အဲမရိတ် လေကြောင်းလိုင်း
|
||||
| တည်ထောင်ခြင်း | ၁၉၈၅ | |||
|---|---|---|---|---|
| စတင်ပြေးဆွဲခြင်း | ၂၅ အောက်တိုဘာ ၁၉၈၅ | |||
| အချက်အခြာဌာန | ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် [A] | |||
| အဓိက ပြေးဆွဲရာ မြို့များ | [ကိုးကားချက်လိုသည်]
|
|||
| ဖရီးကွင့် ဖလိုင်ယာ ပရိုဂရမ် | စကိုင်းဝပ်ဒ် | |||
| လေဆိပ် လောင်းချ်များ | အဲမရိတ် လောင်းချ် | |||
| ကုမ္ပဏီခွဲများ | ||||
| လေယာဉ်ပေါင်း | ၁၄၇ (+၁၉၃ မှာကြားထား) ကုန်တင်လေယာဉ်မပါ [B] | |||
| စုစုပေါင်းပျံသန်းရာနေရာ | ကုန်တင် မပါလျှင် ၁၀၀၊ ကုန်တင် အပါ ၁၁၁ (as of June 2011) | |||
| ကုမ္ပဏီဆောင်ပုဒ် | Fly Emirates. Keep Discovering Fly Emirates. To over Six Continents |
|||
| မိခင်ကုမ္ပဏီ | အဲမရိတ် ဂရု(ပ်) | |||
| ဌာနချုပ် | Emirates Group Headquarters, Airport Road, Garhoud, ဒူဘိုင်းမြို့, အာရပ် စော်ဘွားများ ပြည်ထောင်စု | |||
| အရေးပါသူများ |
|
|||
| ဝက်ဘ်ဆိုက် | www.emirates.com | |||
အဲမရိတ် လေကြောင်းလိုင်းသည် အာရပ်စော်ဘွားများပြည်ထောင်စု ၊ ဒူဘိုင်း အလံတင်ထားသော လေကြောင်းလိုင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး လေကြောင်းလိုင်းဖြစ်သည်။ ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် တာမင်နယ် ၃ မှ နေ၍ တိုက်ကြီး ၆ တိုက်ရှိ နိုင်ငံပေါင်း ၆၂ ခုမှ မြို့ကြီး ၁၁၁ မြို့သို့ တစ်ပတ်လျှင် ခရီးစဉ်ပေါင်း ၂၄၀၀ ကျော် ပြေးဆွဲလျှက်ရှိသည်။ ထို့ပြင် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး လေယာဉ်ခရီးစဉ် ၁၀ ခု အတွင်းမှ ၃ ခုဖြစ်သော ဒူဘိုင်းမှ လော့စ်အိန်ဂျယ်လိစ်မြို့၊ ဆန်ဖရန်စစ္စကိုမြို့ နှင့် ဟူစတန်မြို့ များသို့ ပြေးဆွဲလျှက် ရှိသည်။ အဲမရိတ် လေကြောင်းလိုင်းသည် ဒူဘိုင်း အစိုးရပိုင် ဒူဘိုင်း ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း ၏ လက်အောက်တွင် ရှိသော အဲမရိတ် ဂရု(ပ်) ၏ ကုမ္ပဏီခွဲဖြစ်သည်။ ကုန်တင်လုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းများကို အဲမရိတ် ဂရု(ပ်) ၏ စကိုင်းကာဂို ဌာနခွဲမှ ဆောင်ရွက်သည်။