အသည်း
| အသည်း (Liver) | |
|---|---|
| သိုးသည်း - (1) right lobe, (2) left lobe, (3) caudate lobe, (4) quadrate lobe, (5) hepatic artery and portal vein, (6) hepatic lymph nodes, (7) gall bladder. | |
| လူ့ဝမ်းဗိုက်အတွင်း အသည်း (နီ) တည်ရှိပုံ | |
| Latin | jecur, iecer |
| Gray's | subject #250 1188 |
| System | အစာချေစနစ် |
| Artery | hepatic artery |
| Vein | hepatic vein, hepatic portal vein |
| Nerve | celiac ganglia, vagus[၁] |
| Precursor | foregut |
| MeSH | Liver |
အသည်းသည် ကျောရိုးရှိ သတ္တဝါများနှင့် အခြားတိရစ္ဆာန်များ၏ အစာချေစနစ်တွင် အရေးပါသည့် အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သည်။ အသည်းသည် သက်ရှိများ၏ ဇီဝဖြစ်ပျက်မှုတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည်။ အဆိပ်ဖြေခြင်း၊ ပရိုတိန်းဖွဲ့စည်းခြင်း၊ အစာချေရာတွင် လိုအပ်သည့် ဓာတ်ပစ္စည်းများ ထုတ်ပေးခြင်း စသည်ဖြင့် လုပ်ဆောင်နိုင်စွမ်းရှိသည်။
ဆေးပညာတွင် အသည်းနှင့် ပတ်သက်သည့် အင်္ဂလိပ်ဝေါဟာရများသည် အသည်းဟု အဓိပ္ပာယ်ရှိသည့် ဂရိဘာသာ hēpar (ήπαρ) မှ ဆင်းသက်လာသည့် hepato- သို့မဟုတ် hepatic- နှင့် အစပြုလေ့ရှိသည်။ [၂] ဥပမာအားဖြင့် အသည်းရောင် ရောဂါကို Hepatitis ဟုခေါ်သည်။
မာတိကာ |
အသည်း [ပြင်ဆင်ရန်]
ကိုယ်ခန္ဓာ၏ အရည်အိတ်ခေါ် ဂလင်းအပေါင်း တို့တွင် အသည်းသည် အကြီးဆုံးဖြစ်၍ လူ၏ ကိုယ်ခန္ဓာတွင် အလေးချိန်အားဖြင့် အောင်စငါးဆယ်၊ သို့မဟုတ် ရှစ်ဆဲ့ကိုး ကျပ်သား ကျော်ကျော်ခန့်မျှ ရှိသည်။ ရင်နှင့် ဝမ်းကိုခြားသော ဒိုင်ယာဖရမ် (အမြှေး)အောက်တွင် ကပ်လျက် ဝမ်းခေါင်း၏ လက်ယာ ဘက်၌ တည်ရှိလေသည်။ အသည်းသည် အပ်ထိပ်ခန့်မျှရှိသော အမြှေအိမ်ကလေး များနှင့် ထိုအမြှေးအိမ်တို့အကြားတွင်ရှိသော ဆံချည်မျှင် သွေးကြောငယ်တို့ဖြင့် ပြွမ်းလျက် တည်ရှိ၏။ အသည်းတွင် သွားလာလျက်နေသော အကြောကြီး သုံးကြောရှိလေသည်။ ထိုအကြောတို့မှာ (၁) အသည်းတွင်ရှိသော ဆဲများ ထောက်ပံ့ ရန် နှလုံးမှ သွေးသန့်ကို ယူဆောင်လာသော သွေးလွှတ်ကြော၊ (၂) အစာအိမ်၊ အူသိမ်၊ သရက်ရွက်နှင့် ပန်ကရိတို့မှလာသော သွေးပြန်ကြောမ (ပေါ်တယ်သွေးပြန်ကြော)၊ (၃) အသည်းမှ အစာချေရာ၌ အထောက်အပံ့ဖြစ်စေရန် ထုတ်ပေးသည့် အရည် ကို ဆောင်ယူသွားသော အကြောတို့ ဖြစ်၏။ ထိုအကြောကြီး သုံးခုတို့သည် အသည်းသို့ ရောက်သောအခါ အကြောငယ် ပေါင်း မြောက်မြားစွာအဖြစ်သို့ အစိတ်စိတ် အမြွှာမြွှာ ကွဲသွား ၍ အသည်း၏အစိတ်အပိုင်း အရပ်ရပ်တွင် ပျံ့နှံ့လျက် တည်ရှိ ကြ၏။ အသည်းသည် ဂလင်းတို့တွင် အကြီးဆုံးဖြစ်ရခြင်းမှာအ ကြောင်းမဲ့မဟုတ်ချေ။ အသည်း၌ အလွန်အရေးကြီးသော လုပ်ငန်းလေးရပ် ရှိ၏။ ထိုလုပ်ငန်းတို့မှာ - (၁) အစာချေရာ၌ အသုံးဝင်သော သည်းခြေရည် (ဗိုင်းအရည်)ကို ထုတ်ပေးရခြင်း၊ (၂) အစာအိမ်၊ အူသိမ်၊ အူမကြီးတို့မှ စုတ်ယူလာသော သကြားကို ဂလိုင်ကိုဂျင် (တိရစ္ဆာန်ကစီ)အဖြစ်ဖြင့် ဆဲများတွင် သိမ်းဆည်းထား၍ ကြွက်သားမှလိုသောအခါ ထုတ်ပေးရခြင်း၊ (၃) အစာကြောင်းနှင့် အသည်းဆက်နေသည့် သွေးပြန် ကြောမဖြင့် ရောက်ရှိလာသော အာဟာရဓာတ်များကို အညစ် အကြေးတစ်ခြား အာဟာရဖြစ်စေသော ဓာတ်တစ်ခြား ခွဲခြား ချက်လုပ်ပြီးနောက် အညစ်အကြေးရည်ကို ဆီးအဖြစ်ဖြင့် စွန့်ထုတ်ပေးရခြင်း၊ (၄) အဆီကို အောက်ဆီဒေးရှင်းခေါ် အောက်ဆီဂျင်နှင့် ပေါင်းစပ်နိုင်အောင် ပြုပြင်ပေးရခြင်းဟူသောလုပ်ငန်းများ ဖြစ်သည်။ အသည်းကို ကြောရိုးရှိသတ္တဝါမှန်သမျှနှင့် ကြောရိုးမဲ့ သတ္တဝါအချို့တွင် တွေ့ရသည်။[၃]
သန္ဓေသားဘဝမှ ဖွံဖြိုးလာပုံ [ပြင်ဆင်ရန်]
အသည်း၏ ခန္ဓာဗေဒ ဖွဲ့စည်းတည်ဆောက်ပုံ [ပြင်ဆင်ရန်]
အသည်း၏ ဇီ၀ကမ္မ လုပ်ငန်းများ [ပြင်ဆင်ရန်]
မြန်မာနိုင်ငံတွင် အဖြစ်များသော အသည်းရောဂါများ [ပြင်ဆင်ရန်]
အသည်းရောဂါလက္ခဏာများ [ပြင်ဆင်ရန်]
အသည်းရောဂါရှာဖွေခြင်း [ပြင်ဆင်ရန်]
အသည်းအစားထိုးခြင်း [ပြင်ဆင်ရန်]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Template:GeorgiaPhysiology
- ↑ The Greek word "ήπαρ" was derived from hēpaomai (ηπάομαι): to mend, to repair, hence hēpar actually means "repairable", indicating that this organ can regenerate itself spontaneously in the case of lesion.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)