တရုတ်ဟင်းလျာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဤစာမျက်နှာသည် မပြီးစီးသေးပါ။ အ​ကြောင်းအရာ ပိုမိုပြည့်စုံလာစေရန် အတွက် ဆက်လက်၍ ဖြည့်ဆည်း ရေးသားပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
ChineseDishLogo.png
တရုတ်ဟင်းလျာ
တရုတ်ဟင်းလျာသမိုင်း
ဒေသအလိုက် ဟင်းလျာများ
ဟင်းလျာကြီး ၈ မျိုး

အန်းဟွေး - ကွမ်တုန်းဖူကျန့်ဟူနန်
ကျန်းစူးဆန်းတုန်းစိချွမ်းဂျဲ့ကျန်း


တရုတ်ဟင်းလျာများ (中國菜 ၊ 中華料理 ၊ 中國料理) သည် တရုတ်ပြည်မှ အစပြုကာ အာရှမှတဆင့် အမေရိကန်ဩစတြေးလျ၊ အနောက်ဥရောပနှင့် တောင်အာဖရိက စသည့် ကမ္ဘာ့နေရာအသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။ ယနေ့တွင် အရှေ့ဥရောပနှင့် တောင်အာရှ ဒေသများတွင်လည်း တရုတ်ဟင်းလျာများကို နှစ်သက်သူများ ရှိလာပြီဖြစ်သည်။ အမေရိကန် တရုတ်ဟင်းလျာနှင့် အိန္ဒိယ တရုတ်ဟင်းလျာတို့သည် ဒေသခံများ၏အကြိုက်နှင့် အစပ်အဟပ်တည့်အောင် ပြင်ဆင်ချက်ပြုတ်ထားသည့် တရုတ်ဟင်းလျာများဖြစ်သည်။ ယင်းဟင်းလျာများ၏ အရသာမှာ မူလတရုတ်ဟင်းလျာများ၏ အရသာနှင့် ကွာဟချက်များရှိသည်။


ဒေသအလိုက် ကွဲပြားမှု[ပြင်​ဆင်​ရန်​]

စုန့်မင်းဆက်တွင် ပြန်လည် မွမ်းမံထားသည့် ထန်မင်းဆက်ခေတ်မှ ညစာစားပွဲ တည်ခင်းနေပုံ ပန်းချီကား

P တရုတ်ပြည်တွင်း၌ပင် ဒေသအလိုက် ချက်နည်းပြုတ်နည်း မတူကြပေ။ ထို့ကြောင့် တရုတ်ပြည် တလွှားတွင် မတူသည့် ဟင်းလျာများ ပေါ်ပေါက်လာပြီး အဓိကအားဖြင့် ဟင်းလျာကြီး ၈ မျိုး (八大菜系) အဖြစ်ခွဲခြားနိုင်သည်။ ၎င်းတို့မှာ အန်းဟွေးဟင်းလျာ (徽菜)၊ ကွမ်တုန်းဟင်းလျာ (粵菜)၊ ဖူကျန့်ဟင်းလျာ (閩菜)၊ ဟူနန်ဟင်းလျာ (湘菜)၊ ကျန်းစူးဟင်းလျာ (蘇菜)၊ ဆန်းတုန်းဟင်းလျာ (魯菜)၊ စိချွမ်းဟင်းလျာ (川菜) နှင့် ဂျဲ့ကျန်းဟင်းလျာ (浙菜) တို့ ဖြစ်ကြသည်။ အချို့မှာလည်း တရုတ်ဟင်းလျာများကို အကျမ်းအားဖြင့် ဟင်းလျာကြီး ၄ မျိုး (四大菜系) အဖြစ်သာ ခွဲခြားတတ်ကြသည်။[၁] အဓိကအားဖြင့် ပထဝီအနေအထားအလိုက် စိချွမ်း (အနောက်ပိုင်း)၊ ကွမ်တုန်း (တောင်ပိုင်း)၊ ဆန်းတုန်း (မြောက်ပိုင်း) နှင့် ဟွိုင်ယန်ဟင်းလျာ (淮揚菜) (အရှေ့ပိုင်း) ဟူ၍ ဟင်းလျာကြီး ၄ မျိုးအဖြစ် လူသိများကြသည်။

ယခုခေတ်တွင် ပေကျင်းဟင်းလျာ (京菜) နှင့် ရှန်ဟိုင်းဟင်းလျာ (滬菜) ကိုလည်း အလေးထားလာကြပြီး သမားရိုးကျ ဟင်းလျာ ၈ မျိုးတွင် ပေါင်းထည့်ကာ တရုတ်ဟင်းလျာကြီး ၁၀ မျိုး (十大菜系) ဟုလည်း ဖော်ပြလာကြသည်။ ထို့အပြင် တရုတ်ဘုန်းကြီးကျောင်းများတွင် ချက်ပြုတ်သုံးဆောင်ကြသည့် သက်သတ်လွတ် ဟင်းလျာ (齋菜) များသည်လည်း လူသိများသည့် တရုတ်ဟင်းလျာ တစ်မျိုးဖြစ်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]