မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး

ဝီကီပီးဒီးယား မှ
မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး
မဟာသန္တိသုခကျောင်းတော်
ကျောင်းတော်၏ ကျောဘက်မြင်ကွင်း
မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်16°48′39″N 96°10′49″E / 16.810952°N 96.180405°E / 16.810952; 96.180405ကိုဩဒိနိတ်: 16°48′39″N 96°10′49″E / 16.810952°N 96.180405°E / 16.810952; 96.180405
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံတာမွေမြို့နယ်ရန်ကုန်မြို့ရန်ကုန်တိုင်းဒေသကြီးမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူပညာဝံသ
ပြီးစီးဒီဇင်ဘာ ၁၇၊ ၁၉၉၉; ၂၄ နှစ် အကြာက (၁၉၉၉-၁၂-17)

မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး သည် မြန်မာနိုင်ငံရှိ ထေရဝါဒ ဗုဒ္ဓသာသနာ ကျောင်းတစ်ကျာင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်တွင် တည်ရှိသည်။ ကျောင်းတော်ကြီးကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ပီနန်ဆရာတော် အရှင်ပညာဝံသ က ဦးဆောင်ဦးရွက်ပြုကာ စတင်ခဲ့သည်။ မြန်မာနိုင်ငံတော် အစိုးရမှ ကမကထပြုကာ ထောက်ပံ့ပေးခဲ့သည်။[၁]

ပိုင်ဆိုင်မှု အငြင်းပွားခြင်း[ပြင်ဆင်ရန်]

၂၀၀၂ ခုနှစ် နှင့် ၂၀၀၄ ခုနှစ် ကြားကာလတွင် အစိုးရ ဦးခင်ညွန့်၏ လမ်းညွှန်မှုဖြင့် ကျောင်းတော်ကြီးကို သိမ်းယူခဲ့သည်။[၂] ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ ပေးခဲ့သည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သည် မြန်မာနိုင်ငံရှိ သံဃာတော်များကို အုပ်ချုပ်ရသည်။[၃] ၂၀၁၄ ခုနှစ်တွင် အရှင်ပညာဝံသက ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားနေမှုများအပေါ် ပြန်လည်ဖြေရှင်းပေးပါရန် သမ္မတ ဦးသိန်းစိန်ထံ စာရေးခဲ့သည်။[၃]

ကျောင်းတော်အား ဝင်ရောက်တိုက်ခိုက်ခြင်း[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ရဲ အယောက် ၃၀၀ နှင့် ရန်ကုန်တိုင်း မဟာသံဃာ့နာယကကော်မတီအဖွဲ့ဝင် ၂၈၀ တို့နှင့် သာသနာရေး ဝန်ကြီးဌာနတို့သည် ကျောင်းတော်အတွင်းသို့ ည ၁၁ နာရီတွင် ဝင်ရောက်ခဲ့သည်။ ဘုန်းတော်ကြီး ၂၀ ပါး နှင့် နေထိုင်သူ အယောက် ၃၂ ဦးတို့ကို ကျောင်းတော်မှ နှင်ထုတ်ခဲ့သည်။[၃] ဝင်ရောက်တိုက်ခိုက်မှုသည် အများအပြား ပျက်စီးစေခဲ့သည်။ ကျောင်းတော်ကြီးအား တည်ထောင်သူဖြစ်သည့် အရှင်ပညာဝံသသည် ဂျပန်နိုင်ငံသို့ သာသနာပြုခရီးထွက်နေချိန်တွင် ဖြစ်ပွားခဲ့သည်။[၃] မတ်လ ၆ ရက်နေ့တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးတို့၏ ဆုံးဖြတ်ချက်အရ ကျောင်းတော်အတွင်းရှိ ရဟန်းသံဃာများကို မေလ ၁၈ ရက်နေ့တွင် ထွက်ခွာပေးရန် ညွှန်ကြားခဲ့သည်။[၃]

ဘုန်းတော်ကြီးများစွာတို့သည် ဝင်ရောက်မှုပြီးပြီးနောက်တွင် မထွက်ခွာဘဲ နေလေသည်။[၃] ဗုဒ္ဓဘာသာဘုန်းကြီး (၅) ပါးဖြစ်သည့် ဦးဥတ္တရ၊ ဦးပညာစာရ၊ ဦးစန္ဒရ၊ ဦးနန္ဒိယနှင့် ဦးတေဇိန္ဒတို့ကိုလူဝတ်လဲစေကာ ဖမ်းဆီးခဲ့သည်။ ဗုဒ္ဓ၏ သားတော်များလိုက်နာရမည့် စည်းမျဉ်းများကို ပယ်ရှားမလိုက်နာမှု နှင့် သံဃာ့အဖွဲ့အစည်းနှင့် ပတ်သက်သော ၁၉၉၀ ခုနှစ် ဥပဒေ ပြစ်မှုဆိုင်ရာ ဥပဒေ ၂၉၅ (က) အရ အပြစ်ပေးခဲ့သည်။[၄][၅] ဖမ်းဆီးခြင်းခံရသည့် သံဃာတစ်ပါးဖြစ်သည့် ဦးဥတ္တရသည် အင်္ဂလန်နိုင်ငံသား တစ်ဦး ဖြစ်သည်။[၆]

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်မှု နှင့် သမ္မတ၏ အမိန့်ကို မလေးမစား ပြုမှုတို့ဖြင့် ရာထူးမှ ဖြုတ်ချခဲ့သည်။[၇]

အငြင်းပွားမှုသည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃−၁၄ ရက်တွင် ပြီးဆုံးခဲ့သည်။ ခရိုင်တရားရုံးက စွပ်စွဲချက်တို့သည် တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့သည်။[၈][၉][၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. "Mahasantisukha Buddhist Missionary Centre"။ 17 July 2015 တွင် ပြန်စစ်ပြီး 
  2. Aung Kyaw Min။ "On anniversary of raid, monk urges president to intervene"၊ Myanmar Times၊ 11 June 2015။ 17 July 2015 တွင် ပြန်စစ်ပြီး 
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ Aung Kyaw Min။ "Govt, Sangha committee under fire for night raid"၊ Myanmar Times၊ 13 June 2014။ 17 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 16 July 2017။ 
  4. Aung Kyaw Min။ "Charged monks accuse Sangha authorities of misusing power"၊ Myanmar Times၊ 8 July 2015။ 17 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 30 July 2017။ 
  5. Ye Mon။ "Prisoner committee to consider lobbying for release of monks"၊ Myanmar Times၊ 30 June 2014။ 17 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 17 July 2017။ 
  6. Aung Kyaw Min။ "London Sayadaw rejects Sangha committee charges"၊ Myanmar Times၊ 13 May 2015။ 17 July 2015 တွင် ပြန်စစ်ပြီး 
  7. Htoo Thant။ "MPs agree to strengthen corruption commission"၊ Myanmar Times၊ 11 July 2014။ 17 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2016။ 
  8. Five Monks Cleared of Insulting Religion in Long-Running Mahasantisukha Monastery Case
  9. Mahasantisukha monks acquitted of defamation။ 13 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 June 2017 တွင် ပြန်စစ်ပြီး။
  10. London Sayadaw case dismissed | The Myanmar Times။ 4 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 June 2017 တွင် ပြန်စစ်ပြီး။