သတင်းစာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်[ပြင်​ဆင်​ရန်​]

သတင်းစာသည် လူထုနှင်မကင်းကွာရသော ကြေညာမောင်းသမား ကြီး၊ ကမ္ဘာ့ကြည့်မှန်တစ်ချပ်ဟုလည်း တင်စားခေါ်ဝေါ်ကြ၏။ သတင်းစာ လုပ်ငန်းသည် အချိန်လု၍လုပ်ရသောလုပ်ငန်းဖြစ်သည်။ သတင်းစာ ပုံနှိပ် ထုတ်လုပ်ပုံ၊ သတင်းစာနှင့်ကြော်ငြာ၊ သတင်းစာတိုက်များ စုပေါင်းလုပ်ကိုင်ရေးစံနစ် စသည်တို့ကို စုံလင်စွာဖော်ပြထားသည်။

သတင်းစာ[ပြင်​ဆင်​ရန်​]

မိနစ်နာရီနှင့်အမျှ နေ့စဉ်ဖြစ်ပျက်ပြောင်းလဲနေသော လူ့လောက အခြေအနေကို သတင်းစာကဖော်ပြပေသည်။ သတင်းစာ၏ ကျေးဇူးကြောင့် မြို့ရေး၊ ရွာရေးမှအစ ကမ္ဘာ့ရေးရာသတင်းများတိုင်အောင် အချိန်မီမှန်မှန်ကြီး ကျွန်ုပ်တို့သိရှိနေရသည်။ ယင်းသို့ အချိန်မှီ လူထုလက်သို့အရောက် သတင်း ဖြန့်ချီရသောလုပ်ငန်းသည် သက်သာလွယ်ကူလှသည်မဟုတ်ပေ။ တစ်ခါတစ် ရံ အခက်အခဲ အတိုက်အခံအမျိုးမျိုးတို့ကို ကျော်နင်း၍ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ကြရသည်လည်းရှိသည်။ သတင်းစာလုပ်ငန်းကား ကိုယ်ရောစိတ် ပါအပင်ပန်းခံ၍ လုပ်ကိုင်ရသည်။ ကိုယ်ရောစိတ်ပါအပင်ပန်းခံ၍ လုပ်ကိုင်ရ သလောက် စိတ်ဝင်စားဖွယ်လည်းကောင်းလှပေသည်။

သတင်းစာသည် အမည်နှင့်လိုက်လျောညီစွာ သတင်းများကို စာ ဖြင့် ရေးသားဖော်ပြထားခြင်းဖြစ်သည်။ သတင်းစာလုပ်ငန်း၏ အဓိကအ ချက်မှာ သတင်းဖြန့်ချီမှုပင်တည်း။ သတင်းစာများမပေါ်မီ ရှေးရှေးအခါက မိမိတို့ နယ်ပယ်အတွင် ရန်သူများချဉ်းကပ်လာကြောင်း ကင်းစခန်းတစ်ခုမှ တစ်ခုသို့ အုန်းမောင်း၊ သို့မဟုတ် ကုလားတက်(ကလတက်)များကို သံတို သံရှည်ခေါက်၍ အချက်ပေးသတင်းပို့ရသည်။ သားရေဖြင့် ကြက်ထားသော စည်များကိုရိုက်တီး၍ တစ်စခန်းမှတစ်စခန်း၊ တစ်ရွာမှတစ်ရွာသို့ သတင်း ပေးပို့လေ့လည်းရှိခဲ့သည်။ မြန်မာမင်းများလက်ထက်ကမူ အမိန့်တော်ပြန် တမ်းများကို မောင်းကြေးနင်းခတ်၍ မြို့ရွာများတွင် သတင်းဖြန့်ချီကြရလေ သည်။

ကမ္ဘာတွင် သတင်းစာသဘောမျိုး သက်ရောက်သော သတင်းဖြန့် ချီမှုသည် လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ နီးပါးကဖြစ်သော ရောမဘုရင် ဂျူးလယက်ဆီဇာ၏ လက်ထက်ကစတင်ခဲ့သည်ဟုဆိုကြသည်။ ထိုစဉ်က ရောမအင်ပိုင်ယာအတွင်းဖြစ်ပျက်သော အများပြည်သူတို့နှင့် သက်ဆိုင်သည့် သတင်းစာများကို နန်းတော်နံရံလူမြင်ကွင်း၌ ကပ်ထားလေ့ရှိသည်။ ယင်းသို့ အက်တာဒိုင်ယာနာဟုခေါ်၍ နေ့စဉ်ပြန်တမ်းဟူသော အဓိပ္ပါယ်ရှိသည်။ ထို ပြန်တမ်းကို စာကူးစာရေးများကကူးယူပြီးလျှင် ရပ်ဝေးနေ နိုင်ငံရေး၊ စီးပွား ရေးပိုင်းမှ ပုဂ္ဂိုလ်ကြီးများထံသို့ ပို့ပေးကြသည်။ တရုတ်နိုင်ငံတွင်လည်း ခု နစ်ရာစုနှစ်ခန့်က အလားတူနည်းမျိုးဖြင့် သတင်းဖြန့်ချီခဲ့သည်ဟုဆိုသည်။ နောင်အခါ တရုတ်တို့သည်စာလုံးများကို သစ်သား၌ထွင်းပြီး ဘလောက်နှိပ် ကဲ့သို့ စက္ကူပေါ်နှိပ်ယူသည့်စနစ်ကို တီထွင်ကာ မိုင်းကိုင်စက္ကူပေါ်တွင် စာ လုံးများကိုပုံနှိပ်ခဲ့သည်။ ယင်းသို့ဖြင့် ပုံနှိပ်သတင်းစာသည် တရုတ်နိုင်ငံမှ စတင်ခဲ့လေသည်။

