တယ်လီဖုန်း
တယ်လီဖုန်းသည် ကမာ္ဘပေါ်ရှိ တစ်နေရာမှ တစ်နေရာသို့ ဆက်သွယ် စကားပြောရန် နည်းပညာနည်းအရ ပြုလုပ်ထားသော အရာဖြစ်သည်။
[ပြင်ဆင်ရန်] တယ်လီဖုန်း တီထွင်သူ
၁၈၇၆-ခုနှစ်တွင် အမေရိကန်နိုင်ငံမှ အလက်ဇန္ဒား ဂရေဟမ် ဘဲလ် ဆိုသူက တီထွင်ခဲ့သည်။ ထိုနှစ်မတိုင်မီ ၁၈၇၅-ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်းမှာ ဝါယာကြိုးတစ်ခုတည်းနှင့် တစ်ချိန်တည်း တယ်လီဂရပ် သတင်းများကို ပေးပို့နေရင်း ပေါ်လာသော စိတ်ကူးနှင့် ဘော့စတွန်မြို့၌ လက်တွေ့ စမ်းသပ်ပြုလုပ်ခဲ့သည်။ သံမဏိချောင်းများ ခွေထားသော စပရင်တစ်စုံကို အသုံးပြုခဲ့သည်။ အသံဖမ်းစက် ဆင်ထားသည့် အခန်းမှာ သူက လုပ်ဆောင်နေသည်။ သူ၏ လက်ထောက် သောမတ်စ်ဝပ်ဆင်က အသံပို့စက်ရှိသော နောက်အခန်းတစ်ခုမှာ လုပ်ဆောင်နေသည်။ သံလိုက်ပေါ်မှ အသံများ တုန်ခါနေစဉ် သံမဏိချောင်းများက ဝိုင်ယာကြိုးကို ဖြတ်စီးနေသော စီးကြောင်းအား ပြောင်းလဲနေပုံကို လေ့လာစူးစမ်းကြပြီး တယ်လီဖုန်းကို စတင် တီထွင်ခဲ့လေသည်။ [၁]
- တီထွင်သူ ....အလက်ဇန္ဒား ဂရေဟမ်ဘဲလ်
- လူမျိုး .........ကနေဒါ။
- ခုနှစ် ............ ၁၈၆ဝ ။
- ရည်ရွယ်ချက် ..စကားပြောဆက်သွယ်ရေး ။
- တိုးတက်မှုရလဒ် ....ယနေ့ခေတ် ဆက်သွယ်ရေး၊ မိုဘိုင်းဖုန်း--Mayor mt 09:09, 19 အောက်တိုဘာ 2009 (UTC)
[ပြင်ဆင်ရန်] ခေတ်အဆက်ဆက် တယ်လီဖုန်းပုံစံများ
http://commons.wikimedia.org/wiki/Telephone
[ပြင်ဆင်ရန်] ကိုးကား
- ↑ ခင်မောင်ဇော်၏ တီထွင်မှုများ