ရန္တပစ္စည်း

ဝီကီပီးဒီးယား မှ
ရန္တပစ္စည်း
ဝန်ကြီး
တာဝန်သက်တမ်း
၁၂၇၀ ဆယ်စုနှစ် – ၁၂၈၄
ဧကရာဇ်နရသီဟပတေ့
ကိုယ်ရေး အချက်အလက်များ
မွေးဖွားအုတ်လှငယ်
c. ၁၂၄၀ ဆယ်စုနှစ်
ပုဂံ
ကွယ်လွန်c. ၅ ဖေဖော်ဝါရီ ၁၂၈၄
တကောင်း
သားသမီးခင်ဘုန်း
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံပုဂံခေတ်
တပ်/တပ်ဖွဲ့ခွဲမြန်မာဘုရင့်တပ်မတော်
အမှုထမ်းကာလ၁၂၅၉–၈၄
ရာထူးစစ်သူကြီး
တိုက်ပွဲ/စစ်ပွဲများMissagiri (၁၂၅၉–၆၀)
မွန်ဂိုကျူးကျော်စစ်များ (၁၂၇၇၊ ၁၂၈၃–၈၄)

ရန္တပစ္စည်း (၁၂၄၀ ဆယ်စုနှစ်ခန့် – ၁၂၈၄) သည် ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက်တွင် ဝန်ကြီးအဖြစ် အမှုထမ်းခဲ့သူ ဖြစ်သည်။ မြန်မာဘုရင့်တပ်မတော်တွင်လည်း စစ်သူကြီးအဖြစ်ဖြင့် အစ်ကိုဖြစ်သူ အနန္တပစ္စည်းလက်အောက်တွင် အမှုထမ်းခဲ့သည်။ ၁၂၇၇ မှ ၁၂၈၅ အထိ ဖြစ်ပွားခဲ့သော ပထမ မွန်ဂိုကျူးကျော်စစ်ပွဲတွင် ညီအစ်ကိုနှစ်ဦး တိုက်ခိုက်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။

ရန္တပစ္စည်းကို မြန်မာတို့က မိရိုးဖလာနတ်တစ်ပါးအဖြစ် ကိုးကွယ်ကြသည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

အနန္တပစ္စည်းနှင့် ရန္တပစ္စည်းသည် တရုတ်ပြေးမင်းလက်ထက်တွင် ထင်ရှားသည့် အမတ်ကြီးရာဇသင်္ကြန်၏ သားများဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ဖခင်ဖြစ်သူ၏ အမည်ကို လုကြရာ ဘုရင်ဖြစ်သူသည် မည်သူ့ကိုမျှ မပေးဘဲ သားအကြီးဖြစ်သူကို "အနန္တပစ္စည်း" ဟူ၍လည်းကောင်း၊ သားအငယ်ဖြစ်သူကို "ရန္တပစ္စည်း" ဟူ၍လည်းကောင်း ဘွဲ့များပေးခဲ့သည်။ အမည်ရင်းများမှာ ပုံဂံအုတ်လှကြီးနှင့် ညောင်ဦးအုတ်လှငယ် ဖြစ်ကြသည်။ [၁]

နတ်ဖြစ်ခြင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၆၄၆ ခုနှစ်တွင် တရုတ်နှင့် မြန်မာတို့ ငဆောင်ချမ်းတိုက်ပွဲတွင် စစ်ဖြစ်ကြ၏။ ထိုစစ်ပွဲတွင် အနန္တပစ္စည်းနှင့် ရန္တပစ္စည်းတို့သည် စစ်ဗိုလ်အဖြစ် ပါဝင်တိုက်ခိုက်ကြသည်။ ပြဒါးသေကို ငုံကာ ၁၅ - ၁၆ တောင်အထိ မြင့်အောင်ခုန်၍ တိုက်ခိုက်ကြသည်။ သို့သော် ပြဒါးသေသည် လွတ်ကျသဖြင့် မြားထိမှန်ကာ သေဆုံးကြခဲ့ရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၂၃။