တရုတ်နိုင်ငံမှ ပုံနှိပ်စာလုံးများသည် အက္ခရာ အလိုက်ခွဲခြားထား ခြင်းမရှိဘဲ ဝေါဟာရအလိုက် တွဲထားသောစာလုံးများဖြစ်သည်။ ဂျာမန်လူ မျိုး ဂူးတင်းဗတ်သည် ဗျည်းအက္ခရာတစ်လုံးစီခွဲ၍သုံးနိုင်သော စာပုံနှိပ်စက် မျိုးကို တီထွင်လိုက်ပြီးသည့်နောက်တွင် ဥရောပနိုင်ငံများ၌ ပုံနှိပ်သတင်းစာ များထွက်ပေါ်လာခဲ့သည်။ သို့သော် အချိန်မှန် ရက်မှန်မဟုတ်သေးချေ။ ၁၉ဝ၉ ခုနှစ်တွင် ဂျာမနီနိုင်ငံမှလည်းကောင်း၊ ၁၆၁၆ ခုနှစ်တွင် ဗဲလဂျီယမ်နိုင်ငံ အန့်တွပ်မြို့မှလည်းကောင်း၊ ၁၆၂၂ ခုနှစ်တွင် အဂ‡လန်ပြည် မှလည်းကောင်း အချိန်မှန်ရက်မှန်ထုတ်ဝေသော သတင်းစာများပေါ်ထွက်လာ ခဲ့သည်။ ပြင်သစ်၊ အမေရိကန်စသောအခြားနိုင်ငံများမှလည်း သတင်းစာများ သည် ရှေ့ဆင့်နောက်ဆင့်ဆိုသကဲ့သို့ ပေါ်ထွက်လာခဲ့သည်။

မြန်မာနိုင်ငံတွင်မူ ၁၈၃၆ ခုနှစ်တွင် အဂ‡လိပ်ဘာသာဖြင့် ထုတ် ဝေသော မော်လမြိုင်ခရောနီကယ်သတင်းစာမှ အစပြု၍ မြန်မာနိုင်ငံတွင် သတင်းစာလုပ်ငန်းစတင်ခဲ့လေသည်။ ထိုနောက် ခရစ်ယန်နှစ်ခြင်း သာသနာ ပြုအဖွဲ့က ကရင်ဘာသာဖြင့်ထုတ်ဝေသော မိုးသောက်ကြယ်(မောနင်းစတား) နှင့် မြန်မာဘာသာဖြင့်ထုတ်ဝေသော ဓမ္မသတင်းစာတို့သည် ၁၈၄၁ ခုနှစ် နှင့် ၁၈၄၂ ခုနှစ်တို့တွင် အသီးအသီးပေါ်ထွက်ခဲ့သည်။ မင်းတုန်းမင်းတရား ကြီး လက်ထက်တွင်ပေါ်ထွက်ခဲ့သော ရတနာပုံ သတင်းစာ(၁၈၇၄) သည် မြန်မာပိုင် ပထမဆုံးမြန်မာသတင်းစာဟုဆိုကြလေသည်။ (မြန်မာနိုင်ငံ သတင်းစာများ - လည်းရှု။)

သိပ္ပံပညာရပ်များ ထွန်းကားလာခြင်းကြောင့် သတင်းစာများတွင် များစွာ အကျိုးကျေးဇူးရှိခဲ့သည်။ ကြေးနန်း၊ စကားပြောကြေးနန်း၊ ရေ အောက်ကြေးနန်း၊ ကြိုးမဲ့ကြေးနန်းစသည်တို့ ပေါ်ပေါက်လာသဖြင့် နာရီ မဆိုင်း နေ့ရက်မဆိုင်းဘဲ သတင်းဦးသတင်းထူးတို့ကို လောလောလတ်လတ် သတင်းစာဖတ်ပရိသတ်များက သိရှိနိုင်ခဲ့သည်။ တိုင်းပြည် နိုင်ငံအသီးအသီး ၌လည်း သတင်းစာများပိုမိုထွက်ရှိလာရာ ကမ္ဘာ၌ စာမတတ်သူဦးရေအများ ဆုံးရှိသော အာဖရိကတိုက်၌ပင် နေ့စဉ်သတင်းစာ အများအပြား ထုတ်ဝေ လျက်ရှိလေပြီ။ ယခုအခါ ကမ္ဘာ့နိုင်ငံကြီးများတွင် ပလူပျံသကဲ့သို့ နေ့စဉ် ထွက်လျက်ရှိနေသော သတင်းစာစောင်ရေများသည် ၂၅၅ သန်းကျော် သည်။ ဘာသာအမျိုးမျိုးဖြင့် ထုတ်ဝေလျက်ရှိကြရာ အချို့သတင်းစာများ သည် တစ်မြို့တစ်နယ်အတွက်ဖြစ်သည်။ အချို့သည် ပြည်နယ်တစ်ခုအတွက် ဖြစ်သည်။ အချို့သည်တစ်နိုင်ငံအတွက်ဖြစ်သည်။ နိုင်ငံကြီးများမှ သတင်းစာ ကြီးများကိုမူ ကမ္ဘာ့နိုင်ငံကြီးများသို့ပင် တင်ပို့ကြရလေသည်။ သတင်းစာပေါ်ထွက်စခေတ်က သတင်းစာဖတ်ပရိသတ်နည်းခဲ့ သော်လည်း တစ်ခေတ်ထက်တစ်ခေတ်၊ တစ်နှစ်ထက်တစ်နှစ် တိုးတက်များ ပြားလာသည်။

ယခုအခါ သတင်းစာသည် အများသုံးပစ္စည်းတစ်ခုဖြစ်နေ၍ သတင်းစာဖတ် သည့်အလုပ်ကို ထမင်းစားရေသောက်သကဲ့သို့ နေ့စဉ် ဆောင် ရွက်ကြရသည်။ သတင်းစာဖတ်သူဦးရေ အများဆုံးသည် ဥရောပတိုက်ဖြစ်၍ ဒုတိယ အများ ဆုံးသည် မြောက်အမေရိကတိုက် (ကနေဒါနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု) ဖြစ်သည်။ အဂ‡လိပ်လူမျိုးများသည် သတင်းစာမဖတ်ရဘဲ မနေနိုင်ကြသကဲ့သို့ ဆွီဒင်၊ လပ်ဇင်ဗတ်၊ အိုက်စလန်၊ 0x100သစတြေးလီးယား နှင့် ဂျပန်နိုင်ငံသားတို့သည်လည်း ထိုနည်းအတူပင်ဖြစ်ကြလေသည်။

