင် ကျင်းပခဲ့သည်။ ထိုအချိန်မှသာ မြန်မာနိုင်ငံမှာ လွတ်လပ်သောပြည်ထောင်စုနိုင်ငံတော်အလံကို လွင့်ထူပြီး ကမဘာ့အိုလံပစ်ပွဲတော်တွင် လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် စတင်ယှဉ်ပြိုင်နိုင်ခဲ့သည်။ ၁၉၄၈ခုနှစ်၊ကမဘာ့အိုလံပစ်ပွဲတော်တွင် ပထမဆုံးစတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမား များမှာ စိန်ဖေ(ပြေးခုန်ပစ်၊ မီတာ၁ဝဝ)၊ မျိုးသန့်၊စောဟာဒီ (လက်ဝှေ့)၊ ဝင်းမောင်၊ကျော်ရင် (အလေးမ) တို့ဖြစ်သည်။ မျိုးသန့်(လက်ဝှေ့)သည် First Round တွင် ကနေဒါချန်ပီယံကို အနိုင်ရရှိခဲ့ပြီး ကမဘာ့အိုလံပစ်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်သော မြန်မာနိုင်ငံသားတစ်ယောက်၏ ပထမဆုံးနိုင်ပွဲဖြစ်ခဲ့သော်လည်း Second Round တွင်ရှုံးနိမ့်ခဲ့သောကြောင့် ဆုမရရှိခဲ့ပေ။ ဒုတိယကမဘာစစ်အပြီးတွင် ကနေဒါနိုင်ငံ၊ မွန်ထရီရယ်အိုလံပစ် တစ်ကြိမ်မှလွဲပြီး မြန်မာနိုင်ငံက အိုလံပစ်ပွဲတော်များကို ပုံမှန်ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သည်။ အခြားမှတ်သားရန်မှာ အိုလံပစ်အမည်ကို ကျင်းပသောမြို့အမည်နှင့်သာတွဲခေါ်ပြီး ကမဘာ့ဖလား ဘောလုံးပြိုင်ပွဲများ တွင်မူ ကျင်းပသောနိုင်ငံအမည်နှင့်တွဲခေါ်လေ့ရှိသည်။ ဥပမာ-မွန်ထရီရယ်အိုလံပစ်၊ Brazil World Cup [၄]


အကိုးအကား[ပြင်​ဆင်​ရန်​]

  1. အင်္ဂလိပ်ဝီကီ
  2. အိုလံပစ်၊ ရေးသားသူ-ဗဟိုသိမ်းဆောင်၊၁၉၇၀ စာပေဗိမာန်တိုက်ထုတ်
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
  4. ခင်မောင်ထွေး (ပျဉ်းမနား)- ဝါရင့်အားကစားကလောင်ရှင်- နှုတ်မှတ်တမ်း by WinThantYinOo