ခြောက်ရက်စစ်ပွဲ
| ခြောက်ရက်စစ်ပွဲ | |||||||||
|---|---|---|---|---|---|---|---|---|---|
| the Arab–Israeli conflict၏ တစိတ်တဒေသ | |||||||||
Territory held by Israel before and after the Six Day War. The Straits of Tiran are circled, between the Gulf of Aqaba to the north and the Red Sea to the south. |
|||||||||
|
|||||||||
| စစ်ရင်ဆိုင်သည့်နိုင်ငံများ | |||||||||
Arab Expeditionary Forces:[၁] |
|||||||||
| တပ်မှူးများ | |||||||||
| စစ်အင်အား | |||||||||
| 50,000 troops 214,000 reserves 300 combat aircraft 800 tanks[၂] Total troops: 264,000 |
Egypt: 240,000 Syria, Jordan, and Iraq: 307,000 957 combat aircraft 2,504 tanks[၂] Total troops: 547,000 |
||||||||
| အသေအပျောက် | |||||||||
| 776–983[၃] killed 4,517 wounded 15 captured[၃] 46 aircraft destroyed |
Egypt – 10,000–15,000 killed or missing 4,338 captured Jordan – 700[၃]–6,000 killed or missing 533 captured Syria – 2,500 killed 591 captured Iraq – 10 killed 30 wounded Total – between 13,200–23,500 killed 5,500+ captured hundreds of tanks destroyed 452+ aircraft destroyed |
||||||||
ခြောက်ရက်စစ်ပွဲ ကို ဇွန်လစစ်ပွဲ၊ ၁၉၆၇ အာရပ်-အစ္စရေးစစ်ပွဲ သို့ တတိယ အာရပ်-အစ္စရေး စစ်ပွဲ စသည်ဖြင့် ရည်ညွှန်းလေ့ ရှိကြပြီး ၁၉၆၇ ဇွန်လ ၅ ရက်နှင့် ၁၀ ရက် အတွင်း အစ္စရေး နှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော အီဂျစ်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ နှင့် ဆီးရီးယားနိုင်ငံ တို့ တိုက်ခိုက်ကြသော စစ်ပွဲ ဖြစ်သည်။ အစ္စရေးနှင့် ၄င်း၏ အိမ်နီးချင်းနိုင်ငံများ အကြား အလွန်အမင်းတင်းမာမှုများ ဖြစ်ပွားပြီးနောက် ဇွန်လ ၅ရက်နေ့တွင် အစ္စရေးက အာရပ်တပ်များအား လေကြောင်းတိုက်ခိုက်မှု အမှတ်မထင် ရုတ်တရက် စတင်ရာမှ စစ်ပွဲစတင် ဖြစ်ပွားခဲ့သည်။ ရလာဒ်မှာ အစ္စရေး အနေနှင့် လျင်မြန်စွာပင် အောင်မြင်မှု ရလိုက်ခြင်း ဖြစ်သည်။ အစ္စရေးသည် အီဂျစ်ထံမှ ဂါဇာကမ်းမြောင်ဒေသ နှင့် ဆီနိုင်း ကျွန်းဆွယ်၊ ဂျော်ဒန်ထံမှ အနောက်ဘက်ကမ်းခြေနှင့် ဂျေရုဆလင် အရှေ့ပိုင်း၊ ဆီးရီးယားထံမှ ဂိုးလန်း ကုန်းမြင့် တို့ကို ရရှိ ထိန်းချုပ်နိုင်ခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုသည် တမင်သက်သက် ရန်လိုခြင်း သို့မဟုတ် ကာကွယ်ရန် အတွက် လက်ဦးမှု ရယူခြင်းဟု အယူအဆ အမျိုးမျိုး ကွဲပြားကြသည်။