သတင်းစာပေါ်ထွက်စက နန်းတွင်းသတင်း၊ နိုင်ငံရေးသတင်း လောက်သာ ရေးသားထုတ်ဝေခဲ့ကြသော်လည်း စီးပွားရေး၊ လူမှုရေး သတင်းများကိုလည်း တစ်စတစ်စဖြည့်စွက်လာကြသည်။ ကုန်ပစ္စည်း ကြော် ငြာများ၊ စာပေအနုပညာ၊ ဥပဒေ၊ ရုပ်ရှင်သတင်းများဖြင့် ဝေဝေဆာဆာ ဖြစ်လာကြသည်။ တဖြည်းဖြည်းဖြင့် သတင်းစာများတွင် မဂ္ဂဇင်းကဏ္ဍများ ကိုလည်း ထည့်သွင်းလာကြ၍ စီးပွားရေးကိုအသားပေးသော သတင်းစာ၊ အားကစားရေးကိုအသားပေးသော သတင်းစာစသည်ဖြင့် အမျိုးမျိုးခွဲခြားပြီး ထုတ်ဝေသောသတင်းစာများလည်း ရှိပေသည်။ ပုဂ္ဂလိကပိုင်၊ လူတစ်စုပိုင်၊ အစိုးရပိုင်သတင်းစာများရှိကြရာ ပုဂ္ဂိုလ်စွဲအလိုက် အားပေးရေးသားမှုလည်း ရှိပေသည်။ ပါတီစွဲ၏ ဝါဒစွဲအလိုက် ရေးသားသောသတင်းစာများလည်း ရှိ ပေသည်၊

သတင်းစာကောင်းတို့မည်သည် မည်သည့်အစိုးရကိုပင်ဖြစ်စေ မျက်နှာမထောက်၊ နိုင်ငံနှင့်လူထု အကျိုးရှိရေးအတွက်ဟုတ်တိုင်းမှန်ရာကို ညွှန်ပြဝေဖန်ရေးသားရသည်။ သတင်းစာတကာတွင် စစ်သတင်း၊ ကာမမှုနှင့် ရာဇဝတ်မှုသတင်းတို့သည် သတင်းစာရောင်းအကောင်းဆုံးသော သတင်းများ ဖြစ်ကြသည်။ သို့သော် ထိုသတင်းစာမျိုးကား 'သတင်းစာ၊ အဖျင်းစာ' ဟု ခေါ်ဆိုထိုက်၍ အဆင့်အတန်းနိမ့်ကျသော သတင်းစာမျိုးသာဖြစ်သည်။ အချို့နိုင်ငံများ၌ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း(စာနယ်ဇင်း) တို့လွတ်လပ်စွာ ရေးသားခွင့်မပြုဘဲ ချုပ်ချယ်မှုရှိသည်။ ဒီမိုကရေစီဝါဒထွန်းကားသော နိုင်ငံ များ၌မူ စာနယ်ဇင်းတို့လွတ်လပ်ခွင့်ရှိကြသည်။

မြန်မာနိုင်ငံတွင် သက်ဦးဆံပိုင်ခေတ်ဖြစ်သည့် မင်းတုန်းမင်း လက်ထက်၌ ရတနာပုံသတင်းစာကို လွတ်လပ်စွာရေးသားခွင့်ပြုခဲ့သည်။ ယင်းကိစ္စနှင့်စပ် လျဉ်းသော မင်းတုန်းမင်းတရားကြီးအမိန့်တော်မှာ - ငါမကောင်းလျှင်၊ ငါ့ကိုရေး။ ငါ့မိဖုရားမကောင်းလျှင်၊ မိဖုရားကိုရေး။ ငါ့သားသမီးမကောင်းလျှင်၊ သားသမီးကိုရေး။ လွှတ်တရားသူကြီးမကောင်းလျှင်၊ လွှတ်တရားသူကြီးကိုရေး။ မင်းတို့သတင်းစာ၌အပြစ်မရှိ။ နန်းတော်တွင်းသို့ သတင်းစာတိုက် က မည်သူမဆို၊ အဆီးအတားမရှိ ဝင်စေ ထွက်စေ ဟူ၍ ဖြစ်သည်။ မြန်မာသတင်းစာဆရာတို့၏ဘိုးအေဟု ခေါ်ဆိုထိုက်သော ဘိုးဝဇီ ရသည် မင်းတရားကြီး၏အမိန့်တော်ကို ရတနာပုံသတင်းစာ၌ ဂုဏ်ယူကာ ဖော်ပြထားလေသည်။

လူစဉ်မှီမှီနေထိုင်ရေးအတွက် နားမျက်စိ အဂ‡ါတို့သည် အရေးပါ လှသည့် နည်းတူ ဒီမိုကရေစီနိုင်ငံတို့အတွက် သတင်းစာသည်လည်း အရေး ပါလှပေ သည်။ သတင်းစာ၏အရေးပါပုံကို အမေရိကန်သမ္မတ တစ်ဦးဖြစ်ခဲ့ သူ တောမတ်ဂျက်ဖာဆန်က ဤသို့ဆိုခဲ့သည်။ တိုင်းပြည်တစ်ခုကို ကိုယ်စားပြုသော သတင်းစာတစ်စောင်သာ ဖန်တီးခွင့်ရပါစေ။ ထိုတိုင်းပြည်၏ တရားဥပဒေတို့ကို မည်သူပင်ပြုပြု ကျွန်ုပ်မမှုပါ။

ပုံနှိပ်တိုက် လွတ်လပ်မှုရှိသည်ဟုဆိုကြသော အမေရိကန်နှင့် အဂ‡ လန်တို့၌ပင် စိတ်ရှိသလောက် လွတ်လပ်စွာရေးသားနိုင်ကြသည်မဟုတ်ချေ။ မိမိတို့သတင်းစာတိုက်အား ငွေကြေးထောက်ပံ့အားပေးသူတို့ကို ငဲ့ည|ာရသည် ကတစ်ကြောင်း၊ မိမိ၏သတင်းစာ လူကြိုက်များမှုကို ကြည့်ရသည်ကတစ်ဖုံ တို့ကြောင့် များစွာသောသတင်းစာတို့သည် အချုပ်အချယ်မကင်းလှကြပေ။ စစ်ကာလအခါများတွင်မူ သတင်းစာများအပေါ် အစိုးရ၏ ချုပ် ချယ်မှုများ ပိုမို၍ရှိလာသည်။ သတင်းများကို အစိုးရ၏ အဖြတ်အတောက် ကိုခံယူပြီးမှ ထည့်သွင်းရသည်။ သို့ရာတွင် စစ်အောင်နိုင်ရေးအတွက် စာ နယ်ဇင်းတို့၏အရေးပါပုံကို အစိုးရများသိရှိကြသည်။ ထိုကြောင့်လည်း တတ်နိုင်သမျှ အခွင့်အရေးများကိုပေးကြသည်။ စစ်သတင်းများ အတိအကျ ရနိုင်ရေးအတွက် စစ်သတင်းထောက်များကို စစ်ယူနီဖောင်းဝတ်၍ စစ်စခန်း များ၌ နေခွင့်ပြုသည်။ အချို့ စစ်သတင်းထောက်များသည် ရှေ့တန်းစစ်မျက် နှာများသို့လိုက်၍ သတင်းယူယင်း တိုက်ပွဲတွင်ကျဆုံးခဲ့ရသည်များလည်းရှိ ကြပေသည်။ ပထမနှင့်ဒုတိယ ကမ္ဘာစစ်နှစ်ခုလုံးအတွင်း၌ပင် ထိုနည်းနှင်နှင် ဖြစ်ခဲ့သည်။ စစ်သတင်းရနိုင်ရေးကား မလွယ်ကူလှပေ။ အသက်ပင်အဆုံး အရှုံးခံ၍ ထောက်လှမ်းစုံစမ်းကြရပေသည်။

