၂၀၁၈

ဝီကီပီးဒီးယား မှ
ထောင်စုနှစ်: ၃ ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
ခုနှစ်များ:

၂၀၁၈ (MMXVIII) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် တနင်္လာနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၁၈ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၃ ထောင်စုနှစ်၏ ၁၈ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၁၈ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၁၀ ဆယ်စုနှစ်၏ ၉ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။

ဇန်နဝါရီလ[ပြင်ဆင်ရန်]

(၂)ရက်

  • Facebook ပေါ်မှ ဟာသဗီဒီယိုများဖြင့်နာမည်ကြီးလာခဲ့သည့် ဟာသသရုပ်ဆောင် အောင်ရဲထွေး ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် နှစ်သစ်ကူးညကထိုးကြိတ်ကန်ကျောက်ခံရသောဦးခေါင်းဒဏ်ရာဖြင့် ကွယ်လွန်။

ဖေဖော်ဝါရီလ[ပြင်ဆင်ရန်]

(၁)ရက်

မတ်လ[ပြင်ဆင်ရန်]

(၂၁)ရက်

  • နိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံးအဖွဲ့မှ ၂၀၁၈ ခုနှစ်၊မတ်လ(၂၁)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

(၂၃)ရက်

  • ရန်ကုန်မြို့၊မင်းဓမ္မလမ်းရှိ Myanmar Event Park တွင်ကျင်းပပြုလုပ်ခဲ့သော ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပထမဆုံးအကြိမ် ရုပ်ရှင်တစ်သက်တာဆုကိုရွေးချယ်ချီးမြှင့်ခဲ့ရာ စည်သူဗိုလ်ကလေးတင့်အောင် မှရရှိခဲ့ပြီး ယင်းဆုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို်ယ်တိုင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

(၂၈)ရက်

  • ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတအသစ်ကို ဦးဝင်းမြင့် အား ရွေးချယ်တင်မြှောက်ခဲ့သည်။

ဧပြီလ[ပြင်ဆင်ရန်]

(၁)ရက်

  • ဧရာဝတီတိုင်းဒေသကြီးမြောင်းမြမြို့အဝင် မြောင်းမြကြိုးတံတားသည် ဧပြီလ (၁) ရက်နေ့ မနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် မြောင်းမြဘက်ခြမ်းမှ ကြိုးဆိုင်းများပြတ်ကျမှုကြောင့် တံတားပေါ်ဖြတ်သန်းမောင်းနှင်သွားသောကုန်တင်ယာဉ်တစ်စီးနှင့် လူနှစ်ဦးပျောက်ဆုံးမှုဖြစ်ပွားခဲ့သည်။ ယင်းနေ့ညနေ ၅ နာရီ ၇ မိနစ်တွင် ရေငုပ်ရှာဖွေမှုအရ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး မော်တော်ယာဉ်အတွင်းပိတ်မိကာ အသက်သေဆုံးနေသည့် ယာဉ်မောင်းဖြစ်သူအား ကုန်းမြေပေါ်သို့ ပြန်လည်သယ်ဆောင်ခဲ့ကြောင်းနှင့် စပယ်ယာဖြစ်သူကိုမူ ကားခေါင်းခန်းမှာ တံတားသံပေါင်ဖြင့် ဖိမိနေသောကြောင့် ဆယ်ထုတ်၍ မရရှိခဲ့ကြောင်း၊ မော်တော်ယာဉ်မှာမှန်များကွဲအက်ခြင်းယာဉ်ခေါင်းပိုင်းထိခိုက်ထားခြင်းများမရှိကြောင်းသိရသည်။

မေလ[ပြင်ဆင်ရန်]

(၁၂)ရက်

  • ရန်ကုန်မြို့တာမွေမြို့နယ်ရွိ တာမွေခုံးကျော်တံတားအနီးတွင် စစ်ပွဲတွေရပ် အမည်ရှိ စစ်ပွဲများရပ်တန့်ရေးအတွက်ဆန္ဒထုတ်ဖော်ပွဲပြုလုပ်နေစဉ် ရဲတပ်ဖွဲ့ဝင်များနှင့်အရပ်ဝတ်စွမ်းအားရှင်တချို့က အင်အားအလုံးအရင်းဖြင့် တားဆီးပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် အတင်းအဓမ္မဖမ်းဆီးဖြိုခွင်းမှုပြုလုပ်ခဲ့သည်။ ဆန္ဒထုတ်ဖော်သူများဘက်က အေးဆေးစွာလူစုခွဲမည်ဖြစ်ကြောင်း ပြောကြားသည့်ကြားမှပင် ယခုကဲ့သို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်အပြီး သတင်းစာရှင်းလင်းပွဲတစ်ခု၌ တာမွေဆန္ဒပြပွဲတွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြသော အရပ်ဝတ်များကို ပြန်လည်တရားစွဲအရေးယူနိုင်ကြောင်း ပြောကြားခဲ့သည်။

ဇွန်လ[ပြင်ဆင်ရန်]

(၁)ရက်

ဇူလိုင်လ[ပြင်ဆင်ရန်]

(၂၉)ရက်

  • ပုဂ္ဂလိကလုပ်ငန်းပိုင် ဘတ်စ်ကားတစ်စီးဝင်တိုက်မှုကြောင့် တက္ကသိုလ်ကျောင်းသား ၂ ဦးသေဆုံးမှုဖြစ်ပွားပြီ​းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒါကာမြို့တွင် ကျောင်းသားဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့သည်။ တရားမျှတမှုရရှိ​ရေးနှင့်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဩဂုတ်လ[ပြင်ဆင်ရန်]

(၁)ရက်

စက်တင်ဘာလ[ပြင်ဆင်ရန်]

(၁)ရက်

အောက်တိုဘာလ[ပြင်ဆင်ရန်]

(၃)ရက်

  • သရုပ်ဆောင် အကယ်ဒမီ နေတိုး ၏ညီဖြစ်သူ သရုပ်ဆောင် မင်းသွေး ရုတ်တရက် ကွယ်လွန်ခဲ့သည်။

(၂၄)ရက်

  • ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ် မြောက်ဥက္ကလာပနေအိမ်၌ ကွယ်လွန်။