ဝင်ရိုးစွန်းဝက်ဝံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Polar Bear
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 VU.svg
Vulnerable
(IUCN Red List Ver.3.1 (2001))
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Mammalia]]
မျိုးစဉ် [[Carnivora]]
မျိုးရင်း [[Ursidae]]
မျိုးစု [[Ursus]]
မျိုးစိတ် '''''U. maritimus'''''
ဒွိနာမ
''Ursus maritimus''

ဝင်ရိုး​စွန်း ဝက်ဝံ (Ursus maritimus) သို့ ပို​လာ​ဘဲ သည် အာ​တိတ်​သမုဒ္ဒရာ၊ ပတ်ဝန်းကျင် ပင်လယ်​များ​နှင့် ပတ်ဝန်းကျင် ကုန်းမြေ​များ ပါဝင်​သော အာ​တိတ်​စက်ဝိုင်း​တွင် နေထိုင် ကျက်စား​လေ့ ရှိ​သော ဝက်ဝံ​မျိုး​ဖြစ်​သည်။ ကမ္ဘာပေါ်​ရှိ ကုန်း​နေ အသား​စား သတ္တဝါ​များ​တွင် အကြီး​ဆုံး​ဖြစ်​ပြီး ဝက်ဝံ​များ​ထဲ​တွင်​လည်း အကြီး​ဆုံး ဝက်ဝံ​မျိုး ဖြစ်​သည်။ အခြား​အစုံ​စား သတ္တဝါ​ဖြစ်​သည် ကို​ဒီ​ယပ် ဝက်ဝံ​မျိုး​မှာ​လည်း ဝင်ရိုး​စွန်း​ဝက်ဝံ​များ​နှင့် အရွယ်​အစား အတူတူ ခန့်​မျှ ရှိ​သည်။ အရွယ်ရောက်​ပြီး​သော ဝင်ရိုး​စွန်း​ဝက်ဝံ​ထီး တစ်​ကောင်​သည် ၃​၅​၀ မှ ၆​၈​၀ ကီ​လို​ဂ​ရမ် (၇⁠၇​၀ မှ ၁​၅​၀​၀ ပေါင်) အထို ရှိ​တတ်​ပြီး အရွယ်ရောက်​ပြီး​သော ဝင်ရိုး​စွန်း ဝက်ဝံ​အမ မှ အရွယ်​အစား တ​ဝက်​ခန့်​မျှ ရှိ​တတ်​သည်။ ဝက်ဝံ​ညိုများ​နှင့် အမျိုး အလွန်​နီး​စပ်သော်​လည်း ၎င်း​တို့​နှင့် ပတ်သက် ယှက်​နွယ်​နေ​သော ဂေ​ဟ​စနစ်​နှင့် ကိုက်​ညီ​အောင် ဆင့်ကဲ ပြောင်းလဲ ဖြစ်ပေါ်​ပြီး ဖြစ်​သည်။ ဝင်ရိုး​စွန်း ဝက်ဝံ​များ​၏ ခန္ဓာ​ကိုယ် သွင်​ပြင်​မှာ အလွန်​အေး​သော အပူ​ချိန်​ကို ခံ​နိုင်​ရန်၊ နှင်း၊ရေခဲ​နှင့် ရေ​ပြင်ပေါ်​တွင် လှုပ်ရှား​သွား​လာ​နိုင်​ရန်၊ သူ​တို့​၏ အစားအစာ​ဖြစ်​သော ဖျံ​တို့​ကို ဖမ်းဆီး​နိုင်​ရန် စ​သည်​တို့​နှင့် ကိုက်​ညီ​အောင် ပြောင်းလဲ​ဖြစ်ပေါ်​ပြီး ဖြစ်​သည်။ ဝင်ရိုး​စွန်း​ဝက်ဝံ အများ​စု​မှာ ကုန်းပေါ်​တွင် မွေး​ဖွားသော်​လည်း ၎င်း​တို့​၏ အချိန်​များ​စွာ​ကို ရေ​ထဲ​တွင် ကုန်​ဆုံး​လေ့​ရှိ​ကြ​သည်။ သိပ္ပံ​အမည်​မှာ ပင်လယ်​ဝက်ဝံ​ဟု အမည်​ရ​ပြီး ဤ​အချက်ပေါ်​တွင် အခြေ​ခံ​၍ ပေါ်ပေါက်​လာ​ခြင်း ဖြစ်​သည်။ ဝင်ရိုး​စွန်း ဝက်ဝံ​များ​သည် ဖျံ​များ​ကို ပင်လယ်​အတွင်း​ရှိ ရေခဲ​တုံးပေါ်​မှ ဖမ်းဆီး​လေ့​ရှိ​သည်။ မ​ကြာ​ခဏ ဆို​သ​လို​ပင် ရေခဲ​များ မ​ရှိ​သော အခါ​၌ သိုမှီး​ထား​သော အဆီ​ပြင်​များပေါ်​တွင် မှီ​၍ အသက်​ရှင် နေထိုင်​လေ့ ရှိ​ကြ​သည်။

