ကျောရိုးရှိသတ္တဝါ
ကျောရိုးရှိသတ္တဝါ | |
---|---|
ကျောရိုးရှိသတ္တဝါ ဥပမာအချို့: စတားဂျင်ငါး (Actinopterygii)၊ ဆင် (ခြေလေးချောင်း သတ္တဝါ)၊ ကျားငါးမန်း (Chondrichthyes) နှင့် လမ္ပရီငါး (Agnatha). | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
Superphylum: | Deuterostomia |
မျိုးပေါင်းစု: | Chordata |
Clade: | Olfactores |
မျိုးပေါင်းစုသေး: | Vertebrata J-B. Lamarck, 1801[၂] |
မျိုးပေါင်းစုငယ် | |
Synonyms | |
Ossea Batsch, 1788[၂] |
ကျောရိုးရှိသတ္တဝါ ဆိုသည်မှာ အရိုးနု သို့မဟုတ် အရိုးတို့ ဖြင့် ဝန်းရံထားသည့် ကျောရိုး အာရုံကြော ပါရှိသော တိရစ္ဆာန် ဖြစ်သည်။ အဆိုပါစကားလုံးသည် ကျောရိုးတစ်ခုအဖြစ် တွဲဆက်ပေးထားသော အရိုးများဖြစ်သည့် ကျောရိုးဆစ် ဟူသော စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကျောရိုးမပါရှိသော သတ္တဝါများကိုလည်း ကျောရိုးမဲ့သတ္တဝါများ ဟုပင်ခေါ်ဆိုသည်။ ကျောရိုးရှိသတ္တဝါများတွင် ငှက်များ ၊ ငါးများ ၊ ကုန်းနေရေနေသတ္တဝါများ ၊ တွားသွားသတ္တဝါများ နှင့် နို့တိုက်သတ္တဝါများ ပါဝင်သည်။ ကျောရိုးရှိသတ္တဝါ၏ အရိုးစု အစိတ်အပိုင်းများမှာ -
- ဦးနှောက်ခွံ။ ဦးနှောက်ခွံ (သို့) ဦးခေါင်းခွံအရိုးသည် ဦး နှောက်ကို ကာကွယ်ပေးထားသည်။
- ကျောရိုးဆစ်။ တွဲဆက်ထားသော အရိုးတိုလေးများဖြစ်သည့် တောင့်တင်းသော ကျောရိုးဆစ်များကို အဆက်များဖြင့် ခွဲခြားထားသည်။ ၎င်းကျောရိုးသည် အထဲ၌ရှိသော ကျောရိုး အာရုံကြောမကြီးအား ကာကွယ်ပေးသည်။ ကျောရိုးဆစ်များ အကြားရှိ အရိုးဆက်များကြောင့် ကျောရိုးအား ကွေးနိုင်ခြင်းဖြစ်သည်။
- အရိုးများ။ ခန္ဓာကိုယ်၏ ပျော့ပျောင်းသော တစ်သျှူးများကို ထောက်ပံ့ကာကွယ်ပေးပြီး ကြွက်သားတွယ်ဆက်မှုအတွက် အမှတ်နေရာများ ပေးသည်။
- ပါးဟပ် (သို့) အရိုးကွေး။ ငါးများ၏ pharynx ၌ ပါးဟပ် အရိုးကွေး နှင့် အချို့ ကုန်းနေရေနေ သတ္တဝါများတွင် ပါးဟပ် ကို ထောက်ပံ့သည်။ ကျောရိုးရှိသတ္တဝါအများစုတွင် ပါးဟပ်အရိုးကွေးသည် မေးရိုး ကဲ့သို့ အခြားကိုယ်အင်္ဂါများအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျောရိုးရှိသတ္တဝါ နမူနာများမှာ နို့တိုက်သတ္တဝါများ ၊ ငှက်များ နှင့် ငါးများ ဖြစ်သည်။ မျိုးစိတ်ပေါင်း သောင်းဂဏန်း အနည်းငယ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ကျောရိုးရှိသတ္တဝါမျိုးစိတ် အနည်းဆုံးလေးမျိုးကို ဖော်ပြရန် "ငါး" ဟူသော စကားလုံးကို အသုံးပြုရသည်။
ထူးခြားချက်များ
[ပြင်ဆင်ရန်]ကျောရိုးရှိသတ္တဝါများသည် ပတ်ဝန်းကျင် အားလုံးနီးပါး၌ လွှမ်းမိုးသည်။ ၎င်းတို့သည် အဓိက ဂေဟစနစ် တစ်ခုစီတွင် အကြီးဆုံးသော တိရစ္ဆာန်များအနေဖြင့် ပါဝင်ကြသော်လည်း၊ အကြီးဆုံး သက်ရှိများ မဟုတ်ပေ(သက်ရှိအဖြစ် စဉ်းစားရာတွင် သစ်ပင်များကိုပါ ထည့်သွင်း သုံးသပ်သောကြောင့်ဖြစ်သည်)။ ၎င်းတို့သည် လိုက်လျောညီထွေနိုင်သည့် ခုခံအားစနစ် ရှိသည့် တစ်ခုတည်းသော တိရစ္ဆာန်များဖြစ်သည်။ [၃] ဤအချက်နှစ်ချက်သည် ဆက်စပ်နိုင်သည်။
ဇီဝမျိုးခွဲခြင်းနှင့် အမျိုးအစား
[ပြင်ဆင်ရန်]- Subphylum Vertebrata
- Agnatha (မေးရိုးမဲ့ ကျောရိုးရှိသတ္တဝါ)
- Myxini
- Hyperoartia (မီးအိမ်ငါး)
- Conodonta
- † Pteraspidomorphi
- Thelodonti
- Anaspida
- Galeaspida
- Pituriaspida
- Osteostraci
- Gnathostomata (မေးရိုးပါ ကျောရိုးရှိသတ္တဝါများ)
- Placodermi (Paleozoic ကာလမှ အကြေးခွံအထပ်ပါ သတ္တဝါများ)
- Chondrichthyes (အရိုးနုငါးများ)
- Acanthodii (Paleozoic ကာလမှ ကျောရိုးရှိ ငါးမန်းများ)
- Osteichthyes (အရိုးကြီးငါး)
- Actinopterygii (ငါးလိပ်ကျောက် မြှီးရှည်)
- Sarcopterygii (အမြှေးပါးငါး)
- Coelacanthimorpha (coelacanths)
- Dipnoi (အဆုတ်ငါး)
- Tetrapoda (ခြေလေးချောင်း သတ္တဝါများ)
- Amphibia (ကုန်းနေရေနေသတ္တဝါများ)
- Amniota (ရေမြွှာဥများ)
- Sauropsida (တွားသွားသတ္တဝါများနှင့် ငှက်များ)
- Lepidosauria (အိမ်မြှောင်များ၊ မြွေများနှင့် tuatara)
- Testudines (လိပ်များ)
- Archosauria (Archosaurs)
- Crocodilia (မိကျောင်းမျိုးနွယ်များ)
- Pterosauria (pterosaurs)၊
- Dinosauria (ဒိုင်နိုဆောများ)
- Aves (ငှက်များ)
- Synapsida (နို့တိုက်သတ္တဝါကဲ့သို့ ခြေလေးချောင်းသတ္တဝါများ)
- Mammalia (နို့တိုက်သတ္တဝါများ)
- Sauropsida (တွားသွားသတ္တဝါများနှင့် ငှက်များ)
- Agnatha (မေးရိုးမဲ့ ကျောရိုးရှိသတ္တဝါ)
ဆက်စပ်စာမျက်နှာများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "Geochronological constraint on the Cambrian Chengjiang biota, South China" (in en) (2018). Journal of the Geological Society 175 (4): 659–666. doi: . ISSN 0016-7649. Bibcode: 2018JGSoc.175..659Y.
- ↑ ၂.၀ ၂.၁ Nielsen, C. (July 2012). "The authorship of higher chordate taxa". Zoologica Scripta 41 (4): 435–436. doi: .
- ↑ Janeway C.A. 2001.
အခြားဝက်ဘ်ဆိုက်များ
[ပြင်ဆင်ရန်]- သစ်ပင်၏ အသက်ဝိဉာဉ် Archived 22 April 2021 at the Wayback Machine.
- Tunicates များနှင့် cephalochordates မဟုတ်သူများသည် ကျောရိုးရှိသတ္တဝါများ၏ အနီးကပ်ဆုံးဆွေမျိုးများဖြစ်သည်