ရန္တပစ္စည်း
ရန္တပစ္စည်း | |
---|---|
ဝန်ကြီး | |
တာဝန်သက်တမ်း ၁၂၇၀ ဆယ်စုနှစ် – ၁၂၈၄ | |
ဧကရာဇ် | နရသီဟပတေ့ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | အုတ်လှငယ် c. ၁၂၄၀ ဆယ်စုနှစ် ပုဂံ |
ကွယ်လွန် | c. ၅ ဖေဖော်ဝါရီ ၁၂၈၄ တကောင်း |
သားသမီး | ခင်ဘုန်း |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ပုဂံခေတ် |
တပ်/တပ်ဖွဲ့ခွဲ | မြန်မာဘုရင့်တပ်မတော် |
အမှုထမ်းကာလ | ၁၂၅၉–၈၄ |
ရာထူး | စစ်သူကြီး |
တိုက်ပွဲ/စစ်ပွဲများ | Missagiri (၁၂၅၉–၆၀) မွန်ဂိုကျူးကျော်စစ်များ (၁၂၇၇၊ ၁၂၈၃–၈၄) |
ရန္တပစ္စည်း (၁၂၄၀ ဆယ်စုနှစ်ခန့် – ၁၂၈၄) သည် ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက်တွင် ဝန်ကြီးအဖြစ် အမှုထမ်းခဲ့သူ ဖြစ်သည်။ မြန်မာဘုရင့်တပ်မတော်တွင်လည်း စစ်သူကြီးအဖြစ်ဖြင့် အစ်ကိုဖြစ်သူ အနန္တပစ္စည်းလက်အောက်တွင် အမှုထမ်းခဲ့သည်။ ၁၂၇၇ မှ ၁၂၈၅ အထိ ဖြစ်ပွားခဲ့သော ပထမ မွန်ဂိုကျူးကျော်စစ်ပွဲတွင် ညီအစ်ကိုနှစ်ဦး တိုက်ခိုက်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။
ရန္တပစ္စည်းကို မြန်မာတို့က မိရိုးဖလာနတ်တစ်ပါးအဖြစ် ကိုးကွယ်ကြသည်။[၁]
သမိုင်း
အနန္တပစ္စည်းနှင့် ရန္တပစ္စည်းသည် တရုတ်ပြေးမင်းလက်ထက်တွင် ထင်ရှားသည့် အမတ်ကြီးရာဇသင်္ကြန်၏ သားများဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ဖခင်ဖြစ်သူ၏ အမည်ကို လုကြရာ ဘုရင်ဖြစ်သူသည် မည်သူ့ကိုမျှ မပေးဘဲ သားအကြီးဖြစ်သူကို "အနန္တပစ္စည်း" ဟူ၍လည်းကောင်း၊ သားအငယ်ဖြစ်သူကို "ရန္တပစ္စည်း" ဟူ၍လည်းကောင်း ဘွဲ့များပေးခဲ့သည်။ အမည်ရင်းများမှာ ပုံဂံအုတ်လှကြီးနှင့် ညောင်ဦးအုတ်လှငယ် ဖြစ်ကြသည်။ [၁]
နတ်ဖြစ်ခြင်း
သက္ကရာဇ် ၆၄၆ ခုနှစ်တွင် တရုတ်နှင့် မြန်မာတို့ ငဆောင်ချမ်းတိုက်ပွဲတွင် စစ်ဖြစ်ကြ၏။ ထိုစစ်ပွဲတွင် အနန္တပစ္စည်းနှင့် ရန္တပစ္စည်းတို့သည် စစ်ဗိုလ်အဖြစ် ပါဝင်တိုက်ခိုက်ကြသည်။ ပြဒါးသေကို ငုံကာ ၁၅ - ၁၆ တောင်အထိ မြင့်အောင်ခုန်၍ တိုက်ခိုက်ကြသည်။ သို့သော် ပြဒါးသေသည် လွတ်ကျသဖြင့် မြားထိမှန်ကာ သေဆုံးကြခဲ့ရသည်။ [၁]