တရုတ်ဟင်းလျာသမိုင်း

ဝီကီပီးဒီးယား မှ
တရုတ်ဟင်းလျာ
ဒေသအလိုက် ဟင်းလျာများ
ဟင်းလျာကြီး ၈ မျိုး

အန်းဟွေး - ကွမ်တုန်းဖူကျန့်ဟူနန်
ကျန်းစူးဆန်းတုန်းစိချွမ်းဂျဲ့ကျန်း


တရုတ်ဟင်းလျာ၏ သမိုင်းကြောင်းကို ပြန်ပြောင်းကောက်ရမည်ဆိုလျှင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀၀၀၀ ခန့်က ပီကင်းလူသား မီးကို စတင်အသုံးပြုချိန်နှင့် "ဟင်းလျာ"အား စတင် တီထွင်ခဲ့ချိန်ဖြစ်သည်။ ပညာရှင်တချို့ကမူ တွေ့ရှိရသည့် သမိုင်း အထောက်အထားများအရ တရုတ်ဟင်းလျာ၏ သမိုင်းမှာ ဆန်စပါးစိုက်ပျိုးခြင်းနှင့် ခေါက်ဆွဲထုတ်လုပ်မှု စတင်ခဲ့သည့် ကျောက်ခေတ်မှ စတင်ခဲ့သည်ဟု ဆိုကြသည်။ ထမင်းနှင့် ခေါက်ဆွဲတို့မှာ ယနေ့ခေတ် တရုတ်လူမျိုးများ အဓိက စားသောက်ကြသည့် အစားအစာများ ဖြစ်သည်။

ချက်နည်းပြုတ်နည်း[ပြင်ဆင်ရန်]

ရာစုနှစ်ပေါင်း များစွာအတွင်း အစားအသောက်အသစ်များကို တွေ့ရှိလာသည့်အလျောက်၊ ချက်ပြုတ်နည်းအသစ်များကို တီထွင်လာသည့်အလျောက် တရုတ်ဟင်းလျာများလည်း ဆင့်ကဲပြောင်းလဲလာခဲ့သည်။ တရုတ်တို့ စားသောက်ပုံ ဓလေ့များအနက် ထူးခြားတစ်ရပ်မှာ တူဖြင့် စားသောက်ခြင်း ဖြစ်သည်။ တရုတ်တို့သည် တူကို ကျိုးမင်းဆက် (ဘီစီ ၁၀၄၅ - ဘီစီ ၂၅၆) မှ စတင် အသုံးပြုလာသည်မှာ နှစ်ပေါင်း ၃၀၀၀ နီပါးရှိနေပြီဖြစ်သည်။ မီးပြင်းပြင်းဖြင့် မွေကျော်သည့် ဟင်းလျာများမှာလည်း ထန်မင်းဆက် (အေဒီ ၆၁၈ - ၉၀၇) မှစကာ လူကြိုက်များလာခဲ့သည်။ မီးမီးပြင်းပြင်းဖြင့် မွေကျော်ခြင်းမှာ ရှားပါးသည့် လောင်စာ သက်သာစေရန် တီထွင်ထားသည့် ချက်ပြုတ်နည်း တစ်မျိုးဖြစ်သည်။

တရုတ်ဟင်းလျာ အမျိုးအစား[ပြင်ဆင်ရန်]

ချင်မင်းဆက်နှင့် ဟန်မင်းဆက် ခေတ်ကာလများအတွင်း တရုတ်အင်ပါယာကြီး တိုးချဲ့ပြီး များမကြာမီတွင် တရုတ်ပြည်တလွှား ဒေသအသီးသီးမှ ချက်နည်းပြုတ်နည်းများ ကွဲပြားသည်ကို တရုတ် စာရေးဆရာများ သတိပြုမိလာကြသည်။ ဤသို့ကွဲပြားရခြင်းမှာ အဓိကအားဖြင့် နေရာအလိုက် ရာသီဥတု ကွဲပြားခြင်း၊ ဖြစ်ထွန်းသည့် ဟင်းသီးဟင်းရွက်များ ကွဲပြားခြင်းတို့ကြောင့် ဖြစ်သည်။

တောင်နှင့် မြောက်[ပြင်ဆင်ရန်]

တောင်နှင့်မြောက် ဒေသနှစ်ခုအကြား ချက်ပြုတ်နည်း ကွာဟချက်သည် အများက အစောဆုံး သတိပြုမိသည့် ကွာဟချက် ဖြစ်သည်။ အသိသာ အထင်ရှားဆုံးအချက်မှာ မြောက်ပိုင်းဒေသတွင် ဂျုံကို အဓိက စားသုံးကြပြီး တောင်းပိုင်းဒေသတွင် နေထိုင်သူများက ဆန်ကို အဓိကထား စားသုံးကြခြင်း ဖြစ်သည်။ အများသိကြသည့် ခေါက်ဆွဲ၊ ပေါက်စီ၊ ဖက်ထုပ် စသည်တို့မှာ မြောက်ပိုင်းသားများထံမှ ဆင်းသက်လာသည့် တရုတ်ရိုးရာ အစားအစာများ ဖြစ်သည်။[၁]

ဟင်းလျာကြီး ၄ မျိုး[ပြင်ဆင်ရန်]

တရုတ်ဟင်းလျာ အများစုကို လူ၊ ယန်၊ ချွမ်း နှင့် ယွဲ့ ဆိုသည့် ဟင်းလျာကြီး ၄ မျိုးအဖြစ် ခွဲခြားနိုင်သည်။ ဤဟင်းလျာ အမျိုးအစား အမည်များမှာ နေရာဒေသ၏ တရုတ်အမည် အတိုကောက်များ ဖြစ်ကြသည်။ လူ မှာ ဆန်းတုန်းပြည်နယ်၊ ယန်မှာ ကျန်းစူးပြည်နယ် ယန်ကျိုးဒေသ၊ ချွမ်းမှာ စိချွမ်းပြည်နယ်နှင့် ယွဲ့မှာ ကွမ်တုန်းပြည်နယ်ဖြစ်သည်။ ထို့ကြောင့် ဆန်းတုန်းဟင်းလျာဟွိုင်ယန်ဟင်းလျာစိချွန်းဟင်းလျာကွမ်တုန်းဟင်းလျာဟုခေါ်ကြသည်။ ဤဟင်းလျာကြီး ၄ မျိုးအနက် လူဟင်းလျာသည် ရှေးအကျဆုံးဖြစ်သည့်အတွက် အမျိုးအမယ်လည်း အများဆုံးဖြစ်သည်။

ဟင်းလျာကြီး ၈ မျိုး[ပြင်ဆင်ရန်]

ဟင်းလျာကြီး ၈ မျိုးတွင် အထက်ဖော်ပြပါ သမားရိုးကျ ၄ မျိုးအပြင် ဟူနန်ဟင်းလျာဖူကျန့်ဟင်းလျာအန်းဟွေးဟင်းလျာ နှင့် ဂျဲ့ကျန်းဟင်းလျာတို့ ပါဝင်သည်။

ဟင်းလျာကြီး ၁၀ မျိုး[ပြင်ဆင်ရန်]

နောက်ပိုင်းတွင် ပေကျင်းဟင်းလျာနှင့် ရှန်ဟိုင်းဟင်းလျာတို့ကိုပါ အလေးထားလာပြီး အထက်မှ ဟင်းကြီး ၈ မျိုးတွင် ပေါင်းထည့်ကာ ဟင်းလျာကြီး ၁၀ မျိုးဟု ပြောစမှတ်ပြုလာကြသည်။

ကိုးကား[ပြင်ဆင်ရန်]