အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
| အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Incheon International Airport 인천국제공항 仁川國際空港 Incheon Gukje Gonghang Inch'ŏn Kukche Konghang |
|||
|---|---|---|---|
| 200px | |||
| Interior of the Transportation Centre, Incheon International Airport | |||
| IATA: ICN – ICAO: RKSI
|
|||
| အချက်အလက် | |||
| အမျိုးအစား | ပြည်သူပိုင် | ||
| ပိုင်ဆိုင်သူ | တောင်ကိုရီးယား အစိုးရ | ||
| စီမံကွပ်ကဲသူ | Incheon International Airport Corporation (IIAC) | ||
| ဝန်ဆောင်မှု ဧရိယာ | ဆိုးလ်မြို့ | ||
| တည်နေရာ | အင်ချွန်၊ တောင်ကိုရီးယား | ||
| ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း |
|
||
| ပင်လယ်မျက်နှာပြင် အထက် | 23 ft / 7 m | ||
| Coordinates | |||
| ဝက်ဘ်ဆိုက် | |||
| ပြေးလမ်း | |||
| ဦးတည်ရာအရပ် | အလျား | မျက်နှာပြင် | |
| ft | m | ||
| 15R/33L | 12,303 | 3,750 | နိုင်လွန်ကတ္တရာ |
| 15L/33R | 12,303 | 3,750 | နိုင်လွန်ကတ္တရာ |
| 16/34 | 13,123 | 4,000 | နိုင်လွန်ကတ္တရာ |
| ရဟတ်ယာဉ်ကွင်း | |||
| အရေအတွက် | အလျား | မျက်နှာပြင် | |
| ft | m | ||
| H1 | 63 | 19 | ကွန်ကရစ် |
| စာရင်းအင်း (2009) | |||
| လေယာဉ် အဝင်အထွက် | 211,404 | ||
| ခရီးသည် | 30,000,000 | ||
| ကုန်စည်တန်ချိန် | 4,500,000 | ||
| Statistics from IIAC[၁] | |||
အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ် (IATA: ICN, ICAO: RKSI) သည် တောင်ကိုရီးယားနိုင်ငံရှိ အကြီးဆုံးလေဆိပ်ဖြစ်သလို ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် ခရီးသည် အဝင်အထွက် အများဆုံး လေဆိပ်များစားရင်းဝင် လေဆိပ်ဖြစ်သည်။ အဓိကအားဖြင့် အခြားနိုင်ငံများမှ ဆိုးလ်မြို့သို့ သွားရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအား ဝန်ဆောင်မှုပေးသည့် လေဆိပ်လည်းဖြစ်သည်။ ၂၀၀၅ ခုနှစ်မှစ၍ ကမ္ဘာပေါ်တွင် အကောင်းဆုံးလေဆိပ်ဟု သတ်မှတ်ခြင်းခံရသည်။
အင်ချွန်လေဆိပ်သည် ဆိုးလ်မြို့ အနောက်ဘက် ၇၀ မီတာ (၄၃ မိုင်) အကွာတွင် တည်ရှိပြီး ကိုရီးယားလေကြောင်း (Korean Air)၊ အေးရှားနားလေကြောင်း (Asiana Airlines) နှင့် ပိုလာ ကုန်တင်လေကြောင်း (Polar Air Cargo) တို့၏ အဓိကခြေကုတ်စခန်းဖြစ်သည်။ အင်ချွန်လေဆိပ်သည်လည်း အရှေ့အာရှဒေသ၏ ခရီးသည်နှင့် ကုန်စည် လေကြောင်းပို့ဆောင်ရေး အချက်အချာ ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ကောက်ယူထားသည့် စာရင်းအရ ယင်းလေဆိပ်သည် အာရှတွင် ခရီးသည် ပို့ဆောင်မှု အဋ္ဌမမြောက်အများဆုံး၊ ကမ္ဘာပေါ်တွင် ကုန်စည်ပို့ဆောင်မှု စတုတ္ထ အများဆုံးနှင့် ကမ္ဘာလှည့်ခရီးသည် နံပတ် ၁၁ မြောက် အများဆုံး လေဆိပ်ဖြစ်သည်။
အင်ချွန်လေဆိပ်ကို ၂၀၀၁ ခုနှစ် အစောပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဂင်ပို အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အစားထိုးခဲ့သည်။ ဂင်ပိုလေဆိပ်သည် လက်ရှိတွင် ပြည်တွင်းလေယာဉ်များ၊ တိုကျို (ဟာနဲ့ဒါ့)၊ ရှန်ဟိုင်း (ဟုန်ချောင်) နှင့် အိုစကာ (ကန်ဆိုင်း) သို့သာ ပြေးဆွဲသည်။ အင်ချွန်လေဆိပ်တွင် ဂေါက်ကွင်း၊ စပါး (spa)၊ ကာစီနို (လောင်းကစားရုံ)၊ အိပ်စက်အနားယူခန်း၊ အင်ဒိုးဥယျာဉ်နှင့် ကိုရီးယား ယဉ်ကျေးမှု ပြခန်းများ တည်ရှိသည်။
[ပြင်ဆင်ရန်] ကိုးကား
[ပြင်ဆင်ရန်] ပြင်ပလင့်ခ်များ
- Incheon International Airport – Official Site
- Incheon International Airport Foreign Carrier Cargo Terminal
- Official Site of Korea Tourism Org.: Incheon
- Korea City Air Terminal
- Korea Airport Service
- New Airport Highway Co. – Incheon International Airport Expressway
- Incheon International Airport Railroad (A'REX)