နှုတ်သီးရှည်ဝက်ဝံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Sloth bear
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 VU.svg
Vulnerable
(IUCN Red List Ver.3.1 (2001))[၁]
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Mammalia]]
မျိုးစဉ် [[Carnivora]]
မျိုးရင်း [[Ursidae]]
မျိုးစု '''''Ursus'''''
မျိုးစိတ် '''''U. ursinus'''''
ဒွိနာမ
''Ursus ursinus''

နှုတ်သီး​ရှည်​ဝက်ဝံ (Ursus ursinus =Melursus ursinus) ကို စ​လော့တ် ဝက်ဝံ (Sloth bear) ဟု​လည်း ခေါ်​ဆို​လေ့ ရှိ​ကြ​သည်။ အိန္ဒိယ​တိုက်​တွင် တွေ့​ရ​လေ့​ရှိ​ပြီး ည​ဘက်​တွင် ကျင်လည်​ကျက်စား​ကာ အင်း​ဆက်​များ​ကို စား​သုံး​လေ့ ရှိ​သည်။ သီ​ရိ​လင်္ကာ​တွင် တွေ့​ရ​သော ဝက်ဝံ​များ​ကို မျိုး​စိတ်​တစ်​ခု အဖြစ် သတ်​မှတ်ထား​ကြ​သည်။ ဝက်ဝံ​ညို ဝက်ဝံ​နက်​များ​နှင့် မ​တူ​ပဲ နှုတ်ခမ်း​ရှည် ဝက်ဝံ​များ​မှာ ပိန်⁠ပိန်​ရှည်​ရှည် ဖြစ်​ပြီး မျက်နှာ​တ​ဝိုက်​တွင် လည်ဆံ​မွေး ကဲ့သို့​သော အမွေး​များ ရှိ​သည်။ တံစဉ်း​နှင့်​တူ​သော ရှည်လျား​သည့် လက်သည်း​များ​ရှိ​ပြီး အင်း​ဆက်​များ​ကို စုပ်​ယူစား​သုံး​နိုင်​သည့် ထူးခြား​သည့် နှုတ်ခမ်း ပုံ​သဏ္ဌန်​ရှိ​သည်။ နှုတ်ခမ်း​ရှည်​ဝက်​ဝ့​များ​သည် နွေ​ဦး​ရာသီ​နှင့် နွေရာသီ အစော​ပိုင်း​တွင် သန္ဓေယူ​လေ့ ရှိ​ပြီး ဆောင်းရာသီ မစ​မီ အချိန်​တွင် မွေး​ဖွား​လေ့ ရှိ​ကြ​သည်။ ခြ​များ၊ ပျား​များ၊ သစ်သီး​များ​ကို စား​သုံး​လေ့ ရှိ​ကြ​သည်။ သူ​တို့​၏ နယ်​မြေ​အတွင်း​သို့ ကျူးကျော်​ဝင်​ရောက်လာ​သော လူ​များ​ကို တိုက်ခိုက်​လေ့ ရှိ​ကြ​သည်။ သမိုင်း​ကြောင်း​အား​ဖြင့် လူ​တို့​သည် သူ​တို့​နေထိုင်​ကျက်စား​ရာ နေရာ​များ​ကို ပျက်စီး​စေ​ပြီး သူ​တို့​၏ ခန္ဓာ​ကိုယ် အစိတ်​အပိုင်း​များ၊ လက်သည်း​များ​ကို ရ​ယူ​ရန်​နှင့် စား​သုံး​ရန် အတွက် သတ်​ဖြတ်​ခဲ့​ကြ​သည်။ ဤ​ဝက်ဝံ​မျိုး​သည် ယဉ်ပါး​စေ​ရန် လွယ်ကူ​သ​ဖြင့် ဖျော်ဖြေ​ရေး အတွက်​လည်း အသုံး​ချ​လေ့ ရှိ​ကြ​သည်။


Sloth bear

ကိုး​ကား[ပြင်​ဆင်​ရန်​]

  1. Template:IUCN2008Listed as Vulnerable (VU A2cd+4cd, C1 v3.1)