.fi

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
This article is titled in another language/script, because there is no suitable name in Myanmar language yet.

.fi သည် နိုင်ငံတော်များနှင့် သက်ဆိုင်သည့် အဓိက ဒိုမိန်းများထဲမှာ တစ်ခုဖြစ်ပြီး၊ ဖင်လန်နိုင်ငံကို ကိုယ်စားပြုသည်။ ၄င်းကို ဖီကော်ရာ(Ficora) မှ ထိမ်းသိမ်းကိုင်တွယ်ခြင်းပြုသည်။ ဖီကော်ရာသည် ဖင်လန်နိုင်ငံ ဆက်သွယ်ရေးကို ကြည့်ရှုစစ်ဆေးရသည့် နိုင်ငံတော်ပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၄ရက်နေ့တွင် တန်ပယ်ရယ်မြို့ရှိ Finnish Unix Users Group မှ နိုင်ငံပိုင် ဒိုမိန်းတစ်ခုရရှိရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ လျှောက်လွှာများ လက်ခံခဲ့ပြီးနောက် တန်ပယ်ရယ် နည်းပညာ တက္ကသိုလ် သို့ .fi ဒိုမိန်းအား အသုံးပြုခွင့် ချပေးခဲ့သည်။ ထို့နောက် ဒိုမိန်းသည် FICIX ၏ ထိန်းသိမ်းမှု အောက်တွင် ရှိခဲ့ပြီး၊ ယခုအခါ ဖီကော်ရာ လက်အောက်တွင်ဖြစ်သည်။

ဖီကော်ရာသည် .fi ဒိုမိန်အား ဂရုဆိုက်၍ စည်းကမ်းချက် များစွာဖြင့် အသုံးပြုခွင့်ပေးသည်၊ ဒိုမိန်းလိပ်စာများကို ကုမ္ပဏီ နာမည်များ၊ သို့မဟုတ် ကုမ္ပဏီ အမှတ်အသားများ မှတ်ပုံတင်ထားမှသာလျင် အသုံးပြုခွင့်ပေးခဲ့သည်။ ထို့ကြောင်လည်း ကုမ္ပဏီအများစုသည် .fi ကိုသာ အသုံးပြုခဲ့ကြသည်။ ၂၀၀၃ ခုနှစ် ဆက်တင်ဘာလ ၁ ရက်နေ့တွင် ဒိုမိန်းပိုင်ဆိုင်ခွင့်ရရန် မူတစ်ချို့ကို ပြင်ဆင်ခဲ့သည်။


၂၀၀၅ ခုနှစ် ဆက်တင်ဘာလ ၁ရက်နေ့တွင် စကန်ဒီနေဗီးယား စာလုံးများဖြစ်သည့် (ä, å, ö) တို့ကို .fi ဒိုမိန်းလိပ်စာတွင် အသုံးပြုခွင့်ပေးခဲ့သည်။ သို့သော် အဓိက ဒိုမိန်းလိပ်စာအဖြစ် အသုံးပြုရန် ဖီကော်ရာမှ အကြံမပြုခဲ့ပေ။ ၂၀၀၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် လူပုဂ္ဂိုလ် အသီးသီးတို့အား .fi ဒိုမိန်းကို ဝယ်ခွင့်ပြုလိုက်သည်။ သို့သော် လွယ်ကူစွာ ဝယ်ယူ၍မရပေ၊ ကုမ္ပဏီများသည် ၄င်းတို့၏ ကုမ္ပဏီအမှတ်အသားများ၊ သို့မဟုတ် မှတ်ပုံတင်ထားသော ကုမ္ပဏီများမှသာလျင် .fi ဒိုမိန်းကို ပိုင်ဆိုင်ခွင့်ရှိသည်။

ကြည့်ပါ၊ .ax သည် အာလန် ကျွန်းပိုင် ဒိုးမိန်းတစ်ခုဖြစ်သည်။

ပြင်ပ အဆက်အသွယ်လိပ်စာများ[ပြင်​ဆင်​ရန်​]