ဗှတ္တာ
သင်္ချာနှင့် ရူပဗေဒရှိ ဗှတ္တာ (အင်္ဂလိပ်: vector) ဆိုသည်မှာ ၁-ကြောင်းဆွဲ တာအုံတမျိုး ဖြစ်၍၊ ကိုင်တွယ်အသုံးပြုနေသည့် ရပ်ဝန်း(manifold) သို့မဟုတ် အမှတ်ချအိမ်(ကိုဩဒီးနိတ်အိမ်) တို့၏ သဘောသဘာဝအလျောက် တန်ဖိုးအသီးသီး စုတွဲထွက်ပေါ်လျက် (တည်နေရာဖြစ်စေ ရွေ့လျားနှုန်းဖြစ်စေ စသော) ရည်ရွယ်ရာတိုင်းဖွယ်တခုခုကို ဖော်ပြနေသည့် သင်္ချာဇာတ်ကောင် (mathematical object) ဖြစ်သည်။ သင်္ချာစကားဖြင့် ဆိုရလျှင် ဗှတ္တာများသည် ဗှတ္တာရပ်ဝန်း၌ ပါဝင်စုဖွဲ့သည့် သင်္ချာဝတ္ထုများ ဖြစ်သည်။
တနည်းအားဖြင့်၊ ဂျီဩမေထြီ ဗှတ္တာများ[၁] သည် သမားရိုးကျ ယူကလစ်ဒ် စပေ့စ်အတွင်း၌ ပမာဏ(magnitude) နှင့်တကွ ဦးတည်ချက်(direction) လည်း ရှိနေသော အရာများ ဖြစ်သည်။ ထို့ကြောင့် ကန်းအုံ(materix)၏ ကိန်းလုံး(element) တခုစီက ဆိုင်ရာ တိုင်းကြောင်း(dimension) အတွက် အပိုင်းခွဲတန်ဖိုးကို ဖော်ပြလျက် ပုံ၌ မြားပုံတစ်ခု တည်ဆောက်သကဲ့သို့ ဖြစ်မည်။
ကြောင်းဆွဲရေပိုမြင့်သော တာအုံ (high-ranked tensor) တို့ကို ထောင့်စက် ကိန်းအုံဖြင့် ကိုယ်စားပြုပြီး၊ ၂-ကြောင်းဆွဲ ဖြစ်သည့် ဤ ဗှတ္တာ(vector)တို့ကိုမူ တိုင်ထီးကိန်းအုံ (column vector) ဖြင့် ကိုယ်စားပြုရိုး ရှိ၏။