ဝီကီဒေတာ

ဝီကီပီးဒီးယား မှ
(Wikidata မှ ပြန်ညွှန်းထားသည်)
ဝီကီဒေတာ
ဝီကီဒေတာ၏ ပင်မစာမျက်နှာ
ဝဘ်ဆိုဒ် အမျိုးအစား
ဖတ်ရှုရရှိနိုင်မှုMultilingual
ပိုင်ဆိုင်သူဝီကီမီဒီယာ ဖောင်ဒေးရှင်း
ဖန်တီးသူဝီကီမီဒီယာ အသိုက်အဝန်း
ဝဘ်ဆိုဒ်wikidata.org
Alexa အဆင့် 12,901 (November 2017)[၁]
စီးပွားရေးမရှိ
မှတ်ပုံတင်ခြင်းOptional

ဝီကီဒေတာဆိုသည်မှာ အများမှ ပူးပေါင်းတည်းဖြတ်သည့် အသိပညာအခြေပြု ပရောဂျက်တစ်ခုဖြစ်ပြီး ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ စီမံခန့်ခွဲသည်။ ဝီကီပီးဒီးယားကဲ့သို့ ဝီကီမီဒီယာ ပရောဂျက်များအတွက် ဒေတာရင်းမြစ်များအဖြစ် ပေးနိုင်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။[၂] Wikimedia Commons ကဲ့သို့ပင် မီဒီယာဖိုင်များအား သိုလှောင်နိုင်ပြီး ထိုဖိုင်များကို ဝီကီမီဒီယာ ပရောဂျက်အားလုံးတွင်  ခွင့်ပြုထားပြီး လွတ်လပ်စွာ တဖန်ပြန်၍ အသုံးပြုနိုင်သည်။ ဝီကီဒေတာကို Wikibase ဆော့ဝဲလ်ဖြင့် လည်ပတ်သည်။[၃]

သဘောတရား[ပြင်ဆင်ရန်]

ဝီကီဒေတာသည် document-oriented database ဖြစ်ပြီး အချက်အလက်များတွင် အဓိကထားသည်။ အချက်အလက်တိုင်းသည် အကြောင်းအရာတစ်ခု (သို့မဟုတ်  ဝီကီပီးဒီးယား ထိန်းသိမ်းရေးအတွက် အသုံးပြုသော အုပ်ချုပ်မှု စာမျက်နှာများ)ကို ကိုယ်စားပြုပြီး ထိုသည်တို့ကို သီးသန့်ကိန်းဂဏန်းများဖြင့် သတ်မှတ်ထားကာ ထိုဂဏန်းများအစတွင် အင်္ဂလိပ်အက္ခရာ Q ဖြင့် စတင်ထားသည်။ ဥပမာအားဖြင့်  နိုင်ငံရေးဟုသော အကြောင်းအရာအတွက် အချက်အလက်မှာ Q7163 ဖြစ်သည်။ 

ဤပုံတွင် Wikidata ရှိ အရေးကြီးသော အခေါ်အဝေါ်များကို ပြသထားသည်။

တိုးတက်ပြောင်းလဲလာမှု သမိုင်း[ပြင်ဆင်ရန်]

ဤပရောဂျက်အား ဖန်တီးရာတွင် Allen Institute for Artificial Intelligence၊  Gordon and Betty Moore Foundation နှင့် ဂူဂယ် အင်စတီကျူတို့၏ ထောက်ပံ့လှူဒါန်းမှုများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁.၃ မီလီယံဖြင့် ဖြစ်သည်။[၄][၅] အစောပိုင်း ဤပရောဂျက်ကို ဝီကီမီဒီယာ ဂျာမနီမှ ကြီးကြပ်ကွပ်ကဲခဲ့ပြီး အပိုင်းသုံးပိုင်း ခွဲ၍ ဆောင်ရွက်ခဲ့သည်။[၆]

  1. ဘာသာစကားအချင်းချင်းကြား ချိတ်ဆက်မှုကို ထိန်းချုပ်ကွပ်ကဲခြင်း – မတူညီသော ဘာသာစကားများ ရေးသားထားသော အကြောင်းအရာတူ ဝီကီပီးဒီးယား ဆောင်းပါးများကြား ချိတ်ဆက်ပေးခြင်း
  2. ဝီကီပီးဒီးယားအားလုံးအတွက် infobox data များကို ဗဟိုနေရာအဖြစ် ထောက်ပံ့ပေးခြင်း
  3. ဝီကီဒေတာရှိ အချက်အလက်များတွင် အခြေခံထားသော စာရင်းဆောင်းပါးများအား ဖန်တီးခြင်းနှင့် အဆင့်မြှင့်တင်ခြင်း

လိုဂို"WlKl[ပြင်ဆင်ရန်]

လိုဂိုပေါ်ရှိ ဘားများတွင် "WIKI" ဟုသော စကားလုံးကို  မော့ အချက်ပြသင်္ကေတဖြင့် ဝှက်၍ ရေးထားသည်။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. Wikidata.org Site InfoAlexa Internet။ 3 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-11-01 တွင် ပြန်စစ်ပြီး။
  2. Data Revolution for Wikipedia။ Wikimedia Deutschland (March 30, 2012)။ 11 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 11, 2012 တွင် ပြန်စစ်ပြီး။
  3. Wikibase — Home
  4. Dickinson၊ Boonsri။ "Paul Allen Invests In A Massive Project To Make Wikipedia Better"၊ March 30, 2012။ September 11, 2012 တွင် ပြန်စစ်ပြီး 
  5. Perez၊ Sarah။ "Wikipedia’s Next Big Thing: Wikidata, A Machine-Readable, User-Editable Database Funded By Google, Paul Allen And Others"၊ March 30, 2012။ September 11, 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 11 September 2012။ 
  6. Wikidata - Meta
  7. commons:File talk:Wikidata-logo-en.svg#Hybrid. Retrieved 2016-10-06.

ထပ်မံဖတ်ရှုရန်[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]