NHK World-Japan

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
NHK World-Japan
စတင်ခြင်းဧပြီလ ၊ ၁ ၊ ၁၉၉၈
ပိုင်ဆိုင်သူဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း (NHK)
ရုပ်ပုံအမျိုးအစား1080i 16:9 (HDTV)
ဆောင်ပုဒ်Widening Horizons
နိုင်ငံ ဂျပန်
ဘာသာစကားဂျပန်ဘာသာ, အင်္ဂလိပ်ဘာသာ
ထုတ်လွှင့်သည့် ဧရိယာကမ္ဘာတစ်ဝန်း
ဌာနချုပ်များတိုကျိုမြို့ဂျပန်နိုင်ငံ
ညီအစ်မရုပ်သံလိုင်း(များ)NHK General TV
NHK Educational TV
NHK BS 1
NHK BS Premium
NHK World Premium
ဝက်ဘ်ဆိုဒ်www3.nhk.or.jp/nhkworld (အင်္ဂလိပ်ဘာသာ)
www3.nhk.or.jp/nhkworld/my/ (မြန်မာဘာသာ)

NHK WORLD သည် ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း (NHK) ၏ နိုင်ငံတကာ ရုပ်သံထုတ်လွှင့်ခြင်း ဝန်‌ဆောင်မှု တစ်ခုဖြစ်သည်။ အဆိုပါ ရုပ်သံဝန်ဆောင်မှု သည် ဘီဘီစီကမ္ဘာတစ်လွှား ၊ DW ၊ ပြင်သစ် ၂၄ (France 24) နှင့် အာတီ (RT) စသည့် ကမ္ဘာသတင်းဌာနများ နည်းတူစွာ ပင်လယ်ရပ်ခြား ကမ္ဘာ နိုင်ငံများသို့ ရည်ရွယ်လျက် ဂြိုဟ်တုရုပ်သံထုတ်လွှင့်ခြင်း ၊ ကေဘယ်လ်ရုပ်သံထုတ်လွှင့်ခြင်း နည်း များဖြင့် သာမက အင်တာနက်စာမျက်နှာများ နှင့် မိုဘိုင်းဖုန်း အပလီကေးရှင်းများ မှတစ်ဆင့် ထုတ်လွှင့်ပေးနေသည်။ NHK WORLD-JAPAN မှ NHK World Radio Japan ၊NHK World TV နှင့် NHK World Premium စသည့်တို့အားဝန်ဆ​ောင်မှုပ​ေ​းန​ေသည်။ ထို့အပြင် NHK WORLD-JAPAN ၏ အစီအစဉ်များကို အင်တာနက် စာမျက်နှာတွင်လည်း ကြည့်ရှုနိုင်သည်။[၁]

၂၀၂၀ခုနစ်တွင် အိမ်ရှင်အဖြစ် ကျင်းပမည့် တိုကျိုအိုလံပစ် နှင့် ပါရာလင်းပစ် အားကစားပြိုင်ပွဲ များ ကျင်းပရန်အချိန်နီးကပ်လာချိန်တွင် ဂျပန်နိုင်ငံ၏ ရုပ်သံထုတ်လွှင့်ခြင်းဝန်ဆောင်မှု အား သတိပြုမိလာစေဖို့ ရည်ရွယ်ပြီး ၂၀၁၈ခုနှစ် ဧပြီလ တွင် NHK WORLD မှ NHK WORLD-JAPAN အဖြစ်အမည် ပြောင်းလဲခဲ့သည်။[၂][၃]

ဂျပန်ရုပ်မြင်သံကြားထုတ်လွင့်မှု[ပြင်ဆင်ရန်]

NHK WORLD TV[ပြင်ဆင်ရန်]

NHK WORLD TVသည် ဂျပန်နိုင်ငံ နှင့် နိုင်ငံတကာမှ သတင်းအချက်အလက်များကို မြေပြင်ကေဘယ်လ် ၊ ဂြိုဟ်တုများ မှ တစ်ဆင့် အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ် ၂၄နာရီ တင်ဆက်ထုတ်လွှင့်နေသော သတင်းဦးစားပေး ရုပ်သံလိုင်းတစ်ခုဖြစ်သည်။[၄] မြောက်အမေရိက နှင့် ဥရောပ တို့အတွက် NHK ၏ နိုင်ငံတကာ အသံလွှင့် ဝန်ဆောင်မှု ကို ၁၉၉၅ ခုနှစ်တွင် စတင်ခဲ့ပြီး NHK WORLD TV ၏ ရုပ်သံထုတ်လွှင့်မှု ကို ၁၉၉၈ ခုနှစ် ဧပြီ ၁ရက်နေ့ တွင် စတင်နိုင်ခဲ့သည်။ သတင်းရုပ်သံလိုင်း တစ်ခုအဖြစ် ဂျပန်ရိုးရာ NHK WORLD အမှတ်တံဆိပ် (NHK World Premium တွင် အသုံးပြုနေဆဲ ) ကို အသုံးပြုကာ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ လတွင် စတင် ‌ထုတ်လွှင့်ခဲ့သည်။

NHK WORLD TV သည် အခမဲ့ရုပ်သံလိုင်းတစ်ခု ဖြစ်ကာ အရည်အသွေးမြင့် ရုပ်သံလိုင်း အဖြစ် ၂၀၀၉ခုနှစ်မှ စတင်၍ ဂြိုဟ်တုစလောင်းမှ အခမဲ့ထုတ်လွှင့်ပေးနေသည်။ NHK WORLD HD ရုပ်သံလိုင်းအား 105.5°E, 68.5°E, Astra 28.2°E, Astra 19.2°E, 58°W, နှင့် 99°W တို့မှ ထုတ်လွှင့်နေသည်။ [၅]

ရုပ်သံအစီအစဉ်များ[၆][ပြင်ဆင်ရန်]

NHK Newsline : သတင်းအစီအစဉ်တစ်ခု ဖြစ်ပြီး တစ်နာရီ ခြားတိုင်း နိုင်ငံ‌ရေးသတင်းများ ၊ စီးပွားရေးသတင်းများ ၊ ကမ္ဘာတစ်ဝန်း ဖြစ်ပျက်နေသော အကြောင်းအရာ များ နှင့် ကို မိုးလေဝသခန့်မှန်းချက်များကို နေ့စဉ် အချိန်နှင့် တ‌ပြေးညီ ထုတ်လွှင့်နေသော အစီအစဉ် ဖြစ်သည်။

Somewhere Street: အပိုင်းတစ်ခုစီလျှင် မတူညီသော ကမ္ဘာပေါ်ရှိ မြို့များသို့ သွားရောက်ကာ ခရီးသွားတစ်ဦး မှ မြို့တစ်မြို့အား လမ်းလျှောက် စူးစမ်းလေ့လာ နေသော ပုံစံ ဖြင့် တမူထူးခြားစွာ ရိုက်ကူးထားသော ခရီးသွား အစီအစဉ်တစ်ခု ဖြစ်သည်။

Begin Japanology: ဂျပန်ယဉ်ကျေးမှု နှင့် ဂျပန်လူမျိုးများ၏ လူနေမှု ဘဝများ အားရိုက်ကူး ထားသော ရုပ်သံအစီအစဉ် တစ်ခုဖြစ်သည်။ [၇]

Japan-easy: ဂျပန်ပညာရေး ရုပ်သံအစီအစဉ် တစ်ခုဖြစ်ပြီး အင်္ဂလိပ်ဘာသာစကား အား အသုံးပြု၍ ဂျပန်ဘာသာစကားအား လေ့လာနိုင် ရန် ရိုက်ကူးထားသည်။ [၈]

NHK World Premium[ပြင်ဆင်ရန်]

NHK WORLD Premium ရုပ်သံလိုင်း သည် သတင်းအတိုများ ၊ အားကစားအစီအစဉ်များ ၊ ဂျပန်ယဉ်ကျေးမှု နှင့် ဖျော်ဖြေရေးအစီအစဉ်များကို ဂျပန်နိုင်ငံမှ ကမ္ဘာတစ်ဝန်း သို့ ထုတ်လွှင့်နေသော အ‌ခပေးရုပ်သံလိုင်းတစ်ခု ဖြစ်သည်။ အဆိုပါရုပ်သံလိုင်း သည် ဥရောပ ၌ JSTV ဟူသော အမည်ဖြင့် ဝန်ဆောင်မှုများ ပေးပြီး အမေရိက ၌ TV Japan အဖြစ် ထုတ်လွှင့်သည်။

ရေဒီယို ဂျပန်[ပြင်ဆင်ရန်]

ရေဒီယို ဂျပန် (အင်္ဂလိပ်: NHK World Radio Japan ၊ အတိုကောက်:RJ) သည် သတင်းအကြောင်းအရာများ ၊ အချက်အလက်များ နှင့် ဖျော်ဖြေရေး အစီအစဉ် များကို ဂျပန်နိုင်ငံ မှ အာရှနိုင်ငံ များသို့ အဓိကထား ထုတ်လွှင့်နေသော ရေဒီယို လိုင်း တစ်ခု ဖြစ်သည်။ ရေဒီယို ဂျပန် မှ အောက်ပါ ဝန်ဆောင်မှု နှစ်ခုအား ထုတ်လွှင့်နေသည်။

ပုံမှန် ဝန်ဆောင်မှု : ကမ္ဘာတစ်ဝန်းသို့ ဂျပန်ဘာသာ နှင့် အင်္ဂလိပ်ဘာသာ ဖြင့် အသံလွှင့်ဝန်ဆောင်မှု

ဒေသအလိုက်ဝန်ဆောင်မှု: သက်ဆိုင်ရာဒေသ အလိုက်အာရပ်ဘာသာစကား ၊ဘင်္ဂါလီ ဘာသာစကား ၊ မြန်မာဘာသာစကားတရုတ်ဘာသာစကားပြင်သစ်ဘာသာစကား ၊ ဟိန္ဒူဘာသာစကား၊ အင်ဒိုနီးရှား ဘာသာစကား ၊ ကိုးရီးယားဘာသာစကား ၊ အီရန်ဘာသာစကား ၊ ပေါ်တူကီ ဘာသာစကား ၊ရရှားဘာသာစကား၊ စပိန်ဘာသာစကား ၊ ဆွာဟီလီဘာသာစကား ၊ ထိုင်းဘာသာစကား ၊ အူရဒူဘာသာစကား နှင့် ဗီယက်နမ်ဘာသာစကား တို့ဖြင့် အသံလွှင့်ဝန်ဆောင်မှု

ကိုးကား[ပြင်ဆင်ရန်]

  1. https://www3.nhk.or.jp/nhkworld/my/aboutnhk/
  2. New Programs of NHK WORLD-JAPAN for 2018 (21 February 2018)။ 5 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 February 2018 တွင် ပြန်စစ်ပြီး။
  3. https://www3.nhk.or.jp/nhkworld/en/nhkworld_japan/
  4. www.mpt.org/nhkworldtv/
  5. Lyngsat - NHK World TV Archived 30 September 2017 at the Wayback Machine. Accessed July 27, 2016
  6. NHK (Japan Broadcasting Corporation)။ TV ProgramsNHK WORLD။ 29 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 December 2014 တွင် ပြန်စစ်ပြီး။
  7. TV Programs - NHK World။ NHK။ 21 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-03-03 တွင် ပြန်စစ်ပြီး။
  8. What's Japan-easy? - Japan-easy II, Japanese lessons - NHK WORLD - English (အင်္ဂလိပ်ဘာသာစကားဖြင့်)2017-12-25 တွင် ပြန်စစ်ပြီး

ပြင်ပလင့်များ[ပြင်ဆင်ရန်]