အမှတ် (၁) ပြည်ထောင်စု အဝေးပြေးလမ်းမကြီး

ဝီကီပီးဒီးယား မှ
National Highway 1
လမ်းကြောင်း အချက်အလက်များ
အလျား၆၆၈ km (၄၁၅ mi)
အဓိက လမ်းဆုံများ
တောင် အဆုံး:ရန်ကုန်
 ရန်ုကုန်-မန္တလေး အမြန်လမ်း
မြောက် အဆုံး:မန္တလေး
တည်နေရာ
အဓိက မြို့များ:ပဲခူးမြို့ညောင်လေးပင်မြို့၊ ၊ တောင်ငူမြို့ပျဉ်းမနားမြို့မိတ္ထီလာမြို့
အဝေးပြေး စနစ်
မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး

အမှတ် (၁) ပြည်ထောင်စု အဝေးပြေးလမ်းမကြီ (အင်္ဂလိပ်: National Highway 1; NH1) သည် မြန်မာနိုင်ငံ၏ အဓိက တောင်-မြောက် လမ်းမကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းတလျောက် ဆက်သွယ်ထားသည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ကို ဆက်သွယ်သည့် ပထမဦးဆုံး ပြည်ထောင်စုလမ်းမကြီးဖြစ်သည်။ ၄၁၅ မိုင် (၆၆၈ ကီလိုမီတာ) ခန့် ရှည်လျားသည်။ ရန်ကုန်မှ မိတ္ထီလာအရောက်တွင် အရှေ့ဘက်သို့ အမှတ် (၄) ပြည်ထောင်စု အဝေးပြေးလမ်းမကြီးနှင့် ဆက်သွယ်လျက်ရှိပြီး မြောက်ဘက်တွင် မန္တလေးမြို့အထိ ဆက်သွယ်ထားသည်။

အမှတ်(၁) နိုင်ငံတကာ အဝေးပြေးလမ်းမကြီး AH 1 ၏ အစိတ်အပိုင်းဖြစ်သည့် မိတ္ထီလာ-နေပြည်တော်-ညောင်လေးပင်-ဘုရားကြီး လမ်းပိုင်း ၏ အစိတ်အပိုင်းလည်းဖြစ်သည့်အတွက် နိုင်ငံတကာအရည်အသွေးမှီအောင် လေးလမ်းသွားနိုင်လွန်ကတ္တရာ လမ်းမကြီး အဖြစ်အကောင်အတည်ဖော်နေပြီဖြစ်သည်။

ရန်ကုန်မြို့၊ ပဲခူးမြို့၊ ညောင်လေးပင်မြို့၊ ဖြူးမြို့၊ တောင်ငူမြို့၊ ပျဉ်းမနားမြို့၊ တပ်ကုန်းမြို့၊ ရမည်းသင်းမြို့၊ ပျော်ဘွယ်မြို့၊ မိတ္ထီလာမြို့၊ ကျောက်ဆည်မြို့ စသည့် မြို့ကြီးများအပါအဝင် မြို့ငယ်ပေါင်း ၅၀ ကျော်ကို ဖြတ်သန်းဖောက်လုပ်ထားသည်။

လမ်းမကြီး၏ အစမှာ ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်၊ အမှတ်(၃) လမ်းဆုံမှစ၍ ၀ မိုင် စတင်၍ မန္တလေးမြို့ ၆၂ လမ်းဆုံတွင် မိုင် ၄၁၅ အဆုံးဖြစ်သည်။ မန္တလေးတွင် လမ်းမကြီး အဆုံးသတ်ပြီးနောက် အမှတ် (၃) ပြည်ထောင်စု အဝေးပြေးလမ်းမကြီးနှင့် 21°58′58″N 96°5′14″E / 21.98278°N 96.08722°E / 21.98278; 96.08722 တွင် ဆက်သွယ်ထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ပြီးနောက်ပိုင်းတွင် အမှတ်(၁) ပြည်ထောင်စု အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ် ကျပ်တည်းမှု အနည်းငယ် ကျဆင်းခဲ့သည်။

ယာဉ်ကြောကျပ်တည်းမှုအများဆုံးမြို့ကြီးများမှာ ပဲခူးမြို့ညောင်လေးပင်မြို့တောင်ငူမြို့မိတ္ထီလာမြို့ဖြစ်ကြသည်။

ကိုးကားချက်[ပြင်ဆင်ရန်]