အနန္တပစ္စည်း
အနန္တတပစ္စည်း | |
---|---|
ဝန်ကြီးဗိုလ်ချုပ် | |
တာဝန်သက်တမ်း ၁၂၇၁အတွင်း သို့ ထို့ထက်စော၍ – ၁၂၈၇ | |
ဧကရာဇ် | နရသီဟပတေ့ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | အုတ်လှ c. ၁၂၄၀ ပုဂံ |
ကွယ်လွန် | ၁ ဇူလိုင် ၁၂၈၇ ပြည်မြို့ |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ပုဂံခေတ် |
တပ်/တပ်ဖွဲ့ခွဲ | မြန်မာဘုရင့်တပ်မတော် |
အမှုထမ်းကာလ | ၁၂၅၉–၈၇ |
ရာထူး | Commander-in-chief |
တိုက်ပွဲ/စစ်ပွဲများ | Missagiri (၁၂၅၉–၆၀) မွန်ဂိုကျူးကျော်စစ်များ (၁၂၇၇၊ ၁၂၈၃–၈၅) |
အနန္တပစ္စည်း (၁၂၄၀ ခန့် – ၁ ဇူလိုင် ၁၂၈၇) သည် ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် ဝန်ကြီးချုပ်အဖြစ် အမှုထမ်းခဲ့သူ ဖြစ်သည်။ မြန်မာဘုရင့်တပ်မတော်၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၂၇၇ မှ ၁၂၈၅ အထိ ဖြစ်ပွားခဲ့သော ပထမ မွန်ဂိုကျူးကျော်စစ်ပွဲတွင် ညီအစ်ကိုနှစ်ဦး တိုက်ခိုက်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။[၁] မွန်ဂိုတို့နှင့် ဦးစွာ အပစ်အခတ် ရပ်စဲရေးကို ဦးဆောင်ခဲ့သူဖြစ်သည်။ ၁၂၈၇ တွင် ပြည်စား သီဟသူ၏ လက်ချက်ဖြင့် နရသီဟပတေ့နှင့်အတူ လုပ်ကြံခံခဲ့ရသည်ဟု ဆိုကြသည်။
အနန္တပစ္စည်းကို မြန်မာတို့က မိရိုးဖလာနတ်တစ်ပါးအဖြစ် ကိုးကွယ်ကြသည်။ [၂]
သမိုင်း
[ပြင်ဆင်ရန်]အနန္တပစ္စည်းနှင့် ရန္တပစ္စည်းသည် တရုတ်ပြေးမင်းလက်ထက်တွင် ထင်ရှားသည့် အမတ်ကြီးရာဇသင်္ကြန်၏ သားများဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ဖခင်ဖြစ်သူ၏ အမည်ကို လုကြရာ ဘုရင်ဖြစ်သူသည် မည်သူ့ကိုမျှ မပေးဘဲ သားအကြီးဖြစ်သူကို "အနန္တပစ္စည်း" ဟူ၍လည်းကောင်း၊ သားအငယ်ဖြစ်သူကို "ရန္တပစ္စည်း" ဟူ၍လည်းကောင်း ဘွဲ့များပေးခဲ့သည်။ အမည်ရင်းများမှာ ပုံဂံအုတ်လှကြီးနှင့် ညောင်ဦးအုတ်လှငယ် ဖြစ်ကြသည်။ [၂]
နတ်ဖြစ်ခြင်း
[ပြင်ဆင်ရန်]သက္ကရာဇ် ၆၄၆ ခုနှစ်တွင် တရုတ်နှင့် မြန်မာတို့ ငဆောင်ချမ်းတိုက်ပွဲတွင် စစ်ဖြစ်ကြ၏။ ထိုစစ်ပွဲတွင် အနန္တပစ္စည်းနှင့် ရန္တပစ္စည်းတို့သည် စစ်ဗိုလ်အဖြစ် ပါဝင်တိုက်ခိုက်ကြသည်။ ပြဒါးသေကို ငုံကာ ၁၅ - ၁၆ တောင်အထိ မြင့်အောင်ခုန်၍ တိုက်ခိုက်ကြသည်။ သို့သော် ပြဒါးသေသည် လွတ်ကျသဖြင့် မြားထိမှန်ကာ သေဆုံးကြခဲ့ရသည်။ [၂]