မြေလူးငှက်ခေါင်းမဲ
ပုံပန်းသွင်ပြင်
Turdus dissimilis | |
---|---|
အထီး | |
အမ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Passeriformes |
မျိုးရင်း: | Turdidae |
မျိုးစု: | Turdus |
မျိုးစိတ်: | T. dissimilis
|
ဒွိနာမ | |
Turdus dissimilis Blyth, 1847
|
မြေလူးငှက်ခေါင်းမဲ (Turdus dissimilis) သည် အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတို့တွင် တွေ့ရလေ့ရှိသည်။ ငှက် အထီး၊ အမ နှစ်ခုစလုံးသည် အောက်ပိုင်းတွင် အရောင်တူညီသော်လည်း ငှက်အထီး၏ အပေါ်ပိုင်းသည် အနက်ရောင်လုံးလုံးဖြစ်ပြီး အမမှာ မီးခိုးညိုရောင်သမ်းသည်။ ယင်းငှက်သည် သစ်တောအမြင့်ပိုင်းတွင် နေထိုင်လေ့ရှိသည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ BirdLife International (2012). "Turdus dissimilis". IUCN Red List of Threatened Species 2012. IUCN.
- ↑ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာအမှတ် ၆၉၀/၂၀၂၀ Archived 18 February 2021 at the Wayback Machine.
ဤ စာကလေးနှင့် အလားတူငှက်မျိုးနွယ်ဝင် ငှက်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |