အားကစားနှင့်ကာယပညာဦးစီးဌာန

ဝီကီပီးဒီးယား မှ
အားကစားနှင့်ကာယပညာဦးစီးဌာန
မြန်မာနိုင်ငံတော်အစိုးရအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၉၇၂
ဌာနချုပ်ရုံးအမှတ် (၃၁)၊ နေပြည်တော်မြန်မာနိုင်ငံ
ဝန်ကြီးများဦးမင်းသိန်းဇံ
ဌာနအကြီးအမှူးများဦးထွန်းမြင့်ဦး၊ ​ညွှန်ကြားရေးမှူးချုပ်
ဦး​ကျော်ဦး၊ ဦး​ကျော်ဆန်း၊ ဦး​ကျော်ဆန်းဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ
ဝက်ဘ်ဆိုက်spedmyanmar.com

အားကစားနှင့်ကာယပညာဦးစီးဌာနသည် မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်သည်။ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ၆ ကျောင်းအပါအဝင် ဌာနခွဲ ၁၅ ခု ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၆၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာကော်မတီကို ကျန်းမာရေးဝန်ကြီးက ဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာ​ကော်မတီရုံး ညွှန်ကြား​ရေးမှူးချုပ်မှ အတွင်းရေးမှူးအနေဖြင့် တာဝန်ယူကာ ဖွဲ့စည်းခဲ့သည်။ ၁၉၇၂တွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် "အားကစားနှင့်ကာယပညာဦးစီးဌာန"အနေဖြင့် ဖွဲ့စည်းကာ ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းကာ ဖွဲ့စည်းခဲ့သည်။ အားကစား ဝန်ကြီးဌာန ဖွဲ့စည်းချိန်တွင် အားကစားဝန်ကြီးဌာနအောက်သို့ ပြောင်း၍ ဖွဲ့စည်းကာ ၂၀၁၆ခုနှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်တွင် ထားရှိသည်။

၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းပြီးနောက် ၎င်းအောက်သို့ ပြောင်းရွှေ့ ဖွဲ့စည်းခဲ့သည်။[၁][၂][၃]

အကြီးအကဲများ[ပြင်ဆင်ရန်]

  1. ဦးမောင်မောင်ကလေး (၁၉၅၁ - ၁၉၅၃)
  2. ဦးဇော်ဝိတ် (၁၉၅၃ - ၁၉၆၄)
  3. ဗိုလ်မှူးကြီး ဂွမ်ရှိန် (၁၉၆၄ - ၁၉၇၈)
  4. ဗိုလ်မှူးကြီး ထွန်းငြိမ်း (၁၉၇၈ - ၁၉၈၁)
  5. ဗိုလ်မှူးကြီး ကျော်စိန်ထွန်း (၁၉၈၁ - ၁၉၈၄)
  6. ဗိုလ်မှူးကြီး အောင်ဒင် (၁၉၈၄ - ၁၉၉၂)
  7. ဗိုလ်မှူးကြီး မြင့်ထွန်း (၁၉၉၂ - ၁၉၉၄)
  8. ဗိုလ်မှူးကြီး ထွန်းစိန် (၁၉၉၄ - ၁၉၉၆)
  9. ဗိုလ်မှူးကြီး လှမြင့်ကျော် (၁၉၉၆ - ၁၉၉၉)
  10. ဦးသောင်းထိုက် (၁၉၉၉ - ၂၀၁၂)
  11. ဦးမျိုးလှိုင် (၂၀၁၂ - ၂၀၂၁)
  12. ဦးထွန်းမြင့်ဦး (၂၀၂၁ - လက်ရှိ)

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

  • စီမံခန့်ခွဲ​ရေးနှင့် ဘဏ္ဍာ​ရေးဌာနခွဲ
  • ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၁)
  • ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂)
  • လူထုအားကစားနှင့် ပညာပေးဌာနခွဲ
  • အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ
  • အားကစားကွင်းနှင့် အားကစားရုံဌာနခွဲ
  • အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
  • အားကစားစီမံကိန်းနှင့် သုတေသနဌာနခွဲ
  • အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တ​လေး၊ ​တောင်ကြီး၊ ​မော်လမြိုင်၊ လွိုင်​ကော်၊ မုံရွာ)

ကိုးကား[ပြင်ဆင်ရန်]