မာတိကာသို့ ခုန်သွားရန်

ဩဂုတ် ၁၉၈၄

ဝီကီပီးဒီးယား မှ
၁၉၈၄ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ
  • အိန္ဒိယ၌ အသည်းရောင်ရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း ၁,၁၆၀ ဦး သေဆုံး။


  • အနောက်အာဖရိကနိုင်ငံတနိုင်ငံဖြစ်သည့် အထက်ဗော်လ်တာနိုင်ငံ၏အမည်ကို ဘာကီနာဖတ်ဆိုဟု ပြောင်းလဲလိုက်ကြောင်း ကြေညာ။


  • ဘင်္ဂလားဒေ့ရှ်၏ ဘီမန်အမျိုးသားလေကြောင်းကုမ္ပဏီပိုင် ဖော်ကာ အက်ဖ် ၂၇ ခရီးသည်တင်လေယာဉ်တစီးသည် ဒါကာလေဆိပ်အနီး၌ ပျက်ကျရာ ခရီးသည် ၄၅ ဦးနှင့် လေယာဉ်အမှုထမ်း လေးဦး စုစုပေါင်း ၄၉ ဦး သေဆုံးသွားကြောင်း မြို့ပြလေကြောင်းအရာရှိများက ပြောကြား။
  • ဆိုဗီယက်ပြည်ထောင်စုအာကွတ်ရှ်ပြည်နယ်ရှိ ဇီမာနှင့် တူလွန်ဒေသတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာများမှာ ရွာလုံးကျွတ် ရေထဲမျောပါ၊ ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းခြင်းမှာ နှစ်ပေါင်း ၁၀၀၀ အတွင်း တကြိမ်သာ ရှိခဲ့ကြောင်း ဆိုဗီယက်ဇလဗေဒပညာရှင်းများ ပြော။



  • ပါကစ္စတန်တောင်ပိုင်း၌ မုတ်သုံမိုးသည်းထန်စွာ ရွာခြင်းကြောင့် အနည်းဆုံးလူ ၃၅ ဦးသေဆုံး၊ ထောင်ပေါင်းများစွာသောလူတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ဟု တာဝန်ရှိသူများက ပြော။


(၁၀) ရက်

[ပြင်ဆင်ရန်]


(၁၁) ရက်

[ပြင်ဆင်ရန်]


(၁၂) ရက်

[ပြင်ဆင်ရန်]


(၁၃) ရက်

[ပြင်ဆင်ရန်]
  • ဘင်္ဂလားဒေ့ရှ်၌ လွန်ခဲ့သော ရက်သတ္တပတ်အတွင်းက ရေကြီးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၇၁ ဦး သေဆုံး၊ မေလမှစ၍ ရေကြီးခြင်းကြောင့် သေဆုံးသူဦးရေ ၄၇၀ ဦး ရှိပြီ ဖြစ်ကြောင်း၊ သီးနှံစိုက်ခင်း ဧက ၅.၆ သန်း ပျက်စီးသွားကြောင်း ဘီအက်စ်အက်စ် သတင်းဌာနက ကြေညာ။
  • ဂျပန်၌ မီးဘေးကြောင့် သေဆုံးသူဦးရေမှာ ယခုနှစ်ပထမနှစ်ဝက်အတွင်း ၁၃၃၆ ဦး ရှိ၊ လွန်ခဲ့သော ၁၀ နှစ်အတွင်း အဆိုးရွားဆုံးစံချိန်ဖြစ်ဟု မီးလောင်မှု ကာကွယ်ရေး အေဂျင်စီက ဖော်ပြ။

(၁၄) ရက်

[ပြင်ဆင်ရန်]

(၁၅) ရက်

[ပြင်ဆင်ရန်]
  • မလေးရှား၊ အရှေ့ဘက်ဆားဘားပြည်နယ်မှ မိုင် ၅၀ ခန့်အကွာ အင်ဒိုနီးရှားရေပြင်ပိုင်နက်တွင် ကူးတို့သင်္ဘောတစီး တိမ်းမှောက်သွားရာ အင်ဒိုနီးရှား သစ်လုပ်သား ၁၉၄ ဦးခန့် ပျောက်ဆုံးနေဟု မလေးရဲတပ်ဖွဲ့က ပြော။

(၁၆) ရက်

[ပြင်ဆင်ရန်]


(၁၇) ရက်

[ပြင်ဆင်ရန်]
  • အင်ဒိုနီးရှားလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သမ္မတဆူဟာတိုကထုတ်ပြန်လိုက်သော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ အကျဉ်းသား ၃၀၀၀ နီးပါး လွှတ်ပေး၊ ၁၄,၀၀၀ ကို ပြစ်ဒဏ်ကာလလျှော့ချသတ်မှတ်ပေး။

(၁၈) ရက်

[ပြင်ဆင်ရန်]
  • ဘင်္ဂလားဒေ့ရှ်၊ ကူတပ်ဒီလာကျွန်းမှ စစ်တကောင်းမြို့သို့ ခရီးသည် ၂၅၀ ခန့်တင်ဆောင်ခုတ်မောင်းသွားသော ကူးတို့သင်္ဘောတစီးသည် နာပူလီမြစ်ဝတွင် မုန်တိုင်းမိပြီး ရေနံတင်သင်္ဘောတစီးနှင့် တိုက်မိကာ နစ်မြုပ်သွား၍ လူပေါင်း ၁၂၅ ဦးကျော် သေဆုံး။

(၁၉) ရက်

[ပြင်ဆင်ရန်]


(၂၀) ရက်

[ပြင်ဆင်ရန်]


(၂၁) ရက်

[ပြင်ဆင်ရန်]


(၂၂) ရက်

[ပြင်ဆင်ရန်]
  • လွန်ခဲ့သည့် လေးလခွဲအတွင်း အိန္ဒိယ၌ မိုးသည်းမှုကြောင့် ရေလွှမ်းကာ မြေပြိုကျမှုများဖြစ်ပွားပြီး ပြည်နယ် ၁၃ ခုတွင် ၄၂၄ ဦးသေဆုံး၊ ကျွဲနွားကောင်ရေ ၁၉,၀၃၃ ကောင် ဆုံးရှုံးကြောင်း ကြေညာ၊ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၂၃.၇ သန်း ရေဘေးကြုံတွေ့နေရပြီး လယ်မြေဧက ၁၅.၈၆ သန်းရေမြုပ်ကာ အိုးအိမ်ပေါင်း ၄,၆၆,၀၀၀ ပျက်စီးဟု ဆို။

(၂၃) ရက်

[ပြင်ဆင်ရန်]
  • လက်ဘနွန်မြောက်ဘက်၌ ရဟတ်ယာဉ်တစင်း ပျက်ကျရာ လက်ဘနွန်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာဒင်ဟာကင်၊ တပ်မဟာတပ်မှူး ဗိုလ်မှူးချုပ် နာဟရာအယ်ရှာလိုအီနှင့် အခြား အရာရှိများလည်း သေဆုံးသွားဟု ဘေရွတ်ရေဒီယိုက ကြေညာ။

(၂၄) ရက်

[ပြင်ဆင်ရန်]


(၂၅) ရက်

[ပြင်ဆင်ရန်]


(၂၆) ရက်

[ပြင်ဆင်ရန်]
  • ပါကစ္စတန်၊ ပန်ဂျပ်ပြည်နယ်တွင် အမျိုးအမည်မသိသော ရောဂါဆန်းတမျိုး ဖြစ်ပွား၍ တလအတွင်း ၁၈ ဦးသေဆုံး၊ အစ္စလမ္မာဘတ်မြို့ အနောက်ပိုင်း အက်တွခ်ခရိုင်တွင် ၅၇ ဦးမှာ ရောဂါဖြစ်ပွားနေ၊ သက်ဆိုင်ရာအာဏာပိုင်များက ထိုရောဂါကို စူးစမ်းရှာဖွေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ချ်အို)၏ အကူအညီတောင်းခံထားကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြ။

(၂၇) ရက်

[ပြင်ဆင်ရန်]


(၂၈) ရက်

[ပြင်ဆင်ရန်]


(၂၉) ရက်

[ပြင်ဆင်ရန်]
  • ဖိလစ်ပိုင်၌ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ခတ်သည့် မုန်တိုင်းသည် တနာရီလျှင် ၅၉ မိုင်နှုန်းဖြင့် ဖိလစ်ပိုင်မြောက်ပိုင်း၌ တိုက်ခတ်သွားရာ ၁၁ ဦးသေဆုံး၊ ၃၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်။
  • အမေရိကန်မှ ဒေါ်လာသန်း ၂၀၀ တန်သည့် ဘီ ၁ အေ အမျိုးအစား ဗုံးကြဲလေယာဉ်သစ်တစင်းသည် မိုဂျာဗီသဲကန္တာရဒေသ၌ စမ်းသပ်ပျံသန်းစဉ် ပျက်ကျ၊ လေယာဉ်အမှုထမ်းတဦး သေဆုံး။

(၃၀) ရက်

[ပြင်ဆင်ရန်]


(၃၁) ရက်

[ပြင်ဆင်ရန်]


ကိုးကား

[ပြင်ဆင်ရန်]