လန်ဒန် ဟိသ်ရိုး လေဆိပ်
Wikipedia မှ
| လန်ဒန် ဟိသ်ရိုး လေဆိပ် London Heathrow Airport |
|||
|---|---|---|---|
| IATA: LHR – ICAO: EGLL – WMO: 03772 |
|||
| အချက်အလက် | |||
| အမျိုးအစား | ပြည်သူပိုင် | ||
| ပိုင်ဆိုင်သူ | BAA Limited | ||
| စီမံကွပ်ကဲသူ | Heathrow Airport Limited | ||
| တည်နေရာ | လန်ဒန်မြို့၊ ယူကေ | ||
| ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း |
|
||
| ပင်လယ်မျက်နှာပြင် အထက် | 83 ft / 25 m | ||
| ဝက်ဘ်ဆိုက် | |||
| ပြေးလမ်း | |||
| ဦးတည်ရာအရပ် | အလျား | မျက်နှာပြင် | |
| m | ft | ||
| 09L/27R | 3,901 | 12,799 | နိုင်လွန်ကတ္တရာ |
| 09R/27L | 3,660 | 12,008 | နိုင်လွန်ကတ္တရာ |
| စာရင်းအင်း (2009) | |||
| လေယာဉ် အဝင်အထွက် | 466,393 | ||
| ခရီးသည် | 66,036,957 | ||
| အခြေစိုက် လေယာဉ် | ~252 | ||
| Sources: UK AIP at NATS[၁] Statistics from the UK Civil Aviation Authority |
|||
လန်ဒန် ဟိသ်ရိုး လေဆိပ် (သို့) ဟိသ်ရိုး (IATA: LHR, ICAO: EGLL) သည် လန်ဒန်မြို့တော် ဟီလင်ဒန်မြို့နယ်တွင် တည်ရှိပြီး ယူနိုက်တက် ကင်းဒမ်းတွင် အကြီးဆုံး လေဆိပ်ဖြစ်သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်နှင့် ဥရောပတွင် ဒုတိယမြောက် ခရီးသည်ဝင်ထွက်မှု အများဆုံး လေဆိပ်ဖြစ်သည်။ [၂] ဟိသ်ရိုးသည် BMI လေကြောင်း၊ ဗြိတိသျှလေကြောင်းတို့၏ ဗဟိုအချက်အချာ ဖြစ်ပြီး ဗာဂျင် အတ္တလန္တိတ် လေကြောင်း အခြေစိုက်ရာ လေဆိပ်ဖြစ်သည်။
ဟိသ်ရိုးသည် လန်ဒန်မြို့လယ်ခေါင်၏ အနောက်ဘက် ၂၂ ကီလိုမီတာ (၁၄ မိုင်) အကွာတွင်[၁] တည်ရှိပြီး အရှေ့မှအနောက်သို့ ပြိုင်တန်းနေသည့် လေယာဉ်ပြေးလမ်း ၂ လမ်းရှိသည်။ လေဆိပ် တာမီနာ အမှတ် ၅ ကို ၂၀၀၈ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် အယ်လီဇဘက် ဘုရင်မမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။