ရမ်းဗြဲကျွန်း

ဝီကီပီးဒီးယား မှ
ရမ်းဗြဲကျွန်း
ကျွန်း
View of Thun Site River from Ramree Island
View of Thun Site River from Ramree Island
ရမ်းဗြဲကျွန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရမ်းဗြဲကျွန်း
ရမ်းဗြဲကျွန်း
ကိုဩဒိနိတ်: 19°4′N 93°50′E / 19.067°N 93.833°E / 19.067; 93.833
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်
ဧရိယာ
 • စုစုပေါင်း၁၃၅၀ စတုရန်းကီလိုမီတာ (၅၂၀ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၂၇၅ မီတာ (၉၀၂ ပေ)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ရမ်းဗြဲကျွန်း (အင်္ဂလိပ်: Ramree Island) သည် မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းရှိ ကျွန်းတစ်ခုဖြစ်သည်။ ဧရိယာ အကျယ်အဝန်းမှာ ၁,၃၅၀ စတုရန်း ကီလိုမီတာ (၅၂၀ စတုရန်းမိုင်) ခန့်ဖြစ်ကာ လူဦးရေအများဆုံး နေထိုင်သည့်နေရာမှာ ရမ်းဗြဲမြို့ ဖြစ်သည်။မြန်မာနိုင်ငံတွင် ရမ်းဗြဲကျွန်းသည် အကြီးဆုံးကျွန်းဖြစ်သည်။ရမ်း​ြဗဲကျွန်းပေါ်ရှိခရိုင်မြို့မှာ ကျေောက်​ဖြူမြို့ဖြစ်သည်။

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

ရမ်းဗြဲဟူသော အမည်နာမ ဖြစ်ပေါ်လာပုံမှာ ကဿပဘုရားရှင် လက်ထက်တော်က ရဟန္တာငါးရာနှင့် ဒေသစာရီ ကြွချီခဲ့စဉ် ပင်လယ်ပြင်၌ ဝမ်းဘဲငှက်သဏ္ဌာန် ကျွန်းကြီးကို တွေ့မြင်သော် ကောင်းကင်မှ ခေတ္တသက်ဆင်း ရပ်တန့်တော်မူပြီးနောက် နောင်အခါ ဤနေရာ၌ ဗုဒ္ဓသာသနာတော် စည်ပင် ပွင့်လင်းမည်ဟု ဗျာဒိတ်စကား မိန့်ကြားခဲ့သည်။ ရမ္မာ(မွေ့လျော်ဖွယ် ကောင်းသောအရာ)၊ ဝတီ(ပြည့်စုံခြင်း) အဓိပ္ပာယ်ဖြင့် ရမ္မာဝတီဟု ခေါ်ဆိုလာခဲ့သည်။ ရမ္မာမှ ရမ်းဖြစ်ကာ ဝတီမှ ပြည့်ကို ယူ၍ ရမ်းပြည့်ဟု ခေါ်တွင်လာရာမှ ကာလရွေ့လျောသော် ရမ်းဗြဲ ဖြစ်လာသည်ဟု ဆိုကြသည်။[၁]

ရမ်းဗြဲဒေသသုံး စကား ( Rambye Dialects)[ပြင်ဆင်ရန်]


ရခိုင်ဘာသာစကားနဲ့ မြန်မာဘာသာစကားပြောဆိုကြသည်

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းဣဒ္ဓိ(ဂမ္ဘီရတောင်တန်း) (ဇူလိုင်၊ ၂၀၀၀)။ ရမ္မာဝတီမှ စိတ်ဝင်စားဖွယ်ရာများ(၁)။ နက္ခတ္တရောင်ခြည်။ p. ၁၂။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]