ပန်ဒါဝက်ဝံကြီး
Wikipedia မှ
| ပန်ဒါဝက်ဝံကြီး | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Endangered (IUCN Red List Ver.3.1 (2001)) |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Ailuropoda melanoleuca'' | ||||||||||||||
ပန်ဒါဝက်ဝံကြီးခေါ် ဝက်ဝံမျိုးကို တရုတ်နိုင်ငံ အနောက်ပိုင်းတို့တွင် တွေ့ရသည်။ ပန်ဒါဝံကြီး၏ ပါဏဗေဒ အမည်မှာ အီလျူရော့ပိုဒါ မီလာနိုလျူကာ (Ailuropoda melanoleuca) ဖြစ်သည်။
ပန်ဒါဝံကြီးမျိုးသည် ဝက်ဝံအငယ်စား အရွယ်ခန့်ရှိသည်။ တရုတ်နိုင်ငံ အနောက်ပိုင်း ဝါးရုံတောများတွင် တွေ့နိုင်သည်။ အမြီးသည် ငုတ်တိုကလေးသာ ရှိသည်။ ခြေလုံးတုတ်၍ ခြေဖဝါးကြီးသည်။ ဖြူသော ကိုယ်လုံးတွင် လက်ပြင်တစ်ဝိုက်၌ အမဲရစ်ကြီး ရှိသည်။ ခြေထောက်၊ နားရွက်၊ မျက်စိ ပတ်လည်တွင် မဲနေရကား ကြောင်ကြောင်ကျားကျား ရှိသည်။
ကိုးကား [ပြင်ဆင်ရန်]
|
|||||