၁၉၇၅ ပုဂံငလျင်

ဝီကီပီးဒီးယား မှ
၁၉၇၅ ခုနှစ် ပုဂံငလျင်
၁၉၇၅ ပုဂံငလျင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
၁၉၇၅ ပုဂံငလျင်
UTC အချိန်1975-07-08 12:04:38
ISC ဖြစ်ရပ်725977
USGS-ANSSComCat
ဒေသ ရက်စွဲ၈ ဇူလိုင် ၁၉၇၅ (၁၉၇၅-၀၇-၀၈)
ဒေသ အချိန်18:34:38
အတိုင်းအတာ7.0 Mw (ISC-GEM)
အနက်၁၅၇ km (၉၈ mi)
ငလျင်ဗဟို21°29′N 94°42′E / 21.48°N 94.7°E / 21.48; 94.7ကိုဩဒိနိတ်: 21°29′N 94°42′E / 21.48°N 94.7°E / 21.48; 94.7
စုစုပေါင်းပျက်စီးမှုNinety‐four major temples extensively damaged[၁]
ထိခိုက်သေကြေမှုများ2 dead
15 injured

၁၉၇၅ ခုနှစ် ပုဂံငလျင် သည် မြန်မာနိုင်ငံပုဂံဒေသတွင် ဒေသစံတော်ချိန် ညနေ ၆နာရီ ၃၄ မိနစ်(12:04 UTC) တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ အဓိကအရေးပါသည့် စေတီပုထိုးများစွာ ပျက်စီးခဲ့ရသည်။ အပြင်းဆုံး လှုပ်ခတ်မှုခံခဲ့ရသည့် မြို့များမှာ ညောင်ဦးမြို့ပခုက္ကူမြို့နှင့် ရေစကြိုမြို့နှင့် ဧရာဝတီမြစ်၏ မြစ်ဆုံပေါ်တွင် တည်ရှိသည့် မြိုင်မြို့နယ်တို့ ဖြစ်သည်။ ချောက်မြို့နှင့် နတ်မောက်မြို့တို့တွင်လည်း ပျက်စီးမှုများ ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၎င်းငလျင်သည် ပြင်းအား Mw 7.0 ရှိသည်။

ငလျင်သည် "အာရှ၏ အနုပညာဆိုင်ရာ အမှတ်အသားလည်းဖြစ် အလယ်ပိုင်းရှိ မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှုလည်းဖြစ်သော ပုဂံရှိ စေတီပုထိုးကြီးများစွာကို အစားထိုးမရအောင် ပျက်စီးစေခဲ့သည်။" [၁]မြန်မာနိုင်ငံ၏ ရှေးဟောင်းသုတေသနညွှန်ကြားရေးမှူးချုပ် က သမိုင်းမှတ်တမ်းတွင် လွန်ခဲ့သော နှစ်ကိုးရာခန့်မှ အဆိုးရွားဆုံးငလျင်ဖြစ်ကြောင်း ပြောခဲ့သည်။[၂]

ငလျင်ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းမှာမူ ယခုထက်တိုင် အငြင်ပွားဖွယ် ဖြစ်နေရဆဲပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငလျင်၏ အနက်ကို ၈၄ မှ ၁၅၇ အထိ ဖြစ်နေသောကြောင့် ဖြစ်သည်။ အိန္ဒိယနှင့် မြန်မာတို့၏ မြေမျက်နှာပြင်နှစ်ခုတို့သည် တိုက်မိရာမှ ရွေ့လျားသွားပြီး ဤငလျင်သည် ဖြစ်ခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ An Earthquake in Burma Ravages Ancient Shrines by Henry Kamm, The New York Times, July 24, 1975
  2. U.S. Geological Survey: Earthquake History for July 8th Today in Earthquake History