မာတိကာသို့ ခုန်သွားရန်

မြတ်ကို

ဝီကီပီးဒီးယား မှ
ဦးမြတ်ကို
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဩဂုတ် ၂၀၂၁
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူဦးမြင့်မောင်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်
တာဝန်သက်တမ်း
ဇန်နဝါရီ ၂၇၊ ၂၀၁၂ (၂၀၁၂-၀၁-၂၇) – မတ် ၃၀၊ ၂၀၁၆ (၂၀၁၆-၀၃-၃၀)
ခန့်အပ်သူမြန်မာနိုင်ငံ၏ သမ္မတ
သမ္မတဦးသိန်းစိန်
ယခင်လူဦးခင်ဇော်
ဆက်ခံသူဒေါ်လဲ့လဲ့မော်
တနင်္သာရီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး
တာဝန်သက်တမ်း
၂၀၁၁ – မတ် ၃၀၊ ၂၀၁၆ (၂၀၁၆-၀၃-၃၀)
ယခင်လူရာထူးစတင်
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂၀၁၁ – မတ် ၃၀၊ ၂၀၁၆ (၂၀၁၆-၀၃-၃၀)
ယခင်လူရာထူးစတင်
မဲဆန္ဒနယ်ထားဝယ်မြို့နယ် မဲဆန္ဒနယ် ၂
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အစိုးရအဖွဲ့တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

ဦးမြတ်ကို သည် လက်ရှိ တနင်္သာရီတိုင်းဒေသကြီး၊ဝန်ကြီးချုပ်ဖြစ်သည်။ထိုတာဝန်ကို စစ်ကောင်စီက  ၂၀၂၁ ဩဂုတ်လ ၁ရက်နေ့တွင် ခန့်အပ်သည်။ [] ၎င်းသည်ထိုတာဝန်မတိုင်မီ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

နိုင်ငံဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်း

[ပြင်ဆင်ရန်]

ဦးမြတ်ကို သည် တပ်မတော်သားဟောင်းတစ်ဦးဖြစ်သည်။ဗိုလ်မှူးအဆင့်ဖြင့် တပ်မတော်မှ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့ ကူးပြောင်းလာပြီးနောက် တာဝန်များအဆင့်ဆင့်ထမ်းဆောင်ကာ အဆိုပါအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဆင့်အထိ အမြင့်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်။၎င်းသည် ထိုတာဝန်မှ အငြိမ်းစားယူပြီးသည့်နောက် ၂၀၁၀တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်သည်။ အထွေထွေရွေးကောက်ပွဲ ၂၀၁၀မှ တဆင့် နိုင်ငံရေးလောကထဲဝင်ရောက်လာခဲ့သူဖြစ်သည်။[] [] []

နိုင်ငံရေးထဲပါဝင်လာပုံ

[ပြင်ဆင်ရန်]

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[][] တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခန့်အပ်ခဲ့သည်။[] ကျန်းမာရေးကြောင့် ဝန်ကြီးချုပ်ရာထူးမှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် နုတ်ထွက်ခဲ့သူ ဦးခင်ဇော်၏ နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။[]တိုင်းဝန်ကြီးချုပ်တာဝန်ကို ၂၀၁၆ မတ်လ ၃၀ရက်အထိ ထမ်းဆောင်သည်။

၎င်းသည် အထွေထွေရွေးကောက်ပွဲ ၂၀၁၅ နှင့် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခြင်းရှိခဲ့သော်လည်း ရွေးချယ်မခံရပေ။[] [၁၀]

ရရှိသည့်ဆုများ

[ပြင်ဆင်ရန်]

စီမံထူးချွန်(ပထမအဆင့်) ၊ သီရိပျံချီ အစရှိသည့် ဘွဲ့များချီးမြှင့်ခံရသည်။ [၁၁]

မိသားစုဘဝ

[ပြင်ဆင်ရန်]

အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးမှာ ဒေါ်ဧကရီခိုင် ဖြစ်ကာ တက္ကသိုလ်ဆရာမတစ်ဦးဖြစ်သည်။[၁၂]၂၀၁၇ခုနှစ် တွင် ဇနီးဖြစ်သူ ကွယ်လွန်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးEleven Media Group (၁ ဩဂုတ် ၂၀၂၁)။ ၂၅ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ဝန်ကြီးချုပ်ဟောင်းဦးမြတ်ကိုနှင့်တွေ့ဆုံခြင်းDawei Watch (၄ ဩဂုတ် ၂၀၂၀)။ 26 June 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၆ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ပြည်ခိုင်ဖြိုးကိုယ်စားပြု အစုလိုက်အပြုံလိုက် ဝင်ပြိုင်ဦးမည့် ဝန်ကြီးဟောင်းများMyanmar Now (၂၅ စက်တင်ဘာ ၂၀၂၀)။ ၂၆ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ၂၀၁၀ရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော်(သို့)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်းမြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၄) (၁၃ နိုဝင်ဘာ ၂၀၁၀)။ ၂၆ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. "Tenasserim Division MPs"၊ Alternative Asean Network on Burma။ 9 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 1 February 2012။ 
  6. "USDP sweeps speaker posts in local assemblies"၊ Mizzima၊ 1 February 2011။ 9 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 10 July 2015။ 
  7. "DEMOCRACY CHRONOLOGY - 2012"၊ Alternative Asean Network on Burma။ 17 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 26 January 2017။ 
  8. "MP U Khin Zaw, former Chief Minister resigns"၊ Mizzima၊ 20 August 2013။ 17 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 22 July 2015။ 
  9. ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်ကြောင်း ဦးသက်နိုင်ဝင်း ပြောကြားRFA Burmese (၂၄ အောက်တိုဘာ ၂၀၁၅)။ ၂၅ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် အစိုးရအဖွဲ့ဝင်ဟောင်းအများစု ပြန်ပါDawei Watch (၄ ဩဂုတ် ၂၀၂၀)။ 25 June 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၂၄/၂၀၁၆ သီရိပျံချီဘွဲ့အပ်နှင်းခြင်းမြန်မာနိုင်ငံတော်ပြန်တမ်း (၁ မတ် ၂၀၁၆)။ ၂၆ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. ဦးမြတ်ကို၏မိခင်နာရေးကြော်ငြာစာမြန်မာ့အလင်းသတင်းစာ (၂၈ရက်စက်တင်ဘာ၂၀၁၂ထုတ်)စာမျက်နှာ-၁၉ (၂၈ စက်တင်ဘာ ၂၀၁၂)။ ၂၆ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။