အရှေ့အာဖရိကဒေသ စံတော်ချိန်
ပုံပန်းသွင်ပြင်
-01:00 | ကိတ်ဗာဒီ စံတော်ချိန်[a] |
±00:00 | ဂရင်းနစ်စံတော်ချိန် |
+01:00 | |
+02:00 | |
+03:00 | အရှေ့အာဖရိကဒေသ စံတော်ချိန် |
+04:00 |
b မောရစ်ရှနှင့် ဆေးရှဲတို့သည် မဒါဂတ်စကား၏ အရှေ့နှင့် အရှေ့မြောက်တွင် အသီးသီးတည်ရှိသည်။
အရှေ့အာဖရိကဒေသ စံတော်ချိန်(အင်္ဂလိပ်: East Africa Time)(EAT) သည် အရှေ့အာဖရိကဒေသတွင် အသုံးပြုသော အချိန်ဇုန်ဖြစ်သည်။ ထိုအချိန်သည် Coordinated Universal Timeထက် သုံးနာရီရှေ့ရောက်သောအချိန်(UTC+03:00)ကို အသုံးပြုပြီး မော်စကိုဒေသ စံတော်ချိန်၊ အာရေဗျဒေသ စံတော်ချိန်၊ ဥရောပအရှေ့ဖျားဒေသ စံတော်ချိန်နှင့် အရှေ့ဥရောပဒေသ နွေရာသီစံတော်ချိန်တို့နှင့် တူညီသည်။[၁]
အီကွေတာဒေသတွင် အဓိကအသုံးပြုသော အချိန်ဇုန်များကဲ့သို့ပင် တစ်နှစ်ပတ်လုံးတွင် တနေ့တာအလျားသည် အနည်းငယ်များသာ ပြောင်းလဲမှုရှိသောကြောင့် နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ကို အသုံးပြုခြင်းမရှိပါ။[၁]
အရှေ့ဥရောပဒေသစံတော်ချိန်ကို အောက်ဖော်ပြပါဒေသများတွင် အသုံးပြုသည်။
- ကိုမိုရို
- ဂျီဘူတီ
- အီရီထရီးယား
- အီသီယိုးပီးယား
- ကင်ညာ
- မဒါဂတ်စကား
- ဆိုမာလီယာ
- ဆိုမာလီလန်း (အငြင်းပွားဖွယ်နယ်မြေ)
- တန်ဇေးနီးယား
- ယူဂန်းဒါး
ဆက်လက်ကြည့်ရှုရန်
[ပြင်ဆင်ရန်]- မော်စကိုဒေသ စံတော်ချိန် - ဘီလာရုဇ်နိုင်ငံ၊ တူရကီနိုင်ငံနှင့် ဥရောပ ရုရှား၏ ဒေသအများစုကို လွှမ်းခြုံထားသည့် တူညီသော အချိန်ဇုန်ဖြစ်ပြီး UTC+03:00 တွင်ဖြစ်သည်။
- အာရေဗျဒေသ စံတော်ချိန် - ဘာရိန်းနိုင်ငံ၊ အီရတ်နိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံနှင့် ယီမင်နိုင်ငံတို့ကို လွှမ်းခြုံထားသည့် တူညီသော အချိန်ဇုန်ဖြစ်ပြီး UTC+03:00 တွင်ဖြစ်သည်။
- အရှေ့ဥရောပဒေသ နွေရာသီစံတော်ချိန် - နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ကို အသုံးပြုသော ကာလ၌ ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသကို လွှမ်းခြုံထားသည့် တူညီသော အချိန်ဇုန်ဖြစ်ပြီး UTC+03:00 တွင်ဖြစ်သည်။
- အစ္စရေး နွေရာသီစံတော်ချိန် - နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ကို အသုံးပြုသော ကာလ၌ အစ္စရေးနိုင်ငံကို လွှမ်းခြုံထားသည့် တူညီသော အချိန်ဇုန်ဖြစ်ပြီး UTC+03:00 တွင်ဖြစ်သည်။
- ဥရောပအရှေ့ဖျားဒေသ စံတော်ချိန် - အရှေ့ဥရောပနိုင်ငံများအား လွှမ်းခြုံထားသည့် တူညီသော အချိန်ဇုန်ဖြစ်ပြီး UTC+03:00 တွင်ဖြစ်သည်။