အမေရိကန် ဝက်ဝံနက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
American black bear
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 LC.svg
Least Concern
(IUCN Red List Ver.3.1 (2001))
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Mammalia]]
မျိုးစဉ် [[Carnivora]]
မျိုးရင်း [[Ursidae]]
မျိုးစု [[Ursus]]
မျိုးစိတ် '''''U. americanus'''''
ဒွိနာမ
''Ursus americanus''

အမေ​ရိ​ကန် ဝက်ဝံ​နက် (Ursus americanus) သည် မြောက်​အမေ​ရိ​က​တွင် ပေါက်ဖွား​သည် အလတ်​စား​အရွယ် ဝက်ဝံ​မျိုး ဖြစ်​သည်။ ထို​ဝက်ဝံ​မျိုး​သည် မြောက်​အမေ​ရိ​ကတိုက်​တွင် အသေး​ဆုံး​နှင့် နေရာ​တကာ​တွင် တွေ့​ရ​သော ဝက်ဝံ​မျိုး ဖြစ်​သည်။ ဝက်ဝံ​နက်​တို့​သည် အစုံ​စား သတ္တဝါ​များ ဖြစ်​ကြ​ပြီး သူ​တို့​၏ အစားအစာ​သည် ရာသီ​ဥတု​နှင့် နေ​ရာပေါ် မူ​တည်​၍ ကွဲပြား​ခြား​နားသည်။ ပုံ​မှန်​အား​ဖြင့် သူ​တို့​သည် သစ်တော ထူထပ်​သော နေရာ​များ​တွင် နေထိုင်​လေ့ ရှိ​ကြသော်​လည်း အစာ​ရှာဖွေ​ရန် အတွက် သစ်တော​အတွင်း​မှ ထွက်​ခွာ​လေ့ ရှိ​ကြ​သည်။ တ​ခါ​တ​ရံ​တွင် အစာ အလွယ်​တ​ကူ ရ​နိုင်​ခြင်း​ကြောင့် လူ​တို့​နေထိုင်​ရာ နေရာ​များ​သို့ ရောက်လာ​တတ်​သည်။ အမေ​ရိ​ကန် ဝက်ဝံ​နက်​သည် နိုင်ငံ​တကာ သ​ဘာ​ဝ ပတ်ဝန်းကျင် ထိန်းသိမ်း​ရေး သမဂ္ဂ​မှ မျိုး​ပျောက်​ရန် စိုးရိမ်​ရေ​မှတ် အနိမ့်​ဆုံး အဖြစ် သတ်​မှတ်ထား​သည်။ အကြောင်း​မှာ အမေ​ရိ​ကန် ဝက်ဝံ​နက်​တို့​ကို နေရာ​တကာ တွေ့​ရ​ခြင်း၊ တ​ကမ္ဘာ​လုံး​တွင် ရှိ​သော အရေအတွက်​မှာ အလွန်​များပြား​ပြီး ဝက်ဝံ​နက်​ကောင်​ရေ​သည် အခြား ဝက်ဝံ​အမျိုး​အားလုံး​ပေါင်း ကောင်​ရေ​၏ နှစ်​ဆ​မျှ ရှိ​ခြင်း​တို့​ကြောင့် ဖြစ်​သည်။ အမေ​ရိ​ကန် ဝက်ဝံ​နက် တို့​သည် မ​ကြာ​ခဏ ဆို​သ​လို​ပင် သစ်ပင်​တို့​အား သူ​တို့​၏ လက်သည်း​များ​ဖြင့် ကုတ်ခြစ်​၍ ထို​နေရာ​တွင် သူ​တို့ နယ်​မြေ ဖြစ်​ကြောင်း ပြသ​တတ်​သည်။ နယ်​မြေ​အမှတ်အသား​ကို သစ်​ပင်ပေါ်​တွင် အမြင့်​ဆုံး လက်သည်း​ခြစ်​ရာ​မှ တ​ဆင့် သိ​နိုင်​သည်။ ထိုသို့​သော အပြုအမူ​မှာ အမေ​ရိ​ကား နှင့် က​နေ​ဒါ ရှိ ဝက်ဝံ​မျိုး​တို့​တွင် ထင်ရှား​သည်။

ကိုး​ကား[ပြင်​ဆင်​ရန်​]