မိတ်လိုက်​ခြင်း[ပြင်​ဆင်​ရန်​]

ပို​လာ​ဝက်ဝံ​များ​သည် ဧပြီ​လ သို့မဟုတ် မေ​လ​အတွင်း​တွင် မိတ်​ဖက်​မျိုး​ပွား​ခြင်း​ကို လုပ်ဆောင်​ကြ​သည်။ ထို့နောက် ဒီဇင်ဘာ​လ​တွင် ဝက်ဝံ​မ​များ ဆောင်း​ခို​ချိန်​၌ သား​ဖွား​ကြ​သည်။ သားပေါက်​ကလေး​များ​သည်​၎င်း​မိ​ခင်​နှင့်​အတူ မတ်​လ​တိုင်​သည်​အထိ နေထိုင်​ပြီး​နောက် အပြင်​သို့ ထွက်​ကြ​သည်။ ၎င်း​သားပေါက်​ကလေး​များ​သည် ဆောင်း​ခို​ပြီး​နောက် အစားအစာ​များ​ကို ချက်​ခြင်း​စား​သောက်​ရန်လို​အပ်​သည်။ သို့သော် ကမ္ဘာ့​ကြီး​ပူနွေး​လာ​မှု​သည် ယင်း​သားပေါက်​လေး​များ​အား စား​သောက်​ခွင့်​မ​ရအောင်​ပြုလုပ်​နေ​ပြီး အသက်​ရှင်​ရန်​အခွင့်အရေး​မ​တိုင်​မှီ​က​ပင် သေ​ဆုံး​နေ​ကြ​ရ​သည်။ သားပေါက်​ကလေး​များ​သည် မိ​ခင်​နှင့်​အတူ ၂​နှစ်​မှ ၃ နှစ်​အထိ အတူ​နေထိုင်​ကြ​ပြီး​နောက် ခွဲခွာ​သွား​တတ်​ကြ​သည်။

အသည်း[ပြင်​ဆင်​ရန်​]

ပို​လာ​ဝက်ဝံ​၏ အသည်းတွင် ဗီတာမင် အေ ဓာတ် မြောက်​များ​စွာ​ပါဝင်​သ​ဖြင့် ယင်း​အသည်း​ကို အလွန့်​အကျွံ​စား​သုံ​မိ​သူ​သည် ကိုယ်​ခန္ဓာ​က​ထိမ်း​ချုပ်​နိုင်​ခြင်း​မ​ရှိ​သော​ကြောင့် သေ​ရ​လေ​သည်။ ၎င်း​အသည်း​သည် အဆိပ်​နှင့်​တူ​လေ​သည်။

ဓာတ်​ပုံ​များ[ပြင်​ဆင်​ရန်​]

ကိုး​ကား[ပြင်​ဆင်​ရန်​]