ပထမကမ္ဘာစစ်ကာလအတွင်း အနောက်တိုင်း သတင်းစာလောက ၌ ထူးခြားချက်တစ်ရပ်မှာ တနဂ‡နွေနေ့ထုတ်သတင်းစာများကို အောင်မြင်စွာ ထုတ်ဝေနိုင်ခြင်းဖြစ်သည်။ ၁၉ဝဝ ပြည့် မတိုင်မီကပင် တနဂ‡နွေနေ့တွင် သတင်းစာထုတ်ဝေရန် စိုင်းပြင်ခဲ့ကြသော်လည်း အယူသည်းခရစ်ယန်ဂိုဏ်း သားများ၏ ကန့်ကွက်မှုကြောင့်မထုတ်ဝေနိုင်ခဲ့ကြပေ။ သို့သော် စစ်ကာလ တွင်မူ စစ်သတင်းကို အမြဲမပြတ်နားစွင့်နေကြသဖြင့် အယူဝါဒနှင့်ဆန့်ကျင် မှုကို မစဉ်းစားနိုင်ကြတော့ဘဲ တနဂ‡နွေသတင်းစာများကို အလုအယက်ပင် ဝယ်ယူဖတ်ရှုကြလေရာ တနဂ‡နွေသတင်းစာထုတ်ဝေရေးသည် ထိုမှစ၍ အောင်မြင်ခဲ့သည်။ သတင်းစာများသည်လည်း နိုင်ငံတွင်းသတင်းများထက် စစ်သတင်းများကိုသာ သူ့ထက်ငါ အသားပေးထည့်သွင်းကြလေသည်။

ကမ္ဘာ့နိုင်ငံကြီးများတွင် သတင်းစာကို စတုတ္ထမဏ္ဍိုင်ဟူ၍ ဂုဏ် တင်ခေါ်ဝေါ်ကြသဖြင့် ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း ထိုအခေါ်အဝေါ် ခေတ်စားလျက်ရှိသည်။ ယင်းသို့ခေါ်ဝေါ်ရခြင်းအကြောင်းမှာ ပြင်သစ်နိုင်ငံ၌ တိုင်းရေးပြည်ရာများတွင် သာသနာ့ဝန်ထမ်း ရဟန်းများကို ပထမမဏ္ဍိုင်၊ မင်းစိုးမှူးမတ်တို့ကို ဒုတိယမဏ္ဍိုင်၊ နိုင်ငံလူထုကိုကား တတိယမဏ္ဍိုင် ဟူ၍ တင်စားခေါ်ဝေါ်ခဲ့သည်။ ယင်းသို့ နိုင်ငံရေး၌0x100သဇာညောင်းသော ရဟန်းရှင် လူ၊ အစိုးရ သုံးဦးကို မဏ္ဍိုင်ကြီးတစ်ခုသဖွယ် တင်စားသည်ကို အတုယူပြီး လျှင် ဗြိတိသျှပါလီမန်အမတ် အက်ဒမန်ဗတ် (ခရစ် ၁၇၂၉-၉၇) က သတင်းစာကို စတုတ္ထမဏ္ဍိုင်ဟူ၍ တင်စားခေါ်ဝေါ်ခဲ့လေသည်။ သတင်းစာကို စတုတ္ထမဏ္ဍိုင်အရာ၌ထားကာ အဘယ်ကြောင့် အားကိုးအားထားပြုရပါသနည်း။ စတုတ္ထမဏ္ဍိုင်ဟူသောဂုဏ်အဂ‡ါဖြင့် ထိုက် တန်သော သတင်းစာကောင်းတို့မည်သည် နိုင်ငံနှင့်လူထုအကျိုးကို ပထမ ဆုံးနေရာ၌ထားရသည်။ သတင်းစာဟူသည် တိုင်းသူ ပြည်သားများနှင့် တစ်ကွ ခပ်သိမ်းသောအရာတို့တွင် အဆက်မပြတ်စိတ်ဝင်စားတတ်သော သဘောရှိသည်။ ပြည်သူလူထုနှင့် သတင်းစာသည် မကင်းကွာဘဲ ဆက်စပ် နေရသည်။ လူတစ်ယောက်တွင် ခိုးမှုတစ်ခုဖြစ်သည်ဖြစ်စေ၊ လက်နက်ဆန်း တစ်ခုကို တီထွင်လိုက်သည်ဖြစ်စေ သတင်းစာက မှတ်တမ်းတင်လိုက်သည်။ ပုဂ္ဂိုလ်ကြီးတစ်ဦးက မိန့်ခွန်းတစ်ရပ်ကို ယနေ့ပြောကြားလိုက်လျှင် နက်ဖန် နံနက်တွင် သတင်းစာက တစ်ကမ္ဘာလုံးသို့ သတင်းဖြန့်ချိပေးလိုက်လိမ့်မည်။ ယင်းသို့ဖြင့် သတင်းစာသည် ပြည်သူလူထုနှင့်မကင်းကွာသော 'ကြေညာ မောင်းသမားကြီး' ဖြစ်လေသည်။

သတင်းစာကို ကမ္ဘာကြည့် ှန်တစ်ချပ်ဟုလည်း ဆိုနိုင်သည်။ တစ် ကမ္ဘာလုံးမှ အရိပ်များသည် ထိုကြည့်မှန်ထဲတွင်လာ၍ ထင်သကဲ့သို့ ကမ္ဘာ အရပ်ရပ်၌ ဖြစ်ပျက်သောသတင်းအမျိုးမျိုးသည် သတင်းစာ၌လာ၍ထင်ကြ သည်။ ထိပ်တန်းနိုင်ငံကြီးများတွင်ဆိုလျှင် ညနေပိုင်းထုတ်သတင်းစာ တစ် စောင်ကိုဖတ်လိုက်လျှင် ထိုနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ဖြစ်ပျက်ခဲ့သော သတင်းများကို သိရှိနိုင်ကြသည်။ သတင်းစာထဲ၌ပါလာသော စာပိုဒ် တစ်ပိုဒ်သည် အံ့0x100သဖွယ်ရာခရီးကို ဖြတ်သန်းလာခဲ့ရလေသည်။ သတင်းစာလုပ်ငန်းသည် ဘောလုံးသမားများကဲ့သို့ အဖွဲ့အစည်း အလိုက် ညီညာဖျဖျ လုပ်ကိုင်ရသောအလုပ်မျိုးဖြစ်သည်။ အပေးအယူ တာ ဝန်ခွဲဝေမှု မျှတညီညွတ်မှသာလျှင်အောင်မြင်သည်။ သတင်းစာလုပ်ငန်းတွင် သတင်းရှာဖွေစုဆောင်းသူ သတင်းထောက်၊ သတင်းစီစဉ်တည်းဖြတ်၍ ဝေ ဘန်ချက်ရေးသားပေးသူအယ်ဒီတာ တည်းဖြတ်၍ ဝေဘန်ချက် ရေးသားပေး သူအယ်ဒီတာ(စာတည်း)၊ သတင်းစာဖြစ်အောင် ပုံနှိပ်ထုတ်ဝေသူများစသည် ဖြင့် အကြမ်းဖျင်းအားဖြင့်ပါဝင်ရာထိုသူများသည် တစ်ဦးနှင့်တစ်ဦး အဆက် အသွယ်အပေးအယူ ညီညွတ်စွာဖြင့်မဆောင်ရွက်ခဲ့လျှင် သတင်းစာ လုပ်ငန်း သည် တစ်နေ့တွင်ပျက်စီးမည်သာတည်း။

ခေတ်မှီသတင်းစာတိုက်ကြီး တစ်တိုက်သို့သွားရောက်ကြည့်ရှုလျှင် အယ်ဒီတာ သတင်းထောက်စသည်တို့မည်မျှ အလုပ်ရှုပ်နေကြသည်ကို တွေ့ ကြရပေလိမ့်မည်။ သတင်းဆိုင်ရာအယ်ဒီတာ၏ စားပွဲပေါ်တွင် နောက်ဆုံး ဖြစ်ပျက်သော သတင်းများကိုရေးသားထားသည့် စာရွက်များဖြင့်ပြည့်နှက်နေ ပေသည်။ အယ်ဒီတာသည် ထိုသတင်းများအနက်မှ အရေးကြီးသောသတင်း၊ ထည့်သင့်ထည့်ထိုက်သောသတင်းများကို ရွေးထုတ်စီစစ်ရသည်။ ထည့်သွင်း မည့်သတင်းများကို လိုအပ်သလိုဖြတ်တောက် ဖြည့်စွက်ပြင် ဆင်တည်းဖြတ် ရသည်။ ဥပဒေဖြင့် မညိစွန်းစေရန်လည်း ဂရုပြုရလေသည်။

သတင်းစာတိုက်များတွင် သတင်းထောက်ကောင်းများရှိရန် လို အပ်လှသည်။ သတင်းထောက်ကောင်းတို့မည်သည် သတင်းယူရာတွင် ကျင် လျင်နှံ့စပ်၍ အကင်းပါးပြီးလျှင် အပေါင်းအသင်းဆံ့ရသည်။ တန်ဖိုးရှိသော သတင်းဟုတ်မဟုတကို အကဲဖြတ်ဆုံးဖြတ်နိုင်ရသည်။ မည်သည့်သတင်းမျိုး ကိုမဆို သတင်းထောက်သည် ဟုတ်မှန်သည့်အချက်အလက်များကိုသာ တိတိကျကျယူရသည်။ အရေးအကြီးဆုံးမှာ အခြားသတင်းစာတိုက်တို့ထက် သတင်းဦးသတင်းထူးရရန် နေ့ရက်အချိန်အခါမရွေး သတင်းလိုက်နိုင်ရခြင်း ဖြစ်ပေသည်။

ရပ်ဝေး သတင်းထောက်များသည် အလျင်လိုလျှင်လိုသလို အရေး ကြီးလျှင်ကြီးသလို သက်ဆိုင်ရာ သတင်းစာတိုက်သို့ စကားပြောကြေးနန်း၊ ကြေးနန်းစာတို့ဖြင့် သတင်းပို့ပေးကြရသည်။ သတင်းစာတိုက်များသည် နိုင် ငံခြားသတင်းများကို ရိုက်တာ၊ အက်ဆိုစီယိတ်တက်ပရ်၊ ယူနိုက်တက် ပရက်၊ အင်တာနေရှင်နယ်နယူးဆားဗစ် ဟူသောသတင်းဖြန့်ချီရေး အဖွဲ့ကြီး များမှသတင်းများကိုဝယ်ယူကြရသည်။ ထိုအဖွဲ့ကြီးများသည် ကမ္ဘာအရပ်ရပ် ၌ သတင်းထောက်များကိုထားရှိပြီးလျှင် ကမ္ဘာ့မြို့ကြီး ပြကြီးများ၌ ယင်း၏ ဌာနခွဲရုံးများဖွင့်ထားသည်။ ကမ္ဘာ့သတင်းများကို ယင်း၏ သတင်းထောက် များက ကြေးနန်း၊ ရေအောက် ကြေးနန်း၊ ကြိုးမဲ့ကြေးနန်း၊ ရေဒီယိုတို့ဖြင့် ပို့ပေးသည်။ ယင်းသို့ရရှိသောသတင်းများကို ထိုအဖွဲ့ကြီးများက မိမိတို့ သက်ဆိုင်ရာ အဖွဲ့ဝင်သတင်းစာတိုက်ကြီးများသို့ ဖြန့်ချီရောင်းချလေသည်။ ယခုအခါ သတင်းများကိုသာမက အရေးကြီးသော သတင်းဓာတ်ပုံများကိုပါ ရေဒီယိုနှင့် ကြေးနန်းတို့ဖြင့် ပေးပို့ဖြန့်ချီလျက်ရှိလေသည်။ ခေတ်မှီနိုင်ငံကြီးများရှိ သတင်းစာတိုက်ကြီးများတွင် ကိုယ်ပိုင် ကြိုးမဲ့ကြေးနန်းထား၍ သတင်းယူခြင်း၊ နိုင်ငံရပ်ခြားမှ သတင်းဓာတ်ပုံများ ကိုပင် တယ်လီဖိုတိုနည်းဖြင့် ချက်ခြင်းကူးယူခြင်းစသည်တို့ကို ဆောင် ရွက်ကြသည်။

သတင်းဆိုင်ရာအယ်ဒီတာတွင် အလုပ်များသလောက် ဓာတ်ပုံဆိုင် ရာ အယ်ဒီတာတွင်လည်း အလုပ်မနည်းလှပေ။ ဓာတ်ပုံ သတင်းထောက်များ ရိုက်ယူခဲ့သောဓာတ်ပုံများကို သတင်းစာမျက်နှာတွင် ဖော်ပြမည့်နေရာကို လိုက်၍ ပုံကြီးချဲ့ခြင်း၊ ပုံငယ်ချုံ့ခြင်းစသည်ဖြင့် အရွယ်တော်ဖြစ်အောင် ပြု ပြင်ပြီးနောက် စာစီခန်းသို့ပို့ပေးရလေသည်။

အယ်ဒီတာသည် ပြုပြင်တည်းဖြတ်ပြီးသောစာများကို စာစီခန်းသို့ ပို့ရသည်။ မြန်မာနိုင်ငံကဲ့သို့ မတိုးတက်လှသေးသော နိုင်ငံငယ်များရှိ သတင်းစာတိုက်များတွင် များသောအားဖြင့် စာများကိုလက်ဖြင့်စီလျက်ရှိကြ သေးသော်လည်း ခေတ်မှီနိုင်ငံများမှ သတင်းစာတိုက်များတွင်မူ လိုင်နိုတိုက် ခေါ် စာစီစက်ဖြင့်စီကြသည်။ (လိုင်နိုတိုက်စာစီစက် - လည်းရှု။) လက် ဖြင့်ဖြစ်စေစက်ဖြင့်ဖြစ်စေ စာစီပြီးသွားသောစာလုံးများကို လိုအပ်လျှင် ရုပ်ပုံ ဘလောက်များတွဲလျက် စာမျက်နှာဖွဲ့ပေးရသည်။ မြန်မာသတင်းစာတိုက် များတွင်မူ ယင်းသို့စာမျက်နှာဖွဲ့၍ 'ဖောင်' သွင်းပြီးနောက်တွင် 'ဖောင်' ကို ပုံနှိပ်စက်ပေါ်သို့တင်ကာ စတင်ရိုက်နှိပ်ရန်သာရှိတော့သည်။ နေ့စဉ်စောင်ရေ သိန်းသန်းချီ၍ ထုတ်ဝေနေရသော ကမ္ဘာ့သတင်းစာတိုက်ကြီးများတွင်မူ စာ မျက်နှာဖွဲ့၍ ဖောင်သွင်းပြီးရုံမျှဖြင့်ကိစ္စမပြီးသေးချေ။ လန်ဒန်မြို့သတင်းစာတိုက်ကြီးများတွင် အသုံးပြုသော 'ဟိုး' အမည်ရှိ သတင်းစာရိုက်စက်ကြီးများသည် တစ်နာရီလျှင် သတင်းစာစောင် ရေ တစ်သိန်းနှစ်သောင်းရိုက်နိုင်သည်။ ယခင်က မြန်မာသတင်းစာ အရွယ် (ဒီမိုင်းဆိုက်) လေးမျက်နှာပါသော စာဖောင်တစ်ဖောင်ကို အပြားလိုက်စက် ပေါ်တင်၍ရိုက်မည်ဆိုပါက တစ်နာရီလျှင်ရိုက်ချက် ၃ယဝဝဝ ခန့်သာ ရှိနိုင် သည်။ သတင်းစာစောင်ရေသည် သန်းနှင့်ချီ၍ ထုတ်ဝေနေရသော သတင်း စာတိုက်ကြီးများတွင် ထိုစက်မျိုးဖြင့်မဖြစ်နိုင်တော့ပေ။ ထိုကြောင့် 'ဟိုး' ကဲ့သို့ ပတ်လည်ရိုက်စက်ကြီးများကို တီထွင်ခဲ့ကြရဩည်။ ထိုစက်ကြီးများ ၏ (စည်ပိုင်းငယ်များနှင့်တူသော) ဆလင်ဒါလုံးတွင် စာဖောင်ကို တင်ရ သည်ဖြစ်ရာ စာဖောင်သည် အခုံးကြီးဖြစ်သည်။ စာဖောင်ကိုအခုံးကြီးဖြစ် အောင် မည်သို့ပြုပြင်ကြရပါသနည်း။

လိုရင်းကိုဖော်ပြရလျှင် အထက်တွင်ဆိုခဲ့သည့်အတိုင်း စာဖောင် အပြားကြီးနောက် အထူးတလည်စီမံပြုပြင်ထားသော စက္ကူပြားကြီး(ပေပါမာ ရှေး)ကို ထိုအပြားကြီးပေါ်သို့တင်ကာ အပေါ်မှ ဖိစက်ဖြင့်ဖိချလိုက်ရသည်။ ထိုအခါ စက္ကူပြားကြီးတွင် စာဖောင်၏စာမျက်နှာပုံစံထင်လာသည်။ ထိုစက္ကူ ပြားကြီးကို အပူငွေ့ပေးလိုက်သောအခါ ခြောက်သွေ့မာကျောသွားသည်။ ခြောက်သွေ့မာကြောနေသောစက္ကူပြားကြီးကို အောက်တိုပလိပ်ခေါ်သော စက် သို့ယူဆောင်ပြီးလျှင်သတ္တုရည်များလောင်းချလိုက်သောအခါ ဆလင်ဒါပုံကဲ့ သို့ စာဖောင်အခုံးကြီးဖြစ်လာလေသည်။ ထိုစာဖောင်အခုံးကြီးကို ပုံနှိပ်စက် ဆလင်ဒါလုံးတွင်တပ်၍ ရိုက်နှိပ်ရလေသည်။

လျှပ်စစ်ဖြင့်ရိုက်နှိပ်သော အော်တိုမက်တစ် တယ်လီတိုက်ပုံနှိပ် စက်ကြီးများပေါ်ပေါက်လာသဖြင့် သတင်းစာစောင်ရေ သိန်းသန်းမျှကို တို တောင်းလှသောအချိန်ပိုင်းအတွင်း၌ ရိုက်နှိပ်ထုတ်ဝေနိုင်သည်။ သတင်းစာ များကို ရပ်ဝေးရပ်နီးတို့သို့ သဘေ‡ာ၊ မီးရထား၊ လေယာဉ်ပျံတို့ဖြင့် အချိန်မှီ တင်ပို့နိုင်အောင် အပြီးအစီးဆောင်ရွက်ရသဖြင့် သတင်းစာလုပ်ငန်းသည် အချိန်ကိုလု၍ အလုပ်လုပ်ရသောလုပ်ငန်းကြီးဖြစ်လာလေသည်။ နယ်သို့ပို့မည့် နယ်ထုတ်သတင်းစာများကို မြို့ပေါ်တွင်ထုတ်ဝေ သည့် မြို့ထုတ်သတင်းစာများထက် ဦးဦးဖျားဖျားရိုက်နှိပ်ပေးရသည်။ တစ်ခါ တစ်ရံ စာစီပြီး၍ စာဖောင်ပိတ်ချိန်တွင် သတင်းထူးတစ်ခုကို စက်ရပ်ပြီး ထည့်သွင်းရတတ်သေးရာ ထိုသတင်းမျိုးကို စက်ရပ်သတင်းဟုခေါ်သည်။ ထိုကိစ္စမျိုးတို့ကြောင့် နယ်ထုတ်နှင့် မြို့ထုတ်၊ ပထမနှိပ်ခြင်းနှင့် ဒုတိယနှိပ် ခြင်းတို့သည် သတင်းများတွင်အနည်းငယ် ကွဲပြားခြားနားကြလေသည်။ သတင်းစာဟူသည် ကြော်ငြာရမှုအပေါ်တွင် တည်တံ့နေလေသည်။ ကြော်ငြာရှင်များကလည်း စောင်ရေများများ ထုတ်ဝေရသောသတင်းစာများ တွင်မှ ကြော်ငြာလိုကြသည်။ ထိုကြောင့် သတင်းစာများသည် ကြော်ငြာများ များရနိုင်ရန် စောင်ရေအမြောက်အမြား ထုတ်ဝေနိုင်ရေးကိုရှေးရှုကြသည်။ ထိုအခါ သတင်းစာတိုက်ကြီးများသည် သတင်းစာတိုက်ကလေးများကို ဝယ် ယူ၍ သတင်းစာတိုက်များစုပေါင်းလုပ်ကိုင်ရေး စနစ်ကိုထွင်ကြသည်။ ထိုစု ပေါင်းထုတ်ဝေရေးစနစ်ကို ပထမကမ္ဘာစစ်မတိုင်မီကပင် ကြံစည်ခဲ့ရာ စစ်ပြီး ခေတ်တွင် ထိုစနစ်သည်အောင်မြင်လာသည်။ ၁၉၂၄ ခုနှစ်တွင် အမေရိကန် နိုင်ငံရှိ သတင်းစာပေါင်း ၁၅ဝ ခန့်ကို စုပေါင်း သတင်းစာတိုက်သုံးဆယ် က ထိုစနစ်ဖြင့် ချယ်လှယ်လျက်ရှိသည်။ ဗြိတိန်နိုင်ငံ၌လည်း လော့ရော့ သားမီးယားအဖွဲ့သည် လော့နော့သကလစ်၏ ဒေးလီးမေးသတင်းစာနှင့် တိုင်းမ်သတင်းစာကြီးများကို ဝယ်ယူ၍ပူးပေါင်းထုတ်ဝေကြသည်။ ဗြိတိသျှ သတင်းစာလောကတွင် လူသစ်များဖြစ်ကြသော ဗယ်ရီ ညီနောင်သည် ဆန်းဒေးတိုင်းသတင်းစာကြီးကို ဝယ်ယူ၍ ပြုပြင်ထုတ်ဝေကြ ရာမှ နာမည်ရလာသည်။ ဗယ်ရီညီနောင်သည် သတင်းစာမဟာမိတ်လီမိ တက်ကို ဖွဲ့စည်း၍ သတင်းစာအမြောက်မြားကို စုပေါင်းထုတ်ဝေခဲ့လေ သည်။ ဒေးလိးအိတ်စပရက်သတင်းစာ၏ ရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်သော လော့ဗီးဗားဗရွတ်အဖွဲ့နှင့် ဗယ်ရီညီနောင်တို့သည် သတင်းစာလောကတွင် စောင်ရေအများဆုံး ထုတ်ဝေနိုင်ခဲ့ကြလေသည်။

ပထမကမ္ဘာစစ်ပြီးခေတ်တွင် စုပေါင်းထုတ်ဝေရေးသာလျှင် ခေတ် စားသည်မဟုတ်။ ရုပ်စုံသတင်းစာ မဂ္ဂဇင်းဂျာနယ်များလည်း ခေတ်စားလာ သည်။ ပထမဆုံးထုတ်ဝေသော ရုပ်စုံသတင်းစာသည် လော့ရော့သားမီးယား ၏ ဆန်းဒေး ပစ်တိုးရီးယယ်ဖြစ်၍ နောင်အခါ အမေရိကန်မှလည်း ရုပ်စုံ သတင်းစာများပေါ်ထွက်ခဲ့လေသည်။ အခြားနိုင်ငံများမှလည်း ရုပ်စုံသတင်း စာများ ထုတ်ဝေလာကြလေသည်။

