ရမ်းဗြဲကျွန်း
ရမ်းဗြဲကျွန်း | |
---|---|
ကျွန်း | |
View of Thun Site River from Ramree Island | |
ကိုဩဒိနိတ်: 19°4′N 93°50′E / 19.067°N 93.833°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရခိုင် |
ဧရိယာ | |
• စုစုပေါင်း | ၁၃၅၀ စတုရန်းကီလိုမီတာ (၅၂၀ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂၇၅ မီတာ (၉၀၂ ပေ) |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ရမ်းဗြဲကျွန်း (အင်္ဂလိပ်: Ramree Island) သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းရှိ ကျွန်းတစ်ခုဖြစ်သည်။ ဧရိယာ အကျယ်အဝန်းမှာ ၁,၃၅၀ စတုရန်း ကီလိုမီတာ (၅၂၀ စတုရန်းမိုင်) ခန့်ဖြစ်ကာ လူဦးရေအများဆုံး နေထိုင်သည့်နေရာမှာ ရမ်းဗြဲမြို့ ဖြစ်သည်။
အမည်ရင်းမြစ်
ရမ်းဗြဲဟူသော အမည်နာမ ဖြစ်ပေါ်လာပုံမှာ ကဿပဘုရားရှင် လက်ထက်တော်က ရဟန္တာငါးရာနှင့် ဒေသစာရီ ကြွချီခဲ့စဉ် ပင်လယ်ပြင်၌ ဝမ်းဘဲငှက်သဏ္ဌာန် ကျွန်းကြီးကို တွေ့မြင်သော် ကောင်းကင်မှ ခေတ္တသက်ဆင်း ရပ်တန့်တော်မူပြီးနောက် နောင်အခါ ဤနေရာ၌ ဗုဒ္ဓသာသနာတော် စည်ပင် ပွင့်လင်းမည်ဟု ဗျာဒိတ်စကား မိန့်ကြားခဲ့သည်။ ရမ္မာ(မွေ့လျော်ဖွယ် ကောင်းသောအရာ)၊ ဝတီ(ပြည့်စုံခြင်း) အဓိပ္ပာယ်ဖြင့် ရမ္မာဝတီဟု ခေါ်ဆိုလာခဲ့သည်။ ရမ္မာမှ ရမ်းဖြစ်ကာ ဝတီမှ ပြည့်ကို ယူ၍ ရမ်းပြည့်ဟု ခေါ်တွင်လာရာမှ ကာလရွေ့လျောသော် ရမ်းဗြဲ ဖြစ်လာသည်ဟု ဆိုကြသည်။[၁]
ရမ်းဗြဲဒေသသုံး စကား ( Rambye Dialects)
ကိုးကား
ပြင်ပလင့်ခ်များ
- Wikimedia Commons ရှိ ရမ်းဗြဲကျွန်း နှင့်ပတ်သက်သော မီဒီယာများ
ဤ မြန်မာနိုင်ငံ ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |