ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ရန်ကုန်မြို့ မြောက်ဘက် ၁၅ ကီလိုမီတာအကွာ မင်္ဂလာဒုံတွင် တည်ရှိသောကြောင့် မင်္ဂလာဒုံလေဆိပ်ဟုလည်း အမည်တွင်သည်။ ယင်းလေဆိပ်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး လေဆိပ်ဖြစ်ပြီး အဓိကကျသည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုဖြစသည်။
လေဆိပ်၏ တာမီနယ်အဟောင်းမှာ ပြည်တွင်းခရီးစဉ်များအတွက်သာ ဖြစ်ပြီး ၂၀၀၇ ခုနှစ် မေလမှ စတင် အသုံးပြုသည့် တာမီနယ် အသစ်မှာ ပြည်ပခရီးစဉ်များကို စီမံသည်။ နှစ်စဉ် ခရီးသည် အဝင်အထွက် ၂.၇ သန်းခန့်ရှိသည်။ [၁] ၂၀၀၆ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၈ သိန်းခန့်နှင့် ပြည်တွင်း ခရီးသည် ၁.၂ သန်းခန့် ရှိသည်။[၂]
[ပြင်ဆင်ရန်] သမိုင်း
Calcutta Metropolitan Airports Authority မှ ၁၉၄၇ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် တည်ဆောက်ခဲ့ကြသည်။ တစ်ချိန်ကအရှေ့တောင်အာရှ၏ အကောင်းဆုံးလေဆိပ်တစ်ခုအဖြစ် လေးစားခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ထိန်းသိမ်းမှု နည်းပါးခြင်း၊ ခေတ်နောက်ကျခြင်းတို့ကြောင့် ၎င်း၏အရှိန်အဝါကျဆင်းခဲ့ရသည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ "Yangon international airport terminal put into service after renovation", 2007-05-25.
- ↑ "Yangon International Airport opens new terminal", 2007-07-25.