ချန်ကေရှိတ်

From Wikipedia

ချန်ကေရှိတ်
ချန်ကေရှိတ်
အမည်ရင်း 蔣中正
အမည်ကွဲ 蔣介石
မွေးသက္ကရာဇ် ၂၀ မေလ ၁၈၈၇
ကျဲ့ကျန်းပြည်နယ်၊ တရုတ်
ကွယ်လွန် ၅ မေလ ၁၉၇၅ (ထိုင်ပေ)
နိုင်ငံသား တရုတ်သမ္မတနိုင်ငံ၏ အလံတော် တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်)
လူမျိုး တရုတ်
ပညာရေး ဂျပန်တော်ဝင်စစ်တက္ကသိုလ်
အလုပ်အကိုင် ဗိုလ်ချုပ်၊ နိုင်ငံရေးသမား၊
ကြင်ဖော် မောင်ဖူဟိုင် (၁၉၀၁-၁၉၂၁)
ယောင်ကျိချိန် (၁၉၁၁-၁၉၂၁)
ချန်ကြယ်ရူ (၁၉၂၁-၁၉၂၇)
ဆုန့်မေလင် (၁၉၂၇-၁၉၇၅)
သားသမီး ကျန်ကျင်းကော်၊ ကျန်ဝေကော်

ချန်ကေရှိတ် (蔣中正 / 蔣介石) (၃၁ အောက်တိုဘာ ၁၈၈၇ - ၅ ဧပြီ ၁၉၇၅) သည် ၂၀ ရာစုနှစ် တရုတ်ပြည်၏ နိုင်ငံရေးနှင့် စစ်ရေး ခေါင်းဆောင် တစ်ဦးဖြစ်သည်။ သူသည် ဩဇာသက်ရောက်မှုရှိသည့် ကွန်မင်တန်ပါတီဝင်ဖြစ်သည့်အပြင် ချင်းမင်းဆက် (မန်ချူးတရုတ်) နှင့် သက်ဦးဆံပိုင် ဧကရာဇ်စနစ်ကို တွန်းလှန်ခဲ့သူ ဒေါက်တာဆွန်ယက်ဆင်၏ လက်ရုံးတစ်ဦးဖြစ်သည်။ သူသည် ကွန်မင်တန် အစိုးရ၏ ဟွမ်ဖူ စစ်တက္ကသိုလ် ကျောင်းအုပ်အဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၂၅ ခုနှစ် ဆွန်ယက်ဆင် ကွယ်လွန်ပြီးနောက် ကွန်မင်တန်ပါတီကို ဆက်ခံခဲ့သည်။

၁၉၂၈ ခုနှစ်တွင် ချန်ကေရှိတ်သည် တရုတ်ပြည် မပြိုကွဲရေးအတွက် မြောက်အရပ်သို့ စစ်ဆင်ရေးကို ဦးဆောင်ခဲ့ပြီး တရုတ်ပြည်၏ အကြီးအကဲ ဖြစ်လာသည်။ [၁] သူသည် တရုတ်သမ္မတနိုင်ငံ အစိုးရ၏ အမျိုးသား စစ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် ၁၉၂၈ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ ချန်ကေရှိတ်သည် ဂျပန်တော်လှန်ရေးကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးလည်း ဖြစ်သည်။

ချန်ကေရှိတ်ဦးဆောင်သည့် ကွန်မင်တန်ပါတီသည် တရုတ် ပြည်တွင်းစစ်ပွဲတွင် မော်စီတုန်းဦးဆောင်သည့် တရုတ် ကွန်မြူနစ်ပါတီနှင့် ကာလကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ရသည်။ ၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက် ချန်ကေရှိတ်သည် တရုတ်ကွန်မြူနစ်များကို ချေမှုန်းနိုင်ရန် ကြိုးပမ်းခဲ့ပေမဲ့ ကွန်မြူနစ်ဘက်မှ ဆိုဗီယက် ရုရှားတို့က ထောက်ခံအားပေးခဲ့ရာ ကွန်မြူနစ်ကို စစ်ရှုံးခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ချန်ကေရှိတ်သည် ထိုင်ဝမ်သို့ တိမ်းရှောင်ခဲ့ပြီး ကွန်မြူနစ်လက်ထဲမှ တရုတ်ပြည်မကြီးအား ပြန်လည်တိုက်ယူနိုင်ဖို့ ထိုင်ဝမ်တွင် ခြေကုတ်ယူခဲ့သည်။ သို့သော်လည်း သူကွယ်လွန်သည်အထိ အကောင်အထည် မဖော်နိုင်ခဲ့ချေ။ ချန်ကေရှိတ်သည် ထိုင်ဝမ်သို့ ရောက်ရှိပြီးနောက် တရုတ်သမ္မတနိုင်ငံ၏ သမ္မတအဖြစ် အုပ်စိုးခဲ့သည်မှာ သူကွယ်လွန်သည့် ၁၉၇၅ ခုနှစ်အထိ ပင်ဖြစ်သည်။

[ပြင်​ဆင်​ရန်​] ကိုးကား

  1. Zarrow, Peter Gue (2005). China in War and Revolution, 1895-1949, 230–231.