အောင်သူ (နိုင်ငံရေးသမား)
ဦးအောင်သူ | |
---|---|
တိုင်းဒေသကြီး လွှတ်တော်အမတ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၈ ဖေဖော်ဝါရီ ၂၀၁၆ | |
မဲဆန္ဒနယ် | ဝမ်းတွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | တဲစုရွာ၊ ဝမ်းတွင်းမြို့နယ် | ၉ ဇွန်၊ ၁၉၆၆
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော်(များ) | ဒေါ်ဝင်းမြင့်ကြည် |
သားသမီး | ဖြိုးမြင့်အောင်သူ |
မိဘ | ဦးထွန်းကြိုင် ဒေါ်လှညွန့် |
ပညာရေး | B.Econ (Economics) |
မိခင်ကျောင်း | ရန်ကုန် စီးပွားရေး တက္ကသိုလ် |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ၊ ဗုဒ္ဓဘာသာ |
ဦးအောင်သူသည် မြန်မာ့နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ [၁] သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးလည်းဖြစ်သည်။
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]ဦးအောင်သူကို ၁၉၆၆၊ ဇွန်လ ၉ ရက် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တဲစုရွာတွင် မွေးဖွားခဲ့သည်။
ပညာရေး
[ပြင်ဆင်ရန်]အခြေခံပညာကို ဝမ်းတွင်းမြို့နယ်၊ တဲစုရွာ မူလတန်းကျောင်း၊ ပင်းတလဲ အလယ်တန်းကျောင်း၊ အ.ထ.က (၁) မိတ္ထီလာမြို့တို့တွင် သင်ယူခဲ့ပြီး အခြေခံပညာအထက်တန်းစာမေးပွဲကို သင်္ချာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။(၁၉၈၃-၈၄)မှ(၁၉၈၆-၈၇) ပညာသင်နှစ်များတွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး စီးပွားရေးပညာဘွဲ့ B.Econ (Economics) ကို ရရှိခဲ့သည်။
နိုင်ငံရေး
[ပြင်ဆင်ရန်]ဦးအောင်သူသည် (၁၉၈၈) ဒီမိုကရေစီလူထုအရေးတော်ပုံတွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး (၁၉၈၈) စက်တင်ဘာ ၂၇ ရက်တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။ ဝမ်းတွင်းမြို့နယ်စည်းရုံးရေးကော်မတီ ၂၁ ဦးအဖွဲ့ဝင် (၁၉၉၀) ပြည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဒေါက်တာလှအောင်(B.A, D,IR, D,RI,Ph.D) အမှတ်(၂)မဲဆန္ဒနယ်မြေ ဝမ်းတွင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအောင်နိုင်ရေးအတွက် အဖွဲ့ချုပ်လူငယ်တစ်ဦးအနေဖြင့် ကြိုးစားဆောင်ရွက်ခဲ့သည်။ ပါတီတာဝန်မှာမန္တလေးတိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တိုင်းတောင်သူလယ်သမားရေးရာကော်မတီဝင်ဖြစ်သည်။ [၂] ယခုလက်ရှိတွင် ဝမ်းတွင်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ [၃]
လူမှုရေးဆောင်ရွက်ချက်
[ပြင်ဆင်ရန်](၂၀၁၃-၂၀၁၅)ဩဂုတ်အထိ(၈/၉/၁၀)တန်းအင်္ဂလိပ်စာဘာသာရပ်သင် အလွတ်သင်စေတနာကျောင်းဆရာအဖြစ် ပညာသင်ကြားပေးခဲ့သည်။