နိုင်ငံအလိုက် ထုတ်ဝေလျက်ရှိကြသော သတင်းစာဦးရေကို ဖော် ပြရလျှင် အမေရိကန် ပြည်ထောင်စုတွင် နေ့စဉ်သတင်းစာဦးရေ ၁၇၈ဝ မျိုး၊ အဂ‡လန်တွင် ၁၃၇ မျိုး၊ ဆိုဗီယက်ရုရှတွင် ၇၆၈၆ မျိုး၊ အနောက်ဂျာ မနီ နိုင်ငံတွင် ၁၆ဝဝ မျိုး၊ ပြင်သစ်နိုင်ငံတွင် ၁၃၂ မျိုး၊ ဂျပန်နိုင်ငံတွင် ၁၇၉ မျိုးရှိလေသည်။ တရုပ်နိုင်ငံတွင် ၁၉၅၂ ခုနှစ်နောက်ပိုင်းတွင် စုစုပေါင်း သတင်းစာဦးရေအမျိုးပေါင်း ၄၅ဝ နီးပါးထုတ်ဝေလျက်ရှိလေ သည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် နေ့စဉ်ထုတ်ဝေလျက်ရှိသော သတင်းစာ အမျိုးမျိုး၏ဦးရေသည် ရှစ်စောင်ဖြစ်သည်။ ထိုသတင်းစာများ၏ တစ်နေ့ ထုတ်စောင်ရေ စုစုပေါင်းသည် ၂. ၇၃ သိန်း(၁၉၇၁)မျှသာ ဖြစ်လေရာ မြန်မာနိုင်ငံ၏ လူဦးရေ ၂၈ သန်း ကျော်နှင့်နှိုင်းစာလျှင် သတင်းစာစောင် ရေသည် နည်းနေသေးသည်ဟုဆိုရပေမည်။ [၁]


သတင်းစာဟူသည် လုပ်သားပြည်သူများ နေ့စဉ်သတင်းကို ဖတ်ရှူ့သိမြင်စေရန် ထုတ်ဝေသော စာစောင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မင်းတုန်းမင်းတရားကြီး လက်ထက်မှစ၍ မန္တလေး နန်းတွင်း၌ သတင်းစာကို ပုံနှိပ်ထုတ်ဝေခဲ့သည်။

၁၉၀ဝပြည့်နှစ်ဇန်နဝါရီ(၁)ရက်နေ့တွင် ဦးညွန့်သည် နန်းတွင်းမှ ပုံနှိပ်စက်ကို ဝယ်ယူပြီး မြန်မာ့တာရာ သတင်းစာ The Star of Burma ကို မန္တလေး၌ စတင်ထုတ်ဝေခဲ့သည်။

၁၉၀ဝပြည့်နှစ်၊ မတ်(၃၁)ရက်နေ့တွင် မဟာဗောဓိ သတင်းစာကို ရန်ကုန်၌ ထုတ်ဝေခဲ့သည်။

၁၉၀၈-ခုနှစ်၊ စက်တင်ဘာ(၁)ရက်နေ့တွင် ရာမညတိုင်း The Ram-enna Thimes(တစ်ပတ်သုံးကြိမ်ထုတ်) အင်္ဂလိပ်သတင်းစာကို မော်လမြိုင်မြို့၌ ထုတ်ဝေခဲ့သည်။

၁၉၀၈-ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမဆုံး ရုပ်စုံသတင်းစာ Burmese(Myanmar)SundayTimes ကို ရန်ကုန်မြို့၌ စတင်ထုတ်ဝေခဲ့သည်။

၁၉၀၉-ခုနှစ်၊ စက်တင်ဘာ(၄)ရက်နေ့တွင် The Moulmein News သတင်းစာကို မော်လမြိုင်မြို့၌ ထုတ်ဝေခဲ့သည်။

၁၉၀၉-ခုနှစ်၊ စက်တင်ဘာ(၂၉)ရက်နေ့တွင် Bassein Advertiser နှင့် စကောကရင် ဘာသာဖြင့် ထုတ်ဝေသည့် TheDaw-Ka-LeeNews သတင်းစာများကို ပုသိမ်မြို့မှ စတင်ထုတ်ဝေခဲ့သည်။

၁၉၂၃-ခုနှစ်၊ နိုဝင်ဘာ(၂၆)ရက်နေ့တွင်မြန်မာ့လွှတ်တော်သတင်းစာကို ရန်ကုန်မြို့၌ စတင်ထုတ်ဝေခဲ့သည်။ နေ့စဉ်သတင်းစာမဟုတ်ပါ။ တစ်ပတ်တစ်ကြိမ် တနင်္လာနေ့ထုတ်ဖြစ်သည်။

၁၉၂၅-ခုနှစ်တွင် ရင်းနှီးသော မိတ်ဆွေသုံးဦး၏ အစုဝင်ငွေ ၂၀-ကျပ်ဖြင့် မတည်ကာ လေးပဲတန် ဇေယျသတင်းစာကို စတင်ထုတ်ဝေခဲ့သည်။ ထုတ်ဝေသူမှာ မောင်မောင်လေး ဖြစ်ပြီး၊ အယ်ဒီတာမှာ ဆရာဇေယျ ဖြစ်သည်။

လူထု သတင်းစာ[ပြင်​ဆင်​ရန်​]

၁၉၄၆-ခုနှစ် ဧပြီ ၁၉ ရက်နေ့တွင် လူထု သတင်းစာကို မန္တလေး၌ စတင်ထုတ်ဝေခဲ့သည်။ အယ်ဒီတာချုပ်မှာ ဦးလှလူထုဦးလှ ဖြစ်သည်။

၁၉၄၉ ဧပြီ ၂၄ ရက်နေ့မှာ လူထု သတင်းစာ ပိတ်ပင် ခံရသည်။

၁၉၅ဝ နိုဝင်ဘာ ၁ ရက်နေ့မှာ ပိတ်ထားတဲ့ လူထု သတင်းစာကို ပြန်လည် ထုတ်ဝေ ခဲ့သည်။

၁၉၅၉ မတ် ၁၂ ရက်မှာ လူထု သတင်းစာ ချိတ်ပိတ် ခံရသည်။

၁၉၆ဝ မေ ၁ဝ ရက်မှာ လူထု သတင်းစာ ပြန်လည် ထွက်ရှိ ခဲ့သည်။

၁၉၆၇ ဇူလိုင် ၇ ရက်မှာ လူထု သတင်းစာ ရပ်စဲ ခံရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ[ပြင်​ဆင်​ရန်​]

၁၉၉၂-ခုနှစ်၊ မေလ(၁)ရက်နေ့တွင် ရတနာပုံ နေ့စဉ်သတင်းစာကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က မန္တလေးမြို့၌ စတင်ထုတ်ဝေခဲ့သည်။

မန္တလေး နေ့စဉ်သတင်းစာ[ပြင်​ဆင်​ရန်​]

၁၉၉၇-ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် မန္တလေး နေ့စဉ်သတင်းစာ မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီက စတင်ထုတ်ဝေခဲ့သည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  2. ၂၀ရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။