ဘဲဥပုံစံ ဂလက်ဆီ

ဝီကီပီးဒီးယား မှ
The giant elliptical galaxy ESO 325-G004

ဘဲဥပုံစံ ဂလက်ဆီ သည် လုံးဝန်းချောမွေ့သော ဘဲဥပုံစံ ဂလက်ဆီဟုဆိုနိုင်သည်။ ယင်းတို့သည် ခရုပတ်ပုံစံ ဂလက်ဆီများနှင့် မတူဘဲ ကြယ်များသည် ဗဟိုအနီး၌ ကြုံရာကျပန်း လှည့်ပတ်နေကြသည်။ ဘဲဥပုံစံ ဂလက်ဆီဟူသည်ကို အက်ဒွင် ဟပ်ဘယ်The Realm of the Nebulae တွင် မူလပထမ ဖော်ပြထားသည်။[၁] ဘဲဥပုံစံ ဂလက်ဆီများသည် အဝန်းနီးပါးပုံစံရှိကြပြီး ကြယ်တာရာပေါင်း ၁၀ မီလီယံမှ ၂၀၀ ထရီလီယံအထိ ပါဝင်တတ်သည်။ အက်ဒွင် ဟာဘယ်က ဘဲဥပုံစံ ဂယ်လက်ဆီများသည် ခရုပတ်ပုံစံ ဂလက်ဆီများ အဖြစ် ပြောင်းလဲလာသည်ဟု အဆိုပြုခဲ့သော်လည်း နောက်ပိုင်းတွင် မှားယွင်းကြောင်း တွေ့ရှိခဲ့သည်။[၂] ဘဲဥပုံစံဂဂယ်လက်ဆီများရှိ ကြယ်များသည် ပျမ်းမျှအားဖြင့် ခရုပတ်ပုံစံ ဂလက်ဆီရှိ ကြယ်များထက် သက်တမ်းရင့်ကြယ်များ ဖြစ်ကြသည်။[၂] ဘဲဥပုံစံ ဂလက်ဆီများသည် Virgo Supercluster တွင် ၁၀ - ၁၅ ရာခိုင်နှုန်းရှိသည်ဟု ယုံကြည်ရလေသည်။ ထို့ကြောင့် ယင်းတို့သည် အချုပ်အားဖြင့် စကြာဝဠာတွင် စိုးမိုးသည့် ဂလက်ဆီများ ဖြစ်ကြသည်။[၃] ယင်းတို့အား ဂလက်ဆီ အစုအပြုံများ၏ အလယ်ဗဟိုတွင် တွေ့ရှိရလေ့ရှိသည်။[၄] နှစ်ဘက်ခုံး ဂလက်ဆီများနှင့် ဘဲဥပုံဂလက်ဆီများသည် ယင်းတို့၏ တည်နေရာနှင့် Hubble sequence အရ စကြာဝဠာတွင် အစောဆုံးတည်ရှိသည့် ဂလက်ဆီများဖြစ်ကြသည်။

ကိုးကား

  1. Hubble၊ E.P. (1936)။ The realm of the nebulae (PDF)။ Mrs. Hepsa Ely Silliman Memorial Lectures, 25။ New Haven: Yale University Press။ ISBN 9780300025002OCLC 611263346။ 29 September 2012 တွင် မူရင်း အား မော်ကွန်းတင်ပြီး။(pp. 124–151)
  2. ၂.၀ ၂.၁ John, D. (2006). Astronomy: The definitive guide to the universe. Bath, UK: Parragon Publishing., p. 224-225
  3. Loveday, J. (February 1996). "The APM Bright Galaxy Catalogue.". Monthly Notices of the Royal Astronomical Society 278 (4): 1025–1048. doi:10.1093/mnras/278.4.1025. Bibcode1996MNRAS.278.1025L. 
  4. Dressler, A. (March 1980). "Galaxy morphology in rich clusters – Implications for the formation and evolution of galaxies.". The Astrophysical Journal 236: 351–365. doi:10.1086/157753. Bibcode1980ApJ...236..351D.