ထိုင်းစမိုင်း လေကြောင်းလိုင်း
| |||||||
တည်ထောင် | မေ ၂၀၁၁ | ||||||
---|---|---|---|---|---|---|---|
စတင်ပျံသန်း | ၇ ဇူလိုင် ၂၀၁၂ | ||||||
မိခင်ဌာန | သုဝဏ္ဏဘူမိလေဆိပ် | ||||||
ဒုတိယဌာန | ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် | ||||||
ပြေးဆွဲသည့် မြို့များ | ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် | ||||||
ဖောက်သည်အစီအစဉ် | Royal Orchid Plus | ||||||
လေယာဉ်ပေါင်း | ၁၅ | ||||||
ပျံသန်းဌာနေပေါင်း | ၁၂ | ||||||
ဆောင်ပုဒ် | Trendy, Friendly, Worthy | ||||||
မိခင်ကုမ္ပဏီ | ထိုင်း လေကြောင်းလိုင်း | ||||||
ဌာနချုပ် | 1704,1705-1708A AIA Captial Center, 17th Floor, 89 Ratchadapisek Road, Khaeng Din Daeng၊ Khet Din Daeng၊ ဘန်ကောက်၊ ထိုင်းနိုင်ငံ 10400 | ||||||
အရေးပါသူများ | Woranet Laprabang | ||||||
ဝက်ဘ်ဆိုဒ် | thaismileair.com |
ထိုင်းစမိုင်း လေကြောင်းလိုင်းသည် ထိုင်းလေကြောင်းလိုင်း၏ လေကြောင်းလိုင်းခွဲ တစ်ခုဖြစ်ပြီး ဒေသတွင်း ပျံသန်းနေသည့် လေကြောင်းလိုင်း တစ်ခုဖြစ်သည်။[၁] ၂၀၁၂ ခုနှစ် ဇွန်လိုင်လတွင် စတင်ပျံသန်းပြီး ထိုင်းနိုင်ငံတွင် ရုံးချုပ်တည်ရှိသည်။
သမိုင်း
၂၀၁၁ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ထိုင်းလေကြောင်းလိုင်း ၏ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့က တန်ဖိုးနည်း လေကြောင်းလိုင်းတစ်ခု ဖွင့်လှစ်ရန် ကြော်ငြာခဲ့သည်။[၂] ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စတင်ပျံသန်းရန် စီစဉ်ခဲ့သည်။[၃] ထိုင်းလေကြောင်းလိုင်း၏ ဥက္ကဋ္ဌ အမ်ပွန် ၏ ကြော်ငြာချက်အရ ထိုင်းစမိုင်း လေကြောင်းလိုင်းသည် တန်ဖိုးနည်း လေကြောင်းလိုင်း နှင့် ပုံမှန်လေကြောင်းလိုင်း နှစ်ခုကြားတွင် တည်ရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နာမည်ရွေးချယ်မှုကို ပြိုင်ပွဲပြုလုပ်ပြီး နာမည်ပေါင်း ၂၂၂၉ ခုထဲမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။[၃]
စတင်ပျံသန်းပြီး ၂ နှစ်အတွင်း အမြတ်ငွေ ဘတ် ၅ သန်းခန့် ရရှိခဲ့သည်။[၃]
ပျံသန်းရာ မြို့များ
ထိုင်းစမိုင်း လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ မြို့များသို့ ပျံသန်းလျက်ရှိသည်။[၄][၅]
- ကမ္ဘောဒီးယား
- စီရန်ရိ - စီရန်ရိ အပြည်ပြည်ဆိုင်ရာ လေဆိပ်
- တရုတ်
- ချန်ရှ - ရှန်ရှ ဟွန်ဟွ အပြည်ပြည်ဆိုင်ရာ လေဆိပ်
- ချုံကျွင်း - ချုံကျွင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်
- သီရိလင်္ကာ
- ကိုလံဘို - ကိုလံဘို အပြည်ပြည်ဆိုင်ရာ လေဆိပ်
- မကာအို
- မြန်မာ
- ထိုင်း
- ဘန်ကောက် - ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်
- ဘန်ကောက် - သုဝဏ္ဏဘူမိလေဆိပ်
- ချင်းမိုင် - ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
- ချင်းရိုင် - ချင်းရိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
- ဟိုက်ရိုင် - ဟိုက်ရိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
- Khon Kaen - Khon Kaen Airport
- Krabi - Krabi Airport
- Narathiwat - Narathiwat Airport
- ဖူးခက် - ဖူးခက် အပြည်ပြည်ဆိုင်ရာ လေဆိပ်
- Surat Thani - Surat Thani Airport
- Ubon Ratchathani - Ubon Ratchathani Airport
- Udon Thani - Udon Thani International Airport
လေယာဉ်
ထိုင်းစမိုင်း လေကြောင်းလိုင်းသည် အဲဘတ်စ် အေ၃၂၀-၂၀၀ လေယာဉ် (၁၄) စီးဖြင့် ပျံသန်းလျက်ရှိသည်။ လေယာဉ်တစ်စီးတွင် ထိုင်ခုံ ၁၇၄ ခုံ နှင့် အထူး ထိုင်းပလပ်စ် ထိုင်ခုံ ၃၀ ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ၂၀၁၂ ခုနှစ် ဇွန်လ တွင် လေယာဉ် (၄) စီး ပထမဆုံး ရောက်ရှိခဲ့သည်။ ၃ နှစ်အတွင်း လေယာဉ် အစီး (၂၀) အထိ တိုးချဲ့ခဲ့ပြီး အိမ်နီးခြင်းနိုင်ငံများနှင့် တရုတ်နိုင်ငံ တောင်ပိုင်းသို့ တိုးချဲ့ပျံသန်းခဲ့သည်။
အမျိုးအစား | ပျံသန်းဆဲ | အမှာစာ | ခရီးသည်အရေအတွက် | မှတ်ချက် |
---|---|---|---|---|
အဲဘတ်စ် အေ၃၂၀-၂၀၀ |
၁၅ | ၀ |
၁၆၂ |
|
Total | ၁၅ |
၀ |
ကိုးကား
- ↑ "Thai Smile focuses on turning around unprofitable Thai Airways routes as new AOC is secured"၊ Centre for Aviation (CAPA)၊ 3 April 2014။
- ↑ THAI to launch new budget airline။ Bangkok Post (20 May 2011)။ 22 August 2011 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ THAI sister airline launch set for 2012။ Bangkok Post (20 August 2011)။ 22 August 2011 တွင် ပြန်စစ်ပြီး။
- ↑ http://www.thaismileair.com/thaismile/en/where-we-fly.htm
- ↑ THAI Smile W13 Operation Changes as of 21AUG13 :: Routesonline