တပုရင်းကွဲရွာ၊ စစ်ကိုင်းမြို့နယ်
တပုရင်းကွဲ ဒီပဲယင်းကွဲ | |
---|---|
ရွာ | |
တပုရင်းကွဲရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 22°02′57″N 95°40′12″E / 22.0491504669189°N 95.6699371337891°Eကိုဩဒိနိတ်: 22°02′57″N 95°40′12″E / 22.0491504669189°N 95.6699371337891°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
ခရိုင် | စစ်ကိုင်းခရိုင် |
မြို့နယ် | စစ်ကိုင်းမြို့နယ် |
ကျေးရွာအုပ်စု | တပုရင်းကွဲ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
တပုရင်းကွဲရွာ (အင်္ဂလိပ်: Tapayinkwe) သို့မဟုတ် ဒီပဲယင်းကွဲရွာ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ တပုရင်းကွဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၀၇၇ ဖြစ်သည်။ [၁] စစ်ကိုင်း-ရွှေဘိုလမ်းပေါ်ရှိ အုန်းတောရွာမှ ပုဂံတူကျေးရွာလမ်းအတိုင်း ခုနစ်မိုင်၊ ခုနစ်ဖာလုံခန့်အကွာတွင် တည်ရှိသည်။ မူးမြစ်သည် ဒီပဲယင်းကွဲရွာ၏ အနောက်ဘက်တွင် စီးဆင်းလျက်ရှိသည်။
ဒီပဲယင်းကွဲရွာတွင် အိမ်ခြေ ၇၈၀ ကျော်၊ မိသားစု ၈၀၀ ကျော်နှင့် လူဦးရေ ၃,၇၀၀ ကျော် ရှိသည်။ ရွာရဲ့ အဓိက အသက်မွေးဝမ်းကျောင်းမှာ သရက် စိုက်ပျိုးခြင်းဖြစ်သည်။[၂][၃][၄]
ကိုးကား
- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ Nyi Nyi Zaw။ "စင်ကာပူကို အမီလိုက်မယ့်ရွာ" (in my)၊ 7Day News၊ 14 June 2018။ 18 August 2018 တွင် ပြန်စစ်ပြီး။
- ↑ "myanmarmagazin" (in my)။ 22 August 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 24 August 2018။
- ↑ "မူးမြစ်ရေမြင့်တက်လာခြင်းကြောင့် စစ်ကိုင်းမြို့နယ်အတွင်း သရက်စိုက် ဧက ၁၀၀၀ ကျော်ရေနစ်မြုပ်" (in my)။ 24 August 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 19 June 2018။
ဤ စစ်ကိုင်းတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |