ဆွန်ယက်ဆင်

From Wikipedia

ဆွန်ယက်ဆင်
ဆွန်ယက်ဆင်
အမည်ရင်း ဆွန်ဝန် (孫文)
မွေးသက္ကရာဇ် ၁၂ နိုဝင်ဘာ ၁၈၆၆
တရုတ်
ကွယ်လွန် ၁၂ မတ်လ ၁၉၂၅ (ပေကျင်းမြို့)
နိုင်ငံသား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အလံတော် တရုတ်ပြည်
အမေရိကန် (၁၉၀၀-၄-၃၀မှစ)
လူမျိုး တရုတ်
ပညာရေး တရုတ်များအတွက် ဟောင်ကောင်ဆေးပညာကောလိပ်
အလုပ်အကိုင် ဆရာဝန်၊ နိုင်ငံရေးသမား၊
တော်လှန်ရေးသမား၊ စာရေးဆရာ
မွေးရပ်ဇာတိ ကွမ်တုန်ပြည်နယ်၊ တရုတ်
ကြင်ဖော် လူမှုကျိန်း (၁၈၈၉-၁၉၁၅)
ဆုန့်ချင့်လင် (၁၉၁၅-၁၉၂၅)

ဆွန်ယက်ဆင် (孫文, 孫逸仙, 孫中山; Sun Yat-sen) (၁၈၆၆ နိုဝင်ဘာ ၁၂ သို့ ၁၈၇၀ နိုဝင်ဘာ ၂၄ – ၁၉၂၅ မတ်လ ၁၂) သည် တရုတ် တော်လှန်ရေးသမားတဦး ဖြစ်သကဲ့သို့ နိင်ငံရေး ခေါင်းဆောင်တဦးလည်း ဖြစ်သည်။ ဆွန်ယက်ဆင်သည် ၁၉၁၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရှင့်ဟိုက်တော်လှန်ရေး (辛亥革命) ကို ဦးဆောင်ကာ တရုတ်နိုင်ငံ၏ နောက်ဆုံး မင်းဆက် ချင်းမင်းဆက် (清朝) အား တွန်းလှန်ကာ တရုတ်နိုင်ငံတွင် သက်ဦးဆံပိုင် ဧကရာဇ်စနစ်ကို နိဂုံးချုပ်စေခဲ့သည်။ ချင်းမင်းဆက်အား တွန်းလှန်ပြီးနောက် ဆွန်ယက်ဆင်သည် အာရှတွင် ပထမဦးဆုံးသော ဒီမိုကရေစီနိုင်ငံ တရုတ်သမ္မတနိုင်ငံ (အာအိုစီ) (中華民國; Republic of China) အား တည်ထောင်ခဲ့သူဖြစ်သော​ကြောင့် ထိုင်ဝမ်တွင် အာအိုစီ၏ နိုင်ငံတော်ဖခင်အဖြစ် အသိအမှတ်ပြုထားသည်။

ဆွန်ယက်ဆင်သည်လည်း ၁၉၁၂ ခုနှစ် အာအိုစီအား တည်ထောင်ခဲ့ပြီးနောက် ပထမဦးဆုံးသော ယာယီသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသူဖြစ်သည်။ ဆွန်ယက်ဆင်အား ၂၀ ရာစုနှစ် တရုတ်ခေတ်သစ် သမိုင်းတွင် အရေးပါသော ခေါင်းဆောင်တဦးအဖြစ် တရုတ်နှင့် ထိုင်ဝမ် နှစ်ဖက်စလုံးက ကြည်ညိုလေးစားကြသည်။