တပုရင်းကွဲရွာ၊ စစ်ကိုင်းမြို့နယ်

ဝီကီပီးဒီးယား မှ
တပုရင်းကွဲ
ဒီပဲယင်းကွဲ
ရွာ
တပုရင်းကွဲရွာ
တပုရင်းကွဲ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တပုရင်းကွဲ
တပုရင်းကွဲ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°02′57″N 95°40′12″E / 22.0491504669189°N 95.6699371337891°E / 22.0491504669189; 95.6699371337891ကိုဩဒိနိတ်: 22°02′57″N 95°40′12″E / 22.0491504669189°N 95.6699371337891°E / 22.0491504669189; 95.6699371337891
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်စစ်ကိုင်းခရိုင်
မြို့နယ်စစ်ကိုင်းမြို့နယ်
ကျေးရွာအုပ်စုတပုရင်းကွဲ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

တပုရင်းကွဲရွာ (အင်္ဂလိပ်: Tapayinkwe) သို့မဟုတ် ဒီပဲယင်းကွဲရွာ သည် စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းခရိုင်စစ်ကိုင်းမြို့နယ်တပုရင်းကွဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၀၇၇ ဖြစ်သည်။ [၁] စစ်ကိုင်း-ရွှေဘိုလမ်းပေါ်ရှိ အုန်းတောရွာမှ ပုဂံတူကျေးရွာလမ်းအတိုင်း ခုနစ်မိုင်၊ ခုနစ်ဖာလုံခန့်အကွာတွင် တည်ရှိသည်။ မန္တလေး-မုံရွာသွားကားလမ်းပေါ်ရှိ ညောင်ပင်ဝန်းရွာမှ တစ်ဆင့်လည်း ညောင်ပင်သာရွာ-ပေါက်ကားရွာမှတစ်ဆင့်လည်း သွားနိုင်သည်မူးမြစ်သည် ဒီပဲယင်းကွဲရွာ၏ အနောက်ဘက်တွင် စီးဆင်းလျက်ရှိသည်။

ဒီပဲယင်းကွဲရွာတွင် အိမ်ခြေ ၇၈၀ ကျော်၊ မိသားစု ၈၀၀ ကျော်နှင့် လူဦးရေ ၃,၇၀၀ ကျော် ရှိသည်။ ရွာရဲ့ အဓိက အသက်မွေးဝမ်းကျောင်းမှာ သရက် စိုက်ပျိုးခြင်းဖြစ်သည်။မြေပဲ၊နှမ်း၊နေကြာ၊ပဲစင်းငုံ၊ပဲတီစိမ်း၊ပဲလွန်း၊ပဲကြီးတို့ အဓိကစိုက်သော ယာမြေများ၊ ခရမ်းချဉ်၊ ခရမ်း၊ဖရဲ၊သခွား၊ဂျုံ၊ကုလားပဲ၊ပဲတီစိမ်း၊ကြက်သွန်၊ပြောင်းဖူးနှင့် နေကြာတို့ တွဲဖက်စိုက်သော နှုန်းတင်မြေနုများ ရှိသဖြင့် မြန်မာပြည်အလယ်ပိုင်း မိုးခေါင်ရေရှားဖြစ်သော်လည်း စိုက်ပျိုးရေးဖြစ်ထွန်းသသည်။ဒီပဲယင်းကွဲရွာဟု ခေါ်ဆိုသည် တောင်ပေါ်လေးဘုရား၊ အသီရိဘုရား၊ရွှေစေတီဘုရားတို့မှာ နာမည်ကြီးသည် ၊ ဘုန်းတော်ကြီးကျောင်းအနေဖြင့် ရွှေစေတီကျောင်း၊ မန်ကျီးချိုကျောင်း၊ဘုံစက်ကျောင်း၊ ရွှေဂူကြီးကျောင်းနှင့် နဂါးရုံကျောင်းတို့ ရှိသည်[၂][၃][၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။
  2. Nyi Nyi Zaw။ "စင်ကာပူကို အမီလိုက်မယ့်ရွာ" (in my)၊ 7Day News၊ 14 June 2018။ 18 August 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 18 August 2018။ 
  3. "myanmarmagazin" (in my)။ 22 August 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 24 August 2018။ 
  4. "မူးမြစ်ရေမြင့်တက်လာခြင်းကြောင့် စစ်ကိုင်းမြို့နယ်အတွင်း သရက်စိုက် ဧက ၁၀၀၀ ကျော်ရေနစ်မြုပ်" (in my)။ 24 August 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 19 June 2018။