ထိုင်ဝမ် ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်
| ထိုင်ဝမ် ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ် Taiwan Taoyuan International Airport 臺灣桃園國際機場 Táiwān Táoyuán Gúojì Jīchǎng |
|||
|---|---|---|---|
| 200px | |||
| IATA: TPE – ICAO: RCTP Location of airport in Taiwan | |||
| အချက်အလက် | |||
| အမျိုးအစား | ပြည်သူပိုင် | ||
| စီမံကွပ်ကဲသူ | Civil Aeronautics Administration | ||
| ဝန်ဆောင်မှု ဧရိယာ | ထိုင်ပေမြို့ | ||
| တည်နေရာ | တာ့ယွမ်မြို့နယ်၊ ထောင်ယွမ်ခရိုင်၊ ထိုင်ဝမ် | ||
| ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း |
|
||
| ပင်လယ်မျက်နှာပြင် အထက် | 119 ft / 33 m | ||
| Coordinates | |||
| ဝက်ဘ်ဆိုက် | |||
| ပြေးလမ်း | |||
| ဦးတည်ရာအရပ် | အလျား | မျက်နှာပြင် | |
| ft | m | ||
| 06/24 | 10,991 | 3,350 | Paved |
| 05/23 | 12,008 | 3,660 | Paved |
| စာရင်းအင်း (2009) | |||
| ခရီးသည် | 21,616,729 (2009) | ||
| ကုန်စည်တန်ချိန် | 1,358,304 (2009) (မက်ထရစ်) | ||
| လေယာဉ် အဝင်အထွက် | 139,399 (2009) | ||
| Sources: Taoyuan International Airport[၁][၂] Cargo data from ACI[၃] |
|||
ထိုင်ဝမ် ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်(臺灣桃園國際機場 Taiwan Taoyuan International Airport, IATA အဖွဲ့အစည်းမှ သတ်မှတ်ထားသည့် သင်္ကေတ TPE)အား ထိုင်ဝမ်တွင် အတိုကောက်အားဖြင့် ထောင်ယွမ်လေဆိပ် သို့ ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟုလည်း ခေါ်ဝေါ်ကြသည်။ ၂၀၀၆ ခုနှစ် မတိုင်မှီတွင် အသုံးပြုသည့်အမည်မှာ ချန်ကေရှိတ် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်သည်။
ထောင်ယွမ်လေဆိပ်သည် ထိုင်ဝမ်ကျွန်း၏ အနောက်မြောက်ဒေသရှိ ထောင်ယွမ်ခရိုင်တွင် တည်ရှိသည်။ ထိုင်ဝမ် (တရုတ်သမ္မတနိုင်ငံ၊ အာအိုစီ)၏ မြို့တော် ထိုင်ပေမြို့နှင့် ၄၀ ကီလိုမီတာ ကွာဝေးသည်။ ထောင်ယွမ်လေဆိပ်သည် ထိုင်ဝမ်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် ၃ ခုအနက် အကြီးဆုံးနှင့် ကမ္ဘာလှည့်ခရီးသည် ဝင်ထွက်သွားလာမှု အများဆုံး လေဆိပ်လည်းဖြစ်သည်။
မာတိကာ |
[ပြင်ဆင်ရန်] ပြောင်းလဲဖွံ့ဖြိုးမှု
[ပြင်ဆင်ရန်] နောက်ခံအကြောင်းအရင်း
၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ထိုင်ပေမြို့တွင်း အသုံးပြုနေသည့် အပြည်ပြည်ဆိုင်ရာ လေဆိပ် ထိုင်ပေစုန်းဆန်းလေဆိပ်၏ အရှေ့ဖက်နှင့် မြောက်ဖက်တွင် ကြီးလုံမြစ်၊ အနောက်ဖက်နှင့် တောင်ဖက်တွင် လူနေအိမ်ခြေများ ရှိသောကြောင့် နေ့စဉ်နှင့်အမျှ များပြားလာသည့် ခရီးသည်ဦးရေများအတွက် တိုးချဲ့ဆောက်လုပ်ရန် မြေကွက်လပ်မရှိ တော့ပေ။ ထို့အပြင် လေယာဉ်ပြေးလမ်းမှာလည်း တစ်လမ်းတည်းသား ရှိသည့်အတွက် လေဆိပ်အသစ် ဆောက်လုပ်ရန်နှင့် အနာဂတ်တွင် တိုးချဲ့ဆောက်လုပ်ရန် သင့်တော်မည့် မြေနေရာကို ရွေးချယ်ရန် လိုအပ်လာသည်။
ဤကဲ့သို့သော အကြောင်းအရင်းများကြောင့် ထိုင်ဝမ်အစိုးရမှ မြို့တော်ထိုင်ပေနှင့် အနီးဆုံးလဲဖြစ် မြေကွက်လပ် ကျယ်ကျယ်ဝန်းဝန်းလည်း ရှိသည့် ထောင်ယွမ်ခရိုင်တွင် လေဆိပ်အသစ် တည်ဆောက်ရန် ရွေးချယ်ခဲ့သည်။ ထို့အပြင် ဆောက်လုပ်ရေး စီမံကိန်းကြီး ၁၀ ရပ်အတွင်း အရေးပါသည့် စီမံကိန်းတရပ်အဖြစ် ထည့်သွင်း အကောင်အထည်ဖော်ခဲ့သည်။ [၄]。
[ပြင်ဆင်ရန်] အမည်ရင်းမြစ်
၁၉၇၉ ခုနှစ် ထောင်ယွမ်လေဆိပ် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် မူလ ထိုင်ပေမြို့တွင်းရှိ ထိုင်ပေ အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အစားထိုး အသုံးပြုသည့် အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်လာသောကြောင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေး အဖွဲ့အစည်းတွင် စာရင်းသွင်းထားသည့် သင်္ကေတမှာ မူလ သင်္ကေတ TPE ကို ဆက်လက်သုံးစွဲခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေကြောင်းပို့ဆောင်ရေး အဖွဲ့အစည်း (ICAO) ၏ သင်္ကေတမှာမူ RCTP ဖြစ်သည်။
ဆောက်လုပ်ရေး စီမံကိန်းကြီး ၁၀ ရပ်အား အကောင်အထည်ဖော်သည့် ကာလအတွင်း ၎င်းလေဆိပ်အား မူလက ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟု အမည်ပေးရန် စီစဉ်ခဲ့သည်။ သို့သော် လေဆိပ်မဖွင့်မှီ ၁၀ ရက်အလို ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဝန်ကြီးများရုံး စည်းဝေးပွဲ၌ အာအိုစီ သမ္မတဟောင်း ချန်ကေရှိတ်(蔣介石)အား အထိန်းအမှတ်ပြုသည့်အနေဖြင့် “ချန်ကေရှိတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်”(中正國際機場)အဖြစ် အမည်ပေးရန် ဆုံးဖြတ်ခဲ့သည်။ (中正 ကျုံးကျန့်မှာ ချန်ကေရှိတ်၏ အမည်ရင်းဖြစ်သည်)'[၅] အင်္ဂလိပ်အမည်မှာမူ Chiang Kai-Shek International Airport ဖြစ်သည်။ ပြည်သူများအကြားတွင် အင်္ဂလိပ်အမည်၏ အတိုကောက် CKS အား အသုံးများကြသည်။
သို့သော် ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် ထိုစဉ်အခါက ဒီမိုကရက်တစ်တိုးတက်ရေးပါတီဝင် သမ္မတ ချန်ဆွေပြန်မှ ဝန်ကြီးများရုံးအား လေဆိပ်အမည် ပြောင်းရေး မပြောင်းရေး ဆွေးနွေးကြရန် ညွှန်ကြားခဲ့သည်။ [၆] ထို့နောက် ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဝန်ကြီးများရုံးမှ မူလ ချန်ကေရှိတ်လေဆိပ်အစား “ထိုင်ဝမ် ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်” အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်အတည်ပြုခဲ့သည်။
[ပြင်ဆင်ရန်] ကျမ်းကိုး
- ↑ Passenger Volume. Taiwan Taoyuan International Airport. Retrieved on 2010-06-08။[dead link]
- ↑ Aircraft Volume. Taiwan Taoyuan International Airport. Retrieved on 2010-07-28။[dead link]
- ↑ Year to date Cargo Traffic. Airports Council International. Retrieved on 2010-06-08။
- ↑ 國史館 - 中正國際機場
- ↑ 鄒景雯. "當年啟用前11天… 桃園機場硬被改名中正", 自由時報, 2006年9月2日. Retrieved on 2008年9月21日.
- ↑ 中正機場改名台灣桃園機場;改名多花億元,航空業者跳腳 - 2006年9月1日台視新聞