တန်ဆွန်းညက် နိုင်ငံတကာလေဆိပ်
Wikipedia မှ
| တန်ဆွန်းညက် နိုင်ငံတကာလေဆိပ် Sân bay Quốc tế Tân Sơn Nhất |
|||
|---|---|---|---|
| IATA: SGN – ICAO: VVTS |
|||
| အချက်အလက် | |||
| အမျိုးအစား | ပြည်သူပိုင် | ||
| ပိုင်ဆိုင်သူ | ဗီယက်နမ် အစိုးရ | ||
| စီမံကွပ်ကဲသူ | Southern Airports Corporation | ||
| ဝန်ဆောင်မှု ဧရိယာ | ဟိုချီမင်းမြို့၊ ဗီယက်နမ် | ||
| တည်နေရာ | Tan Binh District | ||
| ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း |
|
||
| ပင်လယ်မျက်နှာပြင် အထက် | 10 m / 33 ft | ||
| ဝက်ဘ်ဆိုက် | |||
| ပြေးလမ်း | |||
| ဦးတည်ရာအရပ် | အလျား | မျက်နှာပြင် | |
| m | ft | ||
| 07L/25R | 3,048 | 10,000 | ကွန်ကရစ် |
| 07R/25L | 3,800 | 12,468 | ကွန်ကရစ် |
| စာရင်းအင်း (2008) | |||
| ခရီးသည် | 12,427,808[၁] | ||
| ကုန်စည်တန်ချိန် | 444,223[၁] | ||
| လေယာဉ် အတက်အဆင်း | 98,002[၁] | ||
တန်ဆွန်းညက် နိုင်ငံတကာ လေဆိပ်သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးလေဆိပ်ဖြစ်ပြီး ဟိုချီမင်းစီးတီးမှ ၇ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ လေဆိပ်ကို ၁၉၃ဝ လွန်နှစ်များက ပြင်သစ်တို့ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ဗီယက်နမ်စစ်ပွဲအပြီး၌ အဆင့်မြှင့်ခဲ့သည်။ ၎င်းတွင် ပြေးလမ်းနှစ်ခုရှိပြီး တစ်နှစ်လျှင် ခရီးသည် ၂၃.၅ သန်းကို ဝန်ဆောင်မှုပေးနိုင်သည်။ ၂ဝဝ၉ ခုနှစ်က ခရီးသည် ၁၃ သန်းကို ဝန်ဆောင်မှုပေးခဲ့သည်။ မကြာလှသော အနာဂတ်တွင် ဟိုချီမင်းမြို့ အရှေ့မြောက် ၄၅ ကီလိုမီတာ အကွာရှိ လေယာဉ်ကွင်းသစ်ဖြင့် အစားထိုးမည် ဖြစ်သည်။ လေယာဉ်ကွင်းသစ်သည် တစ်နှစ်လျှင် ခရီးသည် သန်း ၁ဝဝ ကို ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။