ဗုံးကြဲလေယာဉ်

ဝီကီပီးဒီးယား မှ

ဗုံးကြဲလေယာဉ်သည် စစ်ဘက်သုံး လေယာဉ်ဖြစ်ပြီး ရန်သူ၏ မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် (အဓိကအားဖြင့် ဗုံးကြဲ တိုက်ခိုက်ရန်အတွက် ) အသုံးပြုကြသည်။

အမျိုးအစားများ[ပြင်ဆင်ရန်]

မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ သည် ရန်သူ၏ ထောက်ပံ့ရေး စခန်းများ ၊ စက်ရုံများ ၊ ဆိပ်ကမ်းများ စသည့် မဟာဗျူဟာ ပစ်မှတ်များကို ခရီးဝေး ပျံသန်း တိုက်ခိုက်ရန်အတွက် ထုတ်လုပ်ပုံစံပြုထားခြင်း ဖြစ်သည်။

နည်းဗျူဟာ ဗုံးကြဲလေယာဉ်များသည် ရန်သူ့ မြေပြင်တပ်ဖွဲ့များကို ခရီးတို တိုက်ခိုက်ရန် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ဤအမျိုးအစားတွင် မဟာဗျူဟာ ဗုံးကြဲ လေယာဉ်များမှအပ ကျန် ဗုံးကြဲလေယာဉ် များ အားလုံး ပါဝင်သည်။

ဗုံးကြဲ တိုက်လေယာဉ်များ သည် ဘက်စုံသုံး တိုက်လေယာဉ်များ ဖြစ်ကြပြီး ဝေဟင် - ဝေဟင် တိုက်ခိုက်ခြင်းနှင့် ဝေဟင် - မြေပြင် တိုက်ခိုက်ခြင်းများ ဆောင်ရွက်နိုင်ကြသည်။ ဗုံးကြဲတိုက်လေယာဉ် အများစုသည် မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ယင်း ဝေဟင် စီးချင်းထိုးခြင်း များကိုပါ ဆောင်ရွက်နိုင်ကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဗုံးကြဲလေယာဉ်များသည် တိုက်လေယာဉ်ပျံများ နှင့် တစ်ချိန်တည်း ပေါ်ပေါက်လာခဲ့သည်။ လေယာဉ်ပေါ်မှ ပထမဆုံး ဗုံးကြဲချခြင်းကို ၁၉၁၁ ခုနှစ်က လစ်ဗျားစစ်ပွဲတွင် ပြုလုပ်ခဲ့သည်။ ပထမဆုံး အင်ဂျင် လေးလုံးတပ် ဗုံးကြဲလေယာဉ်ကို ရုရှတို့က ၁၉၁၄ တွင် တည်ထွင်ခဲ့ပြီး ပထမကမ္ဘာစစ်တွင် အသုံးပြုခဲ့သည်။ ဒုတိယ ကမ္ဘာစစ် တွင် ဗုံးကြဲလေယာဉ်များကို ပိုမို အသုံးပြုလာ၍ စွမ်းပကားလည်း ပိုမို ထက်မြက်လာကြသည်။ ဒုတိယကမ္ဘာစစ်သုံး ဗုံးကြဲလေယာဉ်များထဲတွင်

  • ဦးစောက်ဗုံးကြဲလေယာဉ်များ
  • ဗုံးကြဲလေယာဉ်များ
  • တော်ပီဒိုလေယာဉ်များနှင့်
  • အခြား မြေပြင် တိုက်ခိုက်ရေး လေယာဉ်များ တီထွင် အသုံးပြုလာကြသည်။

ယနေ့ခေတ် ဗုံးကြဲလေယာဉ်များ[ပြင်ဆင်ရန်]

ယနေ့ခေတ် လေတပ်များတွင် စရိတ်စက သက်သာစေရန် ဘက်စုံသုံး တိုက်လေယာဉ်များ အသုံးပြုလာခြင်းကြောင့် ဗုံးကြဲလေယာဉ်များ ၊ ဗုံးကြဲတိုက်လေယာဉ်များ နှင့် တိုက်လေယာဉ်များ အကြား ကွာဟချက်မှာ နည်းပါးလာပြီ ဖြစ်သည်။ တိုက်လေယာဉ်များသည်လည်း ဗုံးများကို သယ်ဆောင် ကြဲချ နိုင်လာကြသည်။ ဥပမာ - F-16 ကဲ့သို့သော တိုက်လေယာဉ်များသည် စီးချင်းထိုး တိုက်ခိုက်ရန် ရည်ရွယ် တည်ဆောက်ထားသော်လည်း ဗုံးကြဲရန်အတွက် အဆင်ပြေစွာ စွမ်းဆောင်နိုင်ကြသည်။

ဓာတ်ပုံများ[ပြင်ဆင်ရန်]