မြေလူးငှက်ခေါင်းမဲ

ဝီကီပီးဒီးယား မှ
Turdus dissimilis
အထီး
အမ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးရင်း: Turdidae
မျိုးစု: Turdus
မျိုးစိတ်:
T. dissimilis
ဒွိနာမ
Turdus dissimilis
Blyth, 1847

မြေလူးငှက်ခေါင်းမဲ (Turdus dissimilis) သည် အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတို့တွင် တွေ့ရလေ့ရှိသည်။ ငှက် အထီး၊ အမ နှစ်ခုစလုံးသည် အောက်ပိုင်းတွင် အရောင်တူညီသော်လည်း ငှက်အထီး၏ အပေါ်ပိုင်းသည် အနက်ရောင်လုံးလုံးဖြစ်ပြီး အမမှာ မီးခိုးညိုရောင်သမ်းသည်။ ယင်းငှက်သည် သစ်တောအမြင့်ပိုင်းတွင် နေထိုင်လေ့ရှိသည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]