ရှန်ဟိုင်း ဖူတုန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရှန်ဟိုင်း ဖူတုန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်
Shanghai Pudong International Airport

上海浦东国际机场
Shànghǎi Pǔdōng Guójì Jīchǎng
PudongAirportLogo.png
Logo of Shanghai Airport Authority
Shanghai Pudong International Airport Overview.jpg
IATA: PVGICAO: ZSPD
PVG is located in China
PVG
Location of the airport in China
အချက်အလက်
အမျိုးအစား ပြည်သူပိုင်
စီမံကွပ်ကဲသူ Shanghai Airport Authority
ဝန်ဆောင်မှု ဧရိယာ ရှန်ဟိုင်းမြို့
တည်နေရာ ဖူတုန်း
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း
  • Air China
  • China Eastern Airlines
  • Juneyao Airlines
  • Shanghai Airlines
ပင်လယ်မျက်နှာပြင် အထက် 13 ft / 4 m
ဝက်ဘ်ဆိုက် www.shairport.com
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
m ft
16/34 3,800 12,467 ကွန်ကရစ်
17L/35R 4,000 13,123 ကွန်ကရစ်
17R/35L 3,400 11,154 ကွန်ကရစ်
Source: DAFIF

ရှန်ဟိုင်း ဖူတုန်း အပြည်ပြည်ဆိုင်ရာ လေဆိပ် (တရုတ် - 上海浦东国际机场; 上海浦東國際機場) (IATA: PVG, ICAO: ZSPD) သည် အာရှဒေသ အထူးသဖြင့် အရှေ့အာရှဒေသရှိ လေကြောင်းပို့ဆောင်ရေး ဗဟိုအချက်အချာ ဖြစ်သည်။ ၎င်းသည်လည်း ရှန်ဟိုင်းမြို့ပြဒေသကို ဝန်ဆောင်မှုပေးနေသည့် အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်သည်။ မြို့လယ်မှ ၃၀ ကီလိုမီတာ (၁၉ မိုင်) ခန့် ကွာဝေးပြီး ဧရိယာမှာ ၄၀ စတုရန်း ကီလိုမီတာ (၁၅ စတုရန်း မိုင်) ကျယ်ဝန်းကာ ဖူတုန်းမြို့နယ် အစွန်းတွင် တည်ရှိသည်။

ဖူတုန်းလေဆိပ်သည် အရှေ့ပိုင်း တရုတ် လေကြောင်း (China Eastern Airlines)၊ ရှန်ဟိုင်းလေကြောင်း (Shanghai Airlines) နှင့် တရုတ်လေကြောင်း (အဲယားချိုင်းနား) (Air China) တို့၏ အဓိက အခြေစိုက်စခန်း ဖြစ်သည်။ လေဆိပ် အဆောက်အဦးတွင် အပြိုင်ဆောက်ထားသည့် တယ်မီနယ် ၂ ခုနှင့် ဘေးတစ်ဖက်တစ်ချက်တွင် ပြေးလမ်း ၃ ခု အပြိုင် ဖောက်လုပ်ထားသည်။ ၂၀၁၅ ခုနှစ်တွင် နောက်ထပ် တယ်မီနယ် ၁ ခုနှစ် ပြေးလမ်း ၂ ခု ထပ်မံ ဆောက်လုပ်ရန် လျာထားသည်။ ခရီးသည် ဦးရေ သန်း ၆၀ မှ ၈၀ အထိတိုးမြှင့်နိုင်မည့်အပြင် ကုန်စည် တန်ချိန် ၆ သန်း ကိုင်တွယ်နိုင်မည်ဖြစ်သည်။ [၁] တယ်မီနယ် အဆောက်အဦး နှစ်ခုအကြားတွင် သံလိုက်ရထားဘူတာ တည်ရှိပြီး လေဆိပ်မှ မြို့တွင်းသို့ ၇ မိနစ် ၂၀ စက္ကန့်အတွင်း ရောက်ရှိနိုင်သည်။ ဖူတုန်းလေဆိပ်သည် တရုတ်ပြည်တွင် အနည်းစု ၂၄ နာရီပတ်လုံး ဖွင့်လှစ်သည့် လေဆိပ် တစ်ခုဖြစ်သည်။

[ပြင်​ဆင်​ရန်​] ကိုးကား

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်