မြိတ်ကျွန်းစု

ဝီကီပီးဒီးယား မှ
၁၇:၀၈၊ ၁၇ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
မြိတ်ကျွန်းစု မြေပုံ

မြိတ်ကျွန်းစု (အင်္ဂလိပ်: Mergui Archipelago or Myeik Archipelago) သည် တနင်္သာရီတိုင်းဒေသကြီးတွင် ပါဝင်ကာ မြန်မာနိုင်ငံ၏ တောင်ဖက်စွန်းတွင် တည်ရှိသည်။ အရွယ်အစား အမျိုးမျိုးရှိသော ကျွန်းပေါင်း ၈၀၀ ကျော်ခန့် ပါဝင်ဖွဲ့စည်းထားသည်။ မလေး ကျွန်းဆွယ်၏ အနောက်ဖက်ကမ်းခြေဖက်ရှိ ကပ္ပလီပင်လယ်တွင်းတွင် တည်ရှိသည်။ တစ်ခါတစ်ရံ ပသျှူးကျွန်းစုဟုလည်း ခေါ်ဆိုလေ့ရှိသည်။

ပထဝီဝင်

မြိတ်ကျွန်းစုရှိ ကမ်းခြေတစ်ခု

ကတန်ကျွန်းသည် မြိတ်ကျွန်းစုရှိ အကြီးဆုံးကျွန်းဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၁၇၀ ကျယ်ဝန်းကာ ‌မြိတ်မြို့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသည်။[၁] ဒုတိယအကြီးဆုံးကျွန်းက ကက်သရင်း ကျွန်း ဖြစ်ကာ၊ တောဖုံးနေပြီး ကမ်းစပ်၌ လမုတောများ ပေါက်ရောက်နေသည်။ အခြား ထင်ရှားသော ကျွန်းများမှာ -

ဂေဟစနစ်

ALDFG ဟု အတိုကောက် ခေါ်ဝေါ်သော စွန့်ပစ် သို့ ပျောက်ဆုံးငါးဖမ်းပိုက်များ၊ ကြိုးများကြောင့် မြိတ်ကျွန်းစုရှိ ၈၇ နေရာတွင် ဂေဟစနစ် ပျက်စီးစပြုနေပြီ ဖြစ်သည်။ ယင်းအရာများသည် သန္တာကျောက်တန်းများ၊ ရေအောက်ကျောက်ဆောင်များပေါ်သို့ ကျရောက် ရစ်ပတ်မိပြီး ရေနသတ္တဝါများ၊ သန္တာကျောက်တန်းများ ပျက်သုဉ်းခြင်းကို ဖြစ်စေနိုင်သည်။ [၂]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၃၇၇။
  2. "7 days news journal"။ Vol. 19,22။ ဩဂုတ် ၁၉။ p. 27။ Unknown parameter |access date= ignored (|access-date= suggested) (အကူအညီ); Cite magazine requires |magazine= (အကူအညီ); |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)

ပြင်ပလင့်ခ်များ