ဥပက္ကိလေသတရား ၁၀-ပါး

ဝီကီပီးဒီးယား မှ

ဥပက္ကိလေသတရား ၁၀-ပါး။ ဝိပဿနာတရား ပွားများအားထုတ်သော ယောဂီသည် ဥဒယ ဝယ ဉာဏ်ရင့်ကျက်ပိုင်းသို့ရောက်သောအခါ ပေါ်တတ် မြင်တတ် စိတ်၌ ထင်မြင်လာ တတ်သော မဂ်တုဖိုလ်တုတရား ဆယ်ပါးဟူ၏။

  • (၁) ဩဘာသ - ထူးကဲလွန်မြတ် ကြည်လင်တောက်ပသော ဝိပသနာအလင်းရောင်၊နှစ်သက်စရာအာရုံတစ်မျိုးကို မဂ်ဟုထင်တတ်ခြင်း။
  • (၂) ဥဏ - ရုပ်နာမ်ဓမ္မ၏ ဖြစ်ပျက်မှုတို့ကို ကျကျနန ကျေကျေနပ်နပ်ပိုင်းခြား၍ထက်မြက်စူးရှကာတွေ့မြင်ရသော ဉာဏ်အမြင်ကို မဂ်ဟုထင်တတ်ခြင်း။
  • (၃) ပီတိ - နှစ်သက်စရာ ပီတိမျိုး ၅-ပါးတို့ပေါ်၍ ပေါ်၍လာခြင်းကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
  • (၄) ပဿဒ္ဓိ - တစ်နေ့လုံး တစ်ညလုံးထိုင်နေသော်လည်း
    • (၁)ကိုယ်စိတ်တို့ငြိမ်းချမ်းအေးမြ၍နေခြင်း၊
    • (၂) လေးလံထိုင်းမှိုင်းခြင်းကင်း၍ ပေါ့ပါးဖျတ်လတ်ကာနေခြင်း၊
    • (၃) ကြမ်းတမ်းခက်ထန်ခြင်းကင်း၍နူးညံ့ကာနေခြင်း၊
    • (၄) ညောင်းညာ နာကျင်မှုကင်း၍ သန့်ရှင်းစင်ကြယ်စွာရှိနေခြင်း၊
    • (၅) ခန့်ညားတည်ကြည်၍နခြေင်း၊
    • (၆) အာရုံတစ်ပါးဆီသို့ ကောက်ကွေ့သွား သည်မရှိ ပကတိဖြောင့်မတ်စွာရှိနေခြင်း၊

တို့ကြောင့် သိကြား နတ်တို့ခံစားရသောသုခထက် ဆထက်လွန်ကျူး အထူးချမ်းသာမှုရှိနခြေင်းကိုပင် မဂ်ဟုထင်တတ်ခြင်း။

  • (၅) သုခ - ကိုယ်လုံးစိမ့်မျှ ချမ်းသာ၍နေသော သုခတစ်မျိုးကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
  • (၆) အဓိမောက္ခ - ကိလေသာကင်းကာ ဘုရား တရား သံဃာ၌အလွန်ကြည်ညိုယုံကြည်၍ လာသော သဒ္ဓါကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
  • (၇) ပဂ္ဂဟ - ဝိပသနာတရား၌ အထူးကြိုးစားမှတ်သားမှုမပြုရတော့ဘဲ သူ့သဘော သူဆောင်ယူကာကောင်းစွာချီးပင့်၍နေသောသမ္မာဝါယမမဂ္ဂင်ကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
  • (၈) ဥပဋ္ဌာန - ဝိပဿနာနှင့်ယှဉ်သည့် အလွန်ခိုင်မတ်သော သတိသညာ ရုပ်နာမ်ဓမ္မ တို့ကမမေ့တော့ဘဲနှလုံးသွင်းဆင်ခြင်အောက်မေ့တိုင်း ရနေမှုကိုပင် မဂ်ဟုထင်ကာနေတတ်ခြင်း။
  • (၉) ဥပေက္ခာ - ရုပ်နာမ်ဓမ္မ သင်္ခါရတို့အပေါ်၌ ရှေ့ကကဲ့သို့ ကြောင့်ကြစိုက်ခြင်းအထောက်အပံ့အကူအညီစသည်တို့မပြုရတော့ဘဲ လျစ်လျူပြုကာ သင်္ခါရအမှတ်တို့၌အလွန်အားရှိသော ဥပေက္ခာ ဉာဏ်ကိုပင် မဂ်ဟုထင်မှတ်ကာနေခြင်း၊။
  • (၁၀) နိကန္တိ - ဝိပသနာတရား ပွားများအားထုတ်နေသော ယောဂီသည် ဖော်ပြပါဩကာသစသော နှစ်သက်တွယ်တာစရာတို့နှင့် ယှဉ်တွဲပေါ်ပေါက်ငလာသော ဝိပသနာဓမ္မ အပေါ်၌အာသာရမ္မက်စပ်ယှက်ခင်မင်၍နေသော သိမ်မွေ့ငြိမ်သက်သည့် တဏှာနုကိုပင် ပယ်ဖျောက်ခြင်းငှာ မတတ်နိုင်ဘဲ မဂ်ဟုအထင်စွဲနေတတ်ပြန်ခြင်းတို့ဖြစ်၏။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း