အေးချမ်းသာရွာ၊ ပုလဲမြို့နယ်

ဝီကီပီးဒီးယား မှ
အေးချမ်းသာ
ရွာ
အေးချမ်းသာရွာ
အေးချမ်းသာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အေးချမ်းသာ
အေးချမ်းသာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°59′27″N 94°31′36″E / 21.9907875101°N 94.5267741514°E / 21.9907875101; 94.5267741514ကိုဩဒိနိတ်: 21°59′27″N 94°31′36″E / 21.9907875101°N 94.5267741514°E / 21.9907875101; 94.5267741514
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ယင်းမာပင်ခရိုင်
မြို့နယ်ပုလဲမြို့နယ်
ကျေးရွာအုပ်စုအေးချမ်းသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

အေးချမ်းသာရွာ (အင်္ဂလိပ်: Ayechanthar)သည် စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင်ပုလဲမြို့နယ်အေးချမ်းသာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၄၂၁၀ ဖြစ်သည်။ [၁]

၂၀၂၁ ဖြစ်စဉ်[ပြင်ဆင်ရန်]

၂၀၂၁ ခု၊ စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းတွင် စစ်တပ်မှ ရွာသို့ဝင်ကာ ပစ်ခတ်သည်။ [၂] အသက် ၁၈ နှစ်အရွယ် ထွန်းမြင့်မှာ ရွာလမ်း၌ပင် ကျည်ထိ၍ မပြေးနိုင် ကျန်သည်တွင် ရိုက်နှက်သတ်ဖြတ်ခံရသည်။ အသက် ၁၃ နှစ်အရွယ် နေထက်ဦးမှာ ဆည်ဘက်သို့ ပြေးရာ ဆက်သွားရန် လမ်းမရှိတော့စဉ် ပစ်သတ်ခံရသည်။ ရွာအား မီးရှို့စဉ် အိမ်တလုံးတွင်ပုန်းနေသော အသက် ၂၆ နှစ်အရွယ် မင်းမင်းပါ မီးထဲပါ၏။ [၃] မြိုင်-ပုလဲ ပတ်ဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ လှုပ်ရှားနေသဖြင့် အနီးအနားရှိ အေးချမ်းသာ၊ ကျောက်ကုန်း၊ ပန်းတော်ပြင်၊ ဌေးအောင်၊ တောင်ရွာသစ် စသည်တို့ကို စစ်တပ်မှ တောခြောက်သည့်အခြေဖြင့် ရွာထဲဝင်၍ ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းတို့ ပြုရာ ရွာသားတို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

ကိုးကား[ပြင်ဆင်